Spots news

စီးရီးအေမှာ ‌ခြေစွမ်းပြနေတဲ့ ဂျင်းမဲကြီးကို တတိယအကြိမ် ကမ်းလှမ်းမယ့် ချယ်လ်ဆီး

Unicode Version

ချယ်လ်ဆီးအသင်းက ဗဟိုနောက်ခံလူနေရာနဲ့ တိုက်စစ်မှူးနေရာတွေအတွက် ကစားသမားတွေကို ပစ်မှတ်ထားလျက် ရှိနေပြီး တိုက်စစ်နေရာအတွက် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ လူကာကူကို ပြန်လည်ခေါ်ယူဖို့ တတိယအကြိမ်မြောက် ကမ်းလှမ်းသွားဖွယ် ရှိ‌ကြောင်း သိရပါတယ်။

လက်ရှိ ချန်ပီယံလိဂ် ဆုဖလားကို ပိုင်ဆိုင်ထားတဲ့ချယ်လ်ဆီးအသင်းဟာ နွေအပြောင်းအရွေ့အတွင်းမှာ လိုအပ်နေတဲ့ ဟာရီကိန်း လူကာကူနဲ့ ဟာလန်းတို့ကို ပစ်မှတ်ထားနေခဲ့တာဖြစ်ပြီး လက်ရှိအနေအထားတွေအရ ကိန်း ဟာလန်းတို့ထက် လူကာကူကို ခေါ်ယူသွားဖို့က လွယ်ကူဖွယ်ရာ ရှိနေပါတယ်။

ချယ်လ်ဆီးဟာ အစက ဒေါ့မွန် လူငယ်တိုက်စစ်မှူး ဟာလန်းကိုသာ ခေါ်ယူသွားဖို့ အတော်လေး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့သလို ဟာရီကိန်းမှာလည်း မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ဖို့ ရာနှုန်းများနေတာမို့ ချယ်လ်ဆီး အသင်းဘက်ကနေ တစ်ချိန်က ကစားသမားဟောင်း လူကာကူကို ပစ်မှတ်ထားလာခဲ့ရတာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူဟာ စီးရီးအေမှာ ဘောလုံးရာသီ ၂ ရာသီ ဖြတ်သန်းခဲ့ပြီး တစ်ရာသီကို အနိမ့်ဆုံး သွင်းဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းနဲ့ စီးရီးအေ ချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။

လူကာကူကို အသင်းဟောင်း ချယ်လ်ဆီးကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ပထမဆုံးအကြိမ်အဖြစ် ကမ်းလှမ်းခဲ့ဘူးပြီး အင်တာဘက်ကနေ ပယ်ချသွားခဲ့သလို ပြောင်းရွှေ့ကြေး ယူရို ၁၃၃ သန်းဖြင့် ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းလာခဲ့မှုမှာလည်း အင်တာက ထပ်မံ ငြင်းဆန်သွားခဲ့ပါတယ်။

မန်ယူနိုက်တက်က‌နေ စီးရီးအေကို ပြောင်းရွေ့ခဲ့တဲ့ လူကာကူဟာ လက်ရှိအချိန်မှာ အင်တာရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်နေတဲ့ အတွက် ကစားသမားကိုယ်တိုင်ကလည်း အင်တာမှာ အဆင်ပြေနေတဲ့အတွက် အသင်းပြောင်းဖို့ ဆန္ဒမရှိ ဖြစ်နေပါတယ်။

အခုတော့ ချယ်လ်ဆီးဘက်က တတိယအကြိမ် ကမ်းလှမ်းမှုကို ထပ်မံလုပ်ဆောင်လာဦးမှာဖြစ်ပြီး ဒီတစ်ကြိမ်မှာ အင်တာဘက်က အလိုရှိနေတဲ့ နောက်ခံလူတစ်ဦးကိုပါ အလိုက်ပေး ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ ဗြိတိန်သတင်း မီဒီယာများက ဖော်ပြထားပါတယ်။

Zawgyi Version

ခ်ယ္လ္ဆီးအသင္းက ဗဟိုေနာက္ခံလူေနရာနဲ႕ တိုက္စစ္မႉးေနရာေတြအတြက္ ကစားသမားေတြကို ပစ္မွတ္ထားလ်က္ ရွိေနၿပီး တိုက္စစ္ေနရာအတြက္ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ လူကာကူကို ျပန္လည္ေခၚယူဖို႔ တတိယအႀကိမ္ေျမာက္ ကမ္းလွမ္းသြားဖြယ္ ရွိ‌ေၾကာင္း သိရပါတယ္။

