Spots news

ယူနိုက်တက်နောက်ခံလူ လင်ဒီလော့ဖ်ကိုလိုချင်တဲ့ ဘာစီလိုနာရဲ့ အဖိုးတန် ကမ်းလှမ်းမှု

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အံ့အားသင့်ဖွယ် အပြောင်းအရွေ့ တစ်ခုကို ပြုလုပ် လာဖွယ် ရှိနေပြီး ဒါကတော့ စပိန်လာလီဂါ ထိပ်သီးကလပ် တစ်သင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ ကမ်းလှမ်းမှု ပဲဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ဗဟိုခံစစ်မှုး လင်ဒီလော့ဒ်ကို ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ယခုနွေရာသီ အပြောင်းအရွေ့မှာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ စာရင်းဝင် ရာဖေးလ် ဗာရန်းကို ခေါ်ယူခဲ့ပြီး   ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဗာရန်းကို ရီးရဲလ်မက်ဒရစ် အသင်းကနေ ပြောင်းရွေ့ကြေး ပေါင် ၄၃ သန်း နဲ့ ခေါ်ယူခဲ့ပြီးနောက် မှာတော့ အသင်းမှာ ရှိနေခဲ့တဲ့ ခံစစ်မှုး လင်ဒီလော့ဒ်အတွက် ပုံမှန်ပွဲထွက်ခွင့် တိုက်ပွဲရှိလာပြီ ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ အစီအစဉ်ကတော့ အသင်းရဲ့ ဗဟိုခံစစ်အတွဲကို အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ ကစားသမားသစ် ဗာရန်း တို့ကို တွဲဖက် ကစားစေမှာ ဖြစ်ပါတယ်။

ပြင်သစ် နောက်ခံကစားသမားသစ် ဗာရန်း ရောက်လာပြီးနောက် ပွဲထွက်ခွင့် မရှိတော့သလောက် ဖြစ်သွားနိုင်တဲ့ ခံစစ်မှုး လင်ဒီလော့ဖ်ကို နောက်ခံလူ ခေါ်ယူဖို့ လိုအပ်နေတဲ့ လာလီဂါ ထိပ်သီး ဘာစီလိုနာအသင်းက စိတ်ဝင်စား နေခြင်းဖြစ်ပါတယ်

ဘာစီလိုနာ အသင်းဟာ ကမ်းလှမ်းမှုပြုလုပ်ကြောင်း သတင်းထွက်ပေါ်နေပြီး လင်ဒီလော့ဖ်အတွက် ဘာစီလိုနာဘက်က သူတို့ရဲ့ တိုက်စစ်မှုး ဂရဇ်စ်မန်းကို အလိုက်ပေးမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ကစားသမားချင်း အလဲအထပ် ပုံစံမျိုး မဟုတ်ပဲ ဂရဇ်စ်မန်း အတွက် ယူနိုက်တက်ဘက်က လင်ဒီလော့ဖ် နဲ့ ငွေသားအချို့ ပေးရမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ လင်ဒီလော့ဖ်က ယူနိုက်တက်နဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသေးပြီး၊ လုပ်ခ လစာကလည်း တစ်နှစ်ကို ပေါင် ၆.၂ သန်း ရနေတာပါ။ လင်ဒီလော့ဖ် အနေနဲ့ ယူနိုက်တက်မှာ အချိန်အများကြီး ရနေသေးသလို၊ လုပ်ခလစာ ကလည်း များပြားတဲ့ ပမာဏလို့ ပြောလို့ ရပါတယ်။

