Spots news

ဟယ်ရီကိန်းရဲ့ နေရာအစားထိုးဖို့ မာတီနက်ဇ်ကို ခေါ်ယူဖို့ ပြင်‌ဆင်နေတဲ့ စပါး

Unicode Version

စပါးအသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို မန်စီးတီးအသင်းဆီသို့ ရောင်းချရဖွယ် ရှိနေတဲ့အတွက် တိုက်စစ်ကို ပြန်လည်အားဖြည့်တင်းနိုင်ဖို့ အင်တာမီလန်အသင်းရဲ့တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဗြိတိန်အခြေစိုက် သတင်းမီဒီယာ တွေကနေ ဖော်ပြထားပါတယ်။

၂၀၁၈ခုနှစ်ကတည်းက အာဂျင်တီးနားကနေ အင်တာမီလန် အသင်းဆီ ရောက်ရှိလာခဲ့တဲ့ မာတီနက်ဇ်ဟာ ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူနဲ့ အသင်းရဲ့တိုက်စစ်မှာ အတွဲညီညီ ခြေစွမ်းပြနိုင်ခဲ့ပြီး မနှစ်က ဘောလုံးရာသီမှာလည်း အင်တာမီလန်ကို စီးရီးအေချန်ပီယံ ဖြစ်ဖို့ အဓိကနေရာက ပါဝင် ခြေစွမ်းပြခဲ့ပါတယ်။

အင်တာမီလန် အသင်းအတွက် ၃ ရာသီမှာ ၇၆ ဂိုးအထိ သွင်းယူထားတဲ့ မာတီနက်ဇ်ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ စိတ်ဝင်စားနေပြီး လတ်တလောမှာတော့ လန်ဒန်အခြေစိုက် အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့ကနေ ဆွေးနွေးမှု ပြုလုပ်ဖို့ အထိ ပြင်ဆင်နေပါတယ်။

အင်တာမီလန်အသင်းဟာ အဓိက ကစားသမား မာတီနက်ဇ်ကို သက်တမ်းတိုးသွားဖို့ ပြင်ဆင်နေပေမယ့် ယခုနွေရာသီ အပြောင်းအရွေ့ အတွင်းမှာသာ မာတီနက်ဇ် အတွက် ယူရိုသန်း ၇၀ လောက်နဲ့သာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ရောင်းချသွားဖွယ် ရှိနေပါတယ်။

လက်ရှိအချိန်မှာ အာဆင်နယ်က မာတီနက်ဇ်ကို ခေါ်ယူနိုင်ဖို့ ဘယ်လာရင်ကို အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်နေသလို ဟယ်ရီကိန်းရဲ့ နေရာကို အစားထိုးဖို့ စပါးကလဲ မာတီနက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး အက်သလက်တီကိုကပါ စိတ်ဝင်စား လာပြန်ပါတယ်။

အက်သလက်တီကို မက်ဒရစ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့အပြင် အသင်းမှာလည်း အာဂျင်တီးနားလူမျိုး နည်းပြဆီမြွန်နီ ကိုင်တွယ်နေတာဖြစ်လို့ ကစားသမား အနေနဲ့ ပရီးမီးယားလိဂ်ထက် စပိန်မြေက လာလီဂါ ချန်ပီယံဆီကိုပဲ ရွေးချယ်ဖွယ် ရှိနေပါတယ်။

Zawgyi Version

စပါးအသင္းဟာ အသင္းရဲ႕ အဓိက တိုက္စစ္မႉး ဟယ္ရီကိန္းကို မန္စီးတီးအသင္းဆီသို႔ ေရာင္းခ်ရဖြယ္ ရွိေနတဲ့အတြက္ တိုက္စစ္ကို ျပန္လည္အားျဖည့္တင္းနိုင္ဖို႔ အင္တာမီလန္အသင္းရဲ႕တိုက္စစ္ကစားသမား ေလာ္သာရိုမာတီနက္ဇ္ကို ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ ၿဗိတိန္အေျခစိုက္ သတင္းမီဒီယာ ေတြကေန ေဖာ္ျပထားပါတယ္။

၂၀၁၈ခုႏွစ္ကတည္းက အာဂ်င္တီးနားကေန အင္တာမီလန္ အသင္းဆီ ေရာက္ရွိလာခဲ့တဲ့ မာတီနက္ဇ္ဟာ ဘယ္ဂ်ီယံတိုက္စစ္မႉး လူကာကူနဲ႕ အသင္းရဲ႕တိုက္စစ္မွာ အတြဲညီညီ ေျခစြမ္းျပနိုင္ခဲ့ၿပီး မႏွစ္က ေဘာလုံးရာသီမွာလည္း အင္တာမီလန္ကို စီးရီးေအခ်န္ပီယံ ျဖစ္ဖို႔ အဓိကေနရာက ပါဝင္ ေျခစြမ္းျပခဲ့ပါတယ္။

အင္တာမီလန္ အသင္းအတြက္ ၃ ရာသီမွာ ၇၆ ဂိုးအထိ သြင္းယူထားတဲ့ မာတီနက္ဇ္ကို ဥေရာပထိပ္တန္း ကလပ္အသင္းေတြကေန စိတ္ဝင္စားေနၿပီး လတ္တေလာမွာေတာ့ လန္ဒန္အေျခစိုက္ အသင္းေတြျဖစ္တဲ့ အာဆင္နယ္နဲ႕ စပါးအသင္းတို႔ကေန ေဆြးေႏြးမႈ ျပဳလုပ္ဖို႔ အထိ ျပင္ဆင္ေနပါတယ္။

အင္တာမီလန္အသင္းဟာ အဓိက ကစားသမား မာတီနက္ဇ္ကို သက္တမ္းတိုးသြားဖို႔ ျပင္ဆင္ေနေပမယ့္ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕ အတြင္းမွာသာ မာတီနက္ဇ္ အတြက္ ယူရိုသန္း ၇၀ ေလာက္နဲ႕သာ ကမ္းလွမ္းလာခဲ့မယ္ဆိုရင္ေတာ့ ေရာင္းခ်သြားဖြယ္ ရွိေနပါတယ္။

လက္ရွိအခ်ိန္မွာ အာဆင္နယ္က မာတီနက္ဇ္ကို ေခၚယူနိုင္ဖို႔ ဘယ္လာရင္ကို အလိုက္ေပး ကမ္းလွမ္းဖို႔ ျပင္ဆင္ေနသလို ဟယ္ရီကိန္းရဲ႕ ေနရာကို အစားထိုးဖို႔ စပါးကလဲ မာတီနက္ဇ္ကို ေခၚယူဖို႔ ျပင