လက္ရွိ ခ်န္ပီယံလိဂ္ ဆုဖလားကို ပိုင္ဆိုင္ထားတဲ့ခ်ယ္လ္ဆီးအသင္းဟာ ေႏြအေျပာင္းအေ႐ြ႕အတြင္းမွာ လိုအပ္ေနတဲ့ ဟာရီကိန္း လူကာကူနဲ႕ ဟာလန္းတို႔ကို ပစ္မွတ္ထားေနခဲ့တာျဖစ္ၿပီး လက္ရွိအေနအထားေတြအရ ကိန္း ဟာလန္းတို႔ထက္ လူကာကူကို ေခၚယူသြားဖို႔က လြယ္ကူဖြယ္ရာ ရွိေနပါတယ္။

ခ်ယ္လ္ဆီးဟာ အစက ေဒါ့မြန္ လူငယ္တိုက္စစ္မႉး ဟာလန္းကိုသာ ေခၚယူသြားဖို႔ အေတာ္ေလး ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့သလို ဟာရီကိန္းမွာလည္း မန္စီးတီးအသင္းဆီကို ေျပာင္းေ႐ႊ႕ဖို႔ ရာႏႈန္းမ်ားေနတာမို႔ ခ်ယ္လ္ဆီး အသင္းဘက္ကေန တစ္ခ်ိန္က ကစားသမားေဟာင္း လူကာကူကိုပ ပစ္မွတ္ထားလာခဲ့ရတာ ျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယံ တိုက္စစ္မႉး လူကာကူဟာ စီးရီးေအမွာ ေဘာလုံးရာသီ ၂ ရာသီ ျဖတ္သန္းခဲ့ၿပီး တစ္ရာသီကို အနိမ့္ဆုံး သြင္းဂိုး ၂၀ အထိ သြင္းယူနိုင္ခဲ့သလို ၿပီးခဲ့တဲ့ရာသီက အင္တာမီလန္အသင္းနဲ႕ စီးရီးေအ ခ်န္ပီယံဆုဖလားကို ရယူနိုင္ခဲ့ပါတယ္။

လူကာကူကို အသင္းေဟာင္း ခ်ယ္လ္ဆီးကေန ေျပာင္းေ႐ႊ႕ေၾကး ယူရိုသန္း ၁၀၀ ပထမဆုံးအႀကိမ္အျဖစ္ ကမ္းလွမ္းခဲ့ဘူးၿပီး အင္တာဘက္ကေန ပယ္ခ်သြားခဲ့သလို ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၃၃ သန္းျဖင့္ ဒုတိယအႀကိမ္ ထပ္မံကမ္းလွမ္းလာခဲ့မႈမွာလည္း အင္တာက ထပ္မံ ျငင္းဆန္သြားခဲ့ပါတယ္။

မန္ယူနိုက္တက္က‌ေန စီးရီးေအကို ေျပာင္းေ႐ြ႕ခဲ့တဲ့ လူကာကူဟာ လက္ရွိအခ်ိန္မွာ အင္တာရဲ႕ အဓိက ကစားသမားတစ္ေယာက္ ျဖစ္ေနတဲ့ အတြက္ ကစားသမားကိုယ္တိုင္ကလည္း အင္တာမွာ အဆင္ေျပေနတဲ့အတြက္ အသင္းေျပာင္းဖို႔ ဆႏၵမရွိ ျဖစ္ေနပါတယ္။

အခုေတာ့ ခ်ယ္လ္ဆီးဘက္က တတိယအႀကိမ္ ကမ္းလွမ္းမႈကို ထပ္မံလုပ္ေဆာင္လာဦးမွာျဖစ္ၿပီး ဒီတစ္ႀကိမ္မွာ အင္တာဘက္က အလိုရွိေနတဲ့ ေနာက္ခံလူတစ္ဦးကိုပါ အလိုက္ေပး ကမ္းလွမ္းသြားဖြယ္ ရွိေနတယ္လို႔ ၿဗိတိန္သတင္း မီဒီယာမ်ားက ေဖာ္ျပထားပါတယ္။