အကယ်၍ ယူနိုက်တက်ဘက်က ဂရဇ်စ်မန်းကို လိုချင်တယ်ဆိုရင်တော့ ဘာစီလိုနာရဲ့ အကြပ်အတည်းကို အခွင့်ကောင်းယူပြီး၊ ကစားသမားချင်း တည့်လဲလို့ ရနိုင်မယ့် အခြေအနေတော့ ရှိနေတာဖြစ်လို့ ယူနိုက်တက်တို့ ဘလိုများ ဆက်လုပ်မလဲ စောင့်ကြည့်သွားရမှာပါ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ အံ့အားသင့္ဖြယ္ အေျပာင္းအေ႐ြ႕ တစ္ခုကို ျပဳလုပ္ လာဖြယ္ ရွိေနၿပီး ဒါကေတာ့ စပိန္လာလီဂါ ထိပ္သီးကလပ္ တစ္သင္းျဖစ္တဲ့ ဘာစီလိုနာ အသင္းရဲ႕ ကမ္းလွမ္းမႈ ပဲျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းမွ ဗဟိုခံစစ္မႈး လင္ဒီေလာ့ဒ္ကို ေခၚယူဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။ ယူနိုက္တက္ဟာ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ကမာၻ႔အေကာင္းဆုံး ေနာက္ခံလူ စာရင္းဝင္ ရာေဖးလ္ ဗာရန္းကို ေခၚယူခဲ့ၿပီး   ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ဗာရန္းကို ရီးရဲလ္မက္ဒရစ္ အသင္းကေန ေျပာင္းေ႐ြ႕ေၾကး ေပါင္ ၄၃ သန္း နဲ႕ ေခၚယူခဲ့ၿပီးေနာက္ မွာေတာ့ အသင္းမွာ ရွိေနခဲ့တဲ့ ခံစစ္မႈး လင္ဒီေလာ့ဒ္အတြက္ ပုံမွန္ပြဲထြက္ခြင့္ တိုက္ပြဲရွိလာၿပီ ျဖစ္ပါတယ္။

ယူနိုက္တက္နည္းျပ ဆိုးလ္ရွားရဲ႕ အစီအစဥ္ကေတာ့ အသင္းရဲ႕ ဗဟိုခံစစ္အတြဲကို အသင္းေခါင္းေဆာင္ မက္ဂြိုင္းယားနဲ႕ ကစားသမားသစ္ ဗာရန္း တို႔ကို တြဲဖက္ ကစားေစမွာ ျဖစ္ပါတယ္။

ျပင္သစ္ ေနာက္ခံကစားသမားသစ္ ဗာရန္း ေရာက္လာၿပီးေနာက္ ပြဲထြက္ခြင့္ မရွိေတာ့သေလာက္ ျဖစ္သြားနိုင္တဲ့ ခံစစ္မႈး လင္ဒီေလာ့ဖ္ကို ေနာက္ခံလူ ေခၚယူဖို႔ လိုအပ္ေနတဲ့ လာလီဂါ ထိပ္သီး ဘာစီလိုနာအသင္းက စိတ္ဝင္စား ေနျခင္းျဖစ္ပါတယ္

ဘာစီလိုနာ အသင္းဟာ ကမ္းလွမ္းမႈျပဳလုပ္ေၾကာင္း သတင္းထြက္ေပၚေနၿပီး လင္ဒီေလာ့ဖ္အတြက္ ဘာစီလိုနာဘက္က သူတို႔ရဲ႕ တိုက္စစ္မႈး ဂရဇ္စ္မန္းကို အလိုက္ေပးမွာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ကစားသမားခ်င္း အလဲအထပ္ ပုံစံမ်ိဳး မဟုတ္ပဲ ဂရဇ္စ္မန္း အတြက္ ယူနိုက္တက္ဘက္က လင္ဒီေလာ့ဖ္ နဲ႕ ေငြသားအခ်ိဳ႕ ေပးရမယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာ လင္ဒီေလာ့ဖ္က ယူနိုက္တက္နဲ႕ ၂၀၂၄ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း ရွိေနေသးၿပီး၊ လုပ္ခ လစာကလည္း တစ္ႏွစ္ကို ေပါင္ ၆.၂ သန္း ရေနတာပါ။ လင္ဒီေလာ့ဖ္ အေနနဲ႕ ယူနိုက္တက္မွာ အခ်ိန္အမ်ားႀကီး ရေနေသးသလို၊ လုပ္ခလစာ ကလည္း မ်ားျပားတဲ့ ပမာဏလို႔ ေျပာလို႔ ရပါတယ္။

အကယ္၍ ယူနိုက္တက္ဘက္က ဂရဇ္စ္မန္းကို လိုခ်င္တယ္ဆိုရင္ေတာ့ ဘာစီလိုနာရဲ႕ အၾကပ္အတည္းကို အခြင့္ေကာင္းယူၿပီး၊ ကစားသမားခ်င္း တည့္လဲလို႔ ရနိုင္မယ့္ အေျခအေနေတာ့ ရွိေနတာျဖစ္လို႔ ယူနိုက္တက္တို႔ ဘလိုမ်ား ဆက္လုပ္မလဲ ေစာင့္ၾကည့္သြားရမွာပါ။