Spots news

မက်ဆီ‌ကြောင့် ဘော်လွန်းဒီအော် အများဆုံးရရှိတဲ့နိုင်ငံ တစ်နိုင်ငံ ဖြစ်လာတဲ့ အာဂျင်တီးနား

Unicode Version

ဘောလုံးလောကရဲ့ ဂြိုလ်သားတစ်ယောက် အဖြစ် တင်စားခြင်းခံရတဲ့ တိုက်စစ်မှူး မက်ဆီရဲ့စွမ်းဆောင်ရည်တွေကြောင့် အာဂျင်တီးနားနိုင်ငံဟာ သမိုင်းတစ်လျှောက် ဘော်လွန်းဒီအော်ဆု အများဆုံးရတဲ့နိုင်ငံ တစ်ခုအဖြစ် မှတ်တမ်းဝင်လာပါတယ်။

အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘာစီလိုနာနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အဓိက ကစားသမား အသင်းခေါင်းဆောင် မက်ဆီဟာ ဘော်လွန်းဒီအော်ဆုကို ၆ ကြိမ်အထိ ရရှိခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာလဲ အာဂျင်တီးနားအသင်းနဲ့ ပူပူနွေးနွေး ကိုပါ အမေရိကဖလားကို ရယူထားတာပါ။

တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ၂၀၀၉ ကနေစပြီး ၄ ကြိမ်ဆက်တိုက် အကောင်းဆုံးဆု ဘော်လွန်းဒီအော်ဆုကို ဆက်တိုက် ရရှိခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ပြိုင်ဘက် ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့စံချိန်ကိုမကျော်ဖြတ်ခင် ၂၀၁၅တုန်းက ၅ ကြိမ်မြောက် ဘော်လွန်းဒီအော်ဆု ရယူခဲ့ပါတယ်။

FootRoom သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဂျင်တီးနားနိုင်ငံဟာ ပြင်သစ်နိုင်ငံနဲ့အတူ သမိုင်းတစ်လျှောက် ၆ ကြိမ်မြောက် ဘော်လွန်းဒီအော်ဆု အများဆုံး ရရှိတဲ့နိုင်ငံ စာရင်းဝင် ဖြစ်လာခဲ့ပါတယ်။ ဂျာမနီ ၊ ပေါ်တူဂီ နဲ့ နယ်သာလန်တို့ကတော့ ဘော်လွန်းဒီအော်ဆု ၇  ကြိမ်အထိ ရရှိတဲ့နိုင်ငံတွေအဖြစ် ရပ်တည်နေပါတယ်။

ရော်နယ်ဒိုကတော့ ပေါ်တူဂီနိုင်ငံမှာ ဘော်လွန်းဒီအော်ဆု ၅ ကြိမ်နဲ့ ဦးဆောင်နေပြီး ဖီဂို နဲ့ အူဆီဘိုတို့က ၂ ကြိမ်အထိ ရယူထားပါတယ်။ နယ်သာလန်မှာတော့ ဂျိုဟန်ခရိုက်ဖ် ၊ ဗန်ဘက်စတန် ၊ ဂူလစ်တို့က  ရယူခဲ့ပါတယ်။ ဂျာမနီမှာတော့ ဘက်ကင်ဘောင်ဝါ ၊ ရူမင်နစ်ဂီ ၊ မူလာ ၊ လိုသာမားသီးယက်စ် နဲ့ ဆမ်မာတို့က စွမ်းဆောင်ပေးထား တာပါ။

လက်ရှိ ယူရို ချန်ပီယံ အီတလီကတော့ ဘော်လွန်းဒီအော်ဆု ၅ ကြိမ်အထိ ရရှိခဲ့ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလားကို ရရှိခဲ့တာကြောင့် ဘော်လွန်းဒီအော်ဆုရရှိဖို့ ထပ်မံရေပန်းစားနေပြီး မက်ဆီဟာ ၇ ကြိမ်မြောက် ဘော်လွန်းဒီအော်ဆုရရှိဖို့ ဦးဆောင်နေပါတယ်။

