Spots news

စပါးကို ပြောင်းရွေ့ရဖို့ ရှိနေတဲ့ ဝုဗ်တောင်ပံကစားသမား လူသန်ကြီး ထရာအိုရေး

Unicode Version

စပါးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဝုဗ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ထရာအိုရေးကိုခေါ်ယူသွားဖို့အတွက် လိဒ်စ်ယူနိုက်တက်အသင်းနဲ့အပြိုင် ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရပါတယ်။

စပါးအသင်းဟာ ဒီနွေစျေးကွက်အတွင်းမှာ အသင်းရဲ့ ဟာရီကိန်းကို လက်လွတ်ရဖွယ် ရှိနေပြီး တောင်ပံကစားသမား အဲရစ်လာမယ်လာကို ဆီဗီလာအသင်းဆီ ပို့ဆောင်ထားကာ ဘာ့ဂျ်ဝိုင်းမှာလည်း အသင်းနဲ့ သိပ်အံ့မဝင်တာကြောင့် အဒါမာထရာအိုရေးလို လျင်မြန်ပြီး တောင်ပံကစားသမားမျိုးကို ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

ထို့အပြင် လက်ရှိစပါးအသင်းကို တာဝန်ယူ ကိုင်တွယ်လျက်ရှိနေတဲ့ နည်းပြနူနိုဆန်တိုကလည်း ဝုဗ်အသင်းကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်လို့ သူရဲ့ကစားသမားဟောင်း ထရာအိုရေးကို လက်ရှိသူနည်းပြနေတဲ့ စပါးအသင်းဆီ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

ထရာအိုရေးဟာ ဝုလ်ဗ်အသင်းမှာ နည်းပြနူနိုဆန်တိုနဲ့ ၃ နှစ်နီးပါးလောက် လက်တွဲခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ ဝုဗ်အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်နီးပါး ကျန်ရှိလို့နေ‌ သေးပေမယ့် ထရာအိုရေးဟာ ဒီနှစ်နွေစျေးကွက် အပြောင်းအရွေ့ကာလ အတွင်းမှာ အတွေ့အကြုံသစ် ရှာဖွေဖို့ အသင်းပြောင်းရွေ့ချင်နေပါတယ်။

ထရာအိုရေးကို စပါးအသင်းအပြင် ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ လီဗာပူး၊ ချယ်လ်ဆီးနဲ့ လိဒ်စ်ယူနိုက်တက် အသင်းတွေအပြင် ပြည်ပက ကလပ်အသင်းတချို့ကပါ ခေါ်ယူလိုနေပြီး ဝုဗ်အသင်းဘက်ကတော့ ပေါင် ၄၅ သန်းဝန်းကျင်လောက်နဲ့ ကမ်းလှမ်းလာမှသာ ထရာအိုရေးကို ရောင်းချသွားဖွယ် ရှိနေပါတယ်။

စပါးအသင်းဟာ လိုအပ်နေတဲ့ ဗဟိုခံစစ်နေရာအတွက် အတ္တလန်တာအသင်းရဲ့ အာဂျင်တီးနား နောက်ခံလူ ခရစ္စတီယန်ရိုမဲရိုးကိုလဲ အသည်းအသန် အလိုရှိနေတာ ဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီရယူထားပြီး ပြောင်းရွေ့ကြေးအတွက် ဆွေးနွေးလျက် ရှိနေပါတယ်။

Zawgyi Version

စပါးအသင္းဟာ ပရီးမီးယားလိဂ္ရဲ႕ ၾကယ္ပြင့္ကစားသမားတစ္ေယာက္ျဖစ္တဲ့ ဝုဗ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ထရာအိုေရးကိုေခၚယူသြားဖို႔အတြက္ လိဒ္စ္ယူနိုက္တက္အသင္းနဲ႕အၿပိဳင္ ပစ္မွတ္ထားလ်က္ ရွိေနတယ္လို႔ သိရပါတယ္။

စပါးအသင္းဟာ ဒီေႏြေစ်းကြက္အတြင္းမွာ အသင္းရဲ႕ ဟာရီကိန္းကို လက္လြတ္ရဖြယ္ ရွိေနၿပီး ေတာင္ပံကစားသမား အဲရစ္လာမယ္လာကို ဆီဗီလာအသင္းဆီ ပို႔ေဆာင္ထားကာ ဘာ့ဂ်္ဝိုင္းမွာလည္း အသင္းနဲ႕ သိပ္အံ့မဝင္တာေၾကာင့္ အဒါမာထရာအိုေရးလို လ်င္ျမန္ၿပီး ေတာင္ပံကစားသမားမ်ိဳးကို ေခၚယူလိုေနတာ ျဖစ္ပါတယ္။

ထို႔အျပင္ လက္ရွိစပါးအသင္းကို တာဝန္ယူ ကိုင္တြယ္လ်က္ရွိေနတဲ့ နည္းျပႏူနိုဆန္တိုကလည္း ဝုဗ္အသင္းကို ကိုင္တြယ္ခဲ့ဖူးသူျဖစ္လို႔ သူရဲ႕ကစားသမားေဟာင္း ထရာအိုေရးကို လက္ရွိသူနည္းျပေနတဲ့ စပါးအသင္းဆီ ေခၚယူခ်င္ေနတာ ျဖစ္ပါတယ္။

ထရာအိုေရးဟာ ဝုလ္ဗ္အသင္းမွာ နည္းျပႏူနိုဆန္တိုနဲ႕ ၃ ႏွစ္နီးပါးေလာက္ လက္တြဲခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ဝုဗ္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၂ ႏွစ္နီးပါး က်န္ရွိလို႔ေန‌ ေသးေပမယ့္ ထရာအိုေရးဟာ ဒီႏွစ္ေႏြေစ်းကြက္ အေျပာင္းအေ႐ြ႕ကာလ အတြင္းမွာ အေတြ႕အႀကဳံသစ္ ရွာေဖြဖို႔ အသင္းေျပာင္းေ႐ြ႕ခ်င္ေနပါတယ္။

ထရာအိုေရးကို စပါးအသင္းအျပင္ ပရီးမီးယားလိဂ္ အသင္းေတြျဖစ္တဲ့ လီဗာပူး၊ ခ်ယ္လ္ဆီးနဲ႕ လိဒ္စ္ယူနိုက္တက္ အသင္းေတြအျပင္ ျပည္ပက ကလပ္အသင္းတခ်ိဳ႕ကပါ ေခၚယူလိုေနၿပီး ဝုဗ္အသင္းဘက္ကေတာ့ ေပါင္ ၄၅ သန္းဝန္းက်င္ေလာက္နဲ႕ ကမ္းလွမ္းလာမွသာ ထရာအိုေရးကို ေရာင္းခ်သြားဖြယ္ ရွိေနပါတယ္။

စပါးအသင္းဟာ လိုအပ္ေနတဲ့ ဗဟိုခံစစ္ေနရာအတြက္ အတၱလန္တာအသင္းရဲ႕ အာဂ်င္တီးနား ေနာက္ခံလူ ခရစၥတီယန္ရိုမဲရိုးကိုလဲ အသည္းအသန္ အလိုရွိေနတာ ျဖစ္ၿပီး ကစားသမားနဲ႕ ပုဂၢိဳလ္ေရး သေဘာတူညီရယူထားၿပီး ေျပာင္းေ႐ြ႕ေၾကးအတြက္ ေဆြးေႏြးလ်က္ ရွိေနပါတယ္။