Spots news

မန်ချက်စတာကို ရောက်ရှိဖို့ အခြေအနေကောင်းနေပြီဖြစ်တဲ့ စပိန်ကွင်းလယ်လူ ဆာအူလ်

Unicode Version

ယခုနွေရာသီ အပြောင်းအရွေ့ကာလမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ဆာအူလ်ကို ခေါ်ယူဖို့  အခြေအနေကောင်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။

ဆာအူလ်ဟာ လက်ရှိအသင်းဖြစ်တဲ့ လာလီဂါချန်ပီယံကလပ် အက်သလပ်တီကိုက ထွက်ခွာလိုနေပြီး သူ့ကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က စိတ်ဝင်စားနေတယ်လို့ Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဆာဆူလ်ရဲ့ အေးဂျင့်ဖြစ်သူဟာ အပြောင်းအရွေ့ကိစ္စကို ဆွေးနွေးဖို့အတွက် အင်္ဂလန်ကို ရောက်ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် ပေါ့ဘာရဲ့ အနာဂတ် မတည်ငြိမ်လို့ ကွင်းလယ်ကစားသမားသစ် ခေါ်ယူလိုနေတဲ့ ယူနိုက်တက်က ဆာအူလ်ကိုခေါ်ယူဖို့ ပိုမို အခြေအနေကောင်း နေပါတယ်။

အသက် ၂၆ နှစ်အရွယ် စပိန်ကွင်းလယ်လူ ဆာအူလ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက လာလီဂါချန်ပီယံ အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲအထိ ကစားပေးခဲ့ပါတယ်။

ဆာအူလ်ကို ခေါ်ယူလိုနေတဲ့ အသင်းတွေအနေနဲ့‌ ပြောင်းရွေ့ကြေး ပေါင် ၃၅ သန်းကနေ ပေါင်သန်း ၄၀ လောက်အထိ အသုံးပြုသွားရနိုင်ချေ ရှိပါတယ်။ ယူနိုက်တက်ဟာ လာမယ့်နှစ် နွေရာသီမှာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ The Sun က ဆိုပါတယ်။

Zawgyi Version