Zawgyi Version

ေဘာလုံးေလာကရဲ႕ ၿဂိဳလ္သားတစ္ေယာက္ အျဖစ္ တင္စားျခင္းခံရတဲ့ တိုက္စစ္မႉး မက္ဆီရဲ႕စြမ္းေဆာင္ရည္ေတြေၾကာင့္ အာဂ်င္တီးနားနိုင္ငံဟာ သမိုင္းတစ္ေလွ်ာက္ ေဘာ္လြန္းဒီေအာ္ဆု အမ်ားဆုံးရတဲ့နိုင္ငံ တစ္ခုအျဖစ္ မွတ္တမ္းဝင္လာပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ ဘာစီလိုနာနဲ႕ အာဂ်င္တီးနားအသင္းတို႔ရဲ႕ အဓိက ကစားသမား အသင္းေခါင္းေဆာင္ မက္ဆီဟာ ေဘာ္လြန္းဒီေအာ္ဆုကို ၆ ႀကိမ္အထိ ရရွိခဲ့ၿပီးျဖစ္ပါတယ္။ လက္ရွိမွာလဲ အာဂ်င္တီးနားအသင္းနဲ႕ ပူပူေႏြးေႏြး ကိုပါ အေမရိကဖလားကို ရယူထားတာပါ။

တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ ၂၀၀၉ ကေနစၿပီး ၄ ႀကိမ္ဆက္တိုက္ အေကာင္းဆုံးဆု ေဘာ္လြန္းဒီေအာ္ဆုကို ဆက္တိုက္ ရရွိခဲ့တာျဖစ္ပါတယ္။ မက္ဆီဟာ ၿပိဳင္ဘက္ ေပၚတူဂီ တိုက္စစ္မႉး ေရာ္နယ္ဒိုရဲ႕စံခ်ိန္ကိုမေက်ာ္ျဖတ္ခင္ ၂၀၁၅တုန္းက ၅ ႀကိမ္ေျမာက္ ေဘာ္လြန္းဒီေအာ္ဆု ရယူခဲ့ပါတယ္။

FootRoom သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အာဂ်င္တီးနားနိုင္ငံဟာ ျပင္သစ္နိုင္ငံနဲ႕အတူ သမိုင္းတစ္ေလွ်ာက္ ၆ ႀကိမ္ေျမာက္ ေဘာ္လြန္းဒီေအာ္ဆု အမ်ားဆုံး ရရွိတဲ့နိုင္ငံ စာရင္းဝင္ ျဖစ္လာခဲ့ပါတယ္။ ဂ်ာမနီ ၊ ေပၚတူဂီ နဲ႕ နယ္သာလန္တို႔ကေတာ့ ေဘာ္လြန္းဒီေအာ္ဆု ၇  ႀကိမ္အထိ ရရွိတဲ့နိုင္ငံေတြအျဖစ္ ရပ္တည္ေနပါတယ္။

ေရာ္နယ္ဒိုကေတာ့ ေပၚတူဂီနိုင္ငံမွာ ေဘာ္လြန္းဒီေအာ္ဆု ၅ ႀကိမ္နဲ႕ ဦးေဆာင္ေနၿပီး ဖီဂို နဲ႕ အူဆီဘိုတို႔က ၂ ႀကိမ္အထိ ရယူထားပါတယ္။ နယ္သာလန္မွာေတာ့ ဂ်ိဳဟန္ခရိုက္ဖ္ ၊ ဗန္ဘက္စတန္ ၊ ဂူလစ္တို႔က  ရယူခဲ့ပါတယ္။ ဂ်ာမနီမွာေတာ့ ဘက္ကင္ေဘာင္ဝါ ၊ ႐ူမင္နစ္ဂီ ၊ မူလာ ၊ လိုသာမားသီးယက္စ္ နဲ႕ ဆမ္မာတို႔က စြမ္းေဆာင္ေပးထား တာပါ။

လက္ရွိ ယူရို ခ်န္ပီယံ အီတလီကေတာ့ ေဘာ္လြန္းဒီေအာ္ဆု ၅ ႀကိမ္အထိ ရရွိခဲ့ပါတယ္။ မက္ဆီဟာ အာဂ်င္တီးနားအသင္းနဲ႕အတူ ကိုပါအေမရိကဖလားကို ရရွိခဲ့တာေၾကာင့္ ေဘာ္လြန္းဒီေအာ္ဆုရရွိဖို႔ ထပ္မံေရပန္းစားေနၿပီး မက္ဆီဟာ ၇ ႀကိမ္ေျမာက္ ေဘာ္လြန္းဒီေအာ္ဆုရရွိဖို႔ ဦးေဆာင္ေနပါတယ္။