Spots news

တစ်သက်မှာ တစ်သင်းပဲရှိတာမလို့ ယူနိုက်တက်ကိုပြိုင်ဘက်အဖြစ် ရင်မဆိုင်ချင်တဲ့ လင်ဂတ်

Unicode Version

ယူနိုက်တက်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားခေါ်ယူမှုတွေပြုလုပ်ထားပြီးနောက်မှာတော့ အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင်ကစားရောင်းချပြီး ငွေပြန်ရှာမယ့် ကိစ္စကိုလည်း ဦးစားပေးလုပ်ဆောင်နေပါတယ်။

ယူနိုက်တက်ရဲ့ ဒီရာသီ ရောင်းထုတ်မယ့် စာရင်းမှာ လင်ဂတ်ဟာလည်းပါဝင်လာနိုင်ချေရှိပြီး စျေးကောင်းရပါက ယူနိုက်တက်ဘက် ရောင်းထုတ်ဖို့ စဉ်းစားသွားမှာဖြစ်ပါတယ်။

လင်ဂတ်ဟာ ယူနိုက်တက်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတာကြောင့် ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယ ရာသီဝက်မှာ ဝက်စ်ဟမ်းအသင်းထံ အငှားထွက်ကစားခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းမှာကောင်းမွန်တဲ့ခြေစွမ်းပြသနိုင်ခဲ့မှုကြောင့် အဆိုပါအသင်းဟာ လင်ဂတ်ကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အသက် (၂၈) နှစ်အရွယ် ယူနိုက်တက် အကယ်ဒမီထွက်ငယ်မွေးခြံပေါက် ကစားသမား လင်ဂတ်ကတော့ သူ့ရဲ့ မိခင်ကလပ်ယူနိုက်တက်အသင်းကို ပြိုင်ဘက်အနေနဲ့ ပြန်လည် ရင်ဆိုင်ဖို့ ဆန္ဒရှိပုံ မပေါ်ပါဘူး။

လင်ဂတ်အနေနဲ့ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ရရင်တောင်ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိဘဲ ပရီးမီးယားလိဂ် မဟုတ်တဲ့ အခြားပြည်ပလိဂ် တစ်ခုခုမှသာ သွားရောက် ကစားဖို့ စိတ်ကူးထားတယ်လို့သိရပါတယ်

လာမယ့် နှစ် ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် လင်ဂတ်အတွက်ယူနိုက်တက်ဟာ ပေါင် သန်း (၄၀) ခန့် အလိုရှိနေတယ်လို့လည်းသိရပါတယ်။

Zawgyi Version

ယူနိုက္တက္ဟာ အသင္းအတြက္ အေရးပါတဲ့ ကစားသမားေခၚယူမႈေတြျပဳလုပ္ထားၿပီးေနာက္မွာေတာ့ အေျပာင္းအေ႐ႊ႕ ေဈးကြက္ မပိတ္ခင္ကစားေရာင္းခ်ၿပီး ေငြျပန္ရွာမယ့္ ကိစၥကိုလည္း ဦးစားေပးလုပ္ေဆာင္ေနပါတယ္။

ယူနိုက္တက္ရဲ႕ ဒီရာသီ ေရာင္းထုတ္မယ့္ စာရင္းမွာ လင္ဂတ္ဟာလည္းပါဝင္လာနိုင္ေခ်ရွိၿပီး ေစ်းေကာင္းရပါက ယူနိုက္တက္ဘက္ ေရာင္းထုတ္ဖို႔ စဥ္းစားသြားမွာျဖစ္ပါတယ္။

လင္ဂတ္ဟာ ယူနိုက္တက္မွာ ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနတာေၾကာင့္ ၿပီးခဲ့တဲ့ရာသီရဲ႕ ဒုတိယ ရာသီဝက္မွာ ဝက္စ္ဟမ္းအသင္းထံ အငွားထြက္ကစားခဲ့တာပါ။

ဝက္စ္ဟမ္းအသင္းမွာေကာင္းမြန္တဲ့ေျခစြမ္းျပသနိုင္ခဲ့မႈေၾကာင့္ အဆိုပါအသင္းဟာ လင္ဂတ္ကို အၿပီးသတ္ေခၚယူဖို႔ ဆႏၵရွိေနတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ အသက္ (၂၈) ႏွစ္အ႐ြယ္ ယူနိုက္တက္ အကယ္ဒမီထြက္ငယ္ေမြးၿခံေပါက္ ကစားသမား လင္ဂတ္ကေတာ့ သူ႕ရဲ႕ မိခင္ကလပ္ယူနိုက္တက္အသင္းကို ၿပိဳင္ဘက္အေနနဲ႕ ျပန္လည္ ရင္ဆိုင္ဖို႔ ဆႏၵရွိပုံ မေပၚပါဘူး။

လင္ဂတ္အေနနဲ႕ ယူနိုက္တက္အသင္းကေန ထြက္ခြာခဲ့ရရင္ေတာင္ဝက္စ္ဟမ္းအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ဆႏၵမရွိဘဲ ပရီးမီးယားလိဂ္ မဟုတ္တဲ့ အျခားျပည္ပလိဂ္ တစ္ခုခုမွသာ သြားေရာက္ ကစားဖို႔ စိတ္ကူးထားတယ္လို႔သိရပါတယ္

လာမယ့္ ႏွစ္ ဇြန္လမွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမယ့္ လင္ဂတ္အတြက္ယူနိုက္တက္ဟာ ေပါင္ သန္း (၄၀) ခန႔္ အလိုရွိေနတယ္လို႔လည္းသိရပါတယ္။