Spots news

အဲ‌ဗာတန်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်

Unicode Version

အဲဗာတန်အသင်းရဲ့ ကိုလံဘီယာလက်ရွေကွင်းလယ် တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အဲဗာတန်အသင်းမှထွက်ခွာဖွယ်ရှိကြောင်း ပရိသတ်များကို အရိပ်အမြွက် အသိပေးပြောကြားလိုက်ပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အဲဗာတန်အသင်းမှ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီက အဲ‌ဗာတန် အသင်းမှ ထွက်ခွာသွားပြီး ရီးရဲလ်မက်ဒရစ်ကို နည်းပြအဖြစ် တာဝန်ယူပြီးနောက် အသင်းမှထွက်မည်ဟု သတင်းများ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။

ပရိသတ်များအား တိုက်ရိုက်ပြောကြားခဲ့သည့် Live Twitch Stream မှာ ဂျိမ်းစ်က ” ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော် မသိသေးပါဘူး။ ကျွန်တော် ဘယ်မှာကစားမလဲဆိုတာလည်း မပြောတတ်သေးပါဘူး။ ကျွန်တော် ဆန္ဒဘယ်လိုရှိသည်ဖြစ်စေ ဒါဟာ ရှုပ်ထွေးပါတယ်”ဟု ပြောကြားခဲ့ပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီ အပြောင်းအရွေ့ကမှ ရီးရဲလ်မက်ဒရစ် အသင်းမှ အဲဗာတန်အသင်းသို့ (၂)နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာပြီး စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိပါသေးတယ်။

လက်ရှိအချိန်မှာ ဂျိမ်းစ်က အသင်းနှင့်စာချုပ်ဖျက်သိမ်းပြီး အလွတ်ထွက်ခွာခွင့်ရရှိရန် မျှော်လင့်နေကြောင်း သိရပါတယ်။ ဂျိမ်းစ်ဟာ အဲဗာတန်အသင်းမှာ တစ်ပတ်လစာ ပေါင် ၂ သိန်းဝန်းကျင်ရရှိနေပြီး သူ့ကိုခေါ်ယူဖို့ ဆီဗီလာ၊ အေစီမီလန်အသင်းများက စိတ်ဝင်စားနေပါတယ်။

Zawgyi Version

အဲဗာတန္အသင္းရဲ႕ ကိုလံဘီယာလက္ေ႐ြကြင္းလယ္ တိုက္စစ္ကစားသမား ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ဟာ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း အဲဗာတန္အသင္းမွထြက္ခြာဖြယ္ရွိေၾကာင္း ပရိသတ္မ်ားကို အရိပ္အႁမြက္ အသိေပးေျပာၾကားလိုက္ပါတယ္။

ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ဟာ အဲဗာတန္အသင္းမွ အီတလီလူမ်ိဳးနည္းျပ အန္ဆယ္ေလာ့တီက အဲ‌ဗာတန္ အသင္းမွ ထြက္ခြာသြားၿပီး ရီးရဲလ္မက္ဒရစ္ကို နည္းျပအျဖစ္ တာဝန္ယူၿပီးေနာက္ အသင္းမွထြက္မည္ဟု သတင္းမ်ား ထြက္ေပၚေနသူ ျဖစ္ပါတယ္။

ပရိသတ္မ်ားအား တိုက္ရိုက္ေျပာၾကားခဲ့သည့္ Live Twitch Stream မွာ ဂ်ိမ္းစ္က ” ဘာေတြျဖစ္လာမလဲဆိုတာ ကြၽန္ေတာ္ မသိေသးပါဘူး။ ကြၽန္ေတာ္ ဘယ္မွာကစားမလဲဆိုတာလည္း မေျပာတတ္ေသးပါဘူး။ ကြၽန္ေတာ္ ဆႏၵဘယ္လိုရွိသည္ျဖစ္ေစ ဒါဟာ ရႈပ္ေထြးပါတယ္”ဟု ေျပာၾကားခဲ့ပါတယ္။

အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီ ျဖစ္တဲ့ ရိုဒရီဂြက္ဇ္ဟာ ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီ အေျပာင္းအေ႐ြ႕ကမွ ရီးရဲလ္မက္ဒရစ္ အသင္းမွ အဲဗာတန္အသင္းသို႔ (၂)ႏွစ္စာခ်ဳပ္ျဖင့္ ေျပာင္းေ႐ႊ႕လာၿပီး စာခ်ဳပ္သက္တမ္း တစ္ႏွစ္က်န္ရွိပါေသးတယ္။

လက္ရွိအခ်ိန္မွာ ဂ်ိမ္းစ္က အသင္းႏွင့္စာခ်ဳပ္ဖ်က္သိမ္းၿပီး အလြတ္ထြက္ခြာခြင့္ရရွိရန္ ေမွ်ာ္လင့္ေနေၾကာင္း သိရပါတယ္။ ဂ်ိမ္းစ္ဟာ အဲဗာတန္အသင္းမွာ တစ္ပတ္လစာ ေပါင္(၂)သိန္းဝန္းက်င္ရရွိေနၿပီး သူ႕ကိုေခၚယူဖို႔ ဆီဗီလာ၊ ေအစီမီလန္အသင္းမ်ားက စိတ္ဝင္စားေနပါတယ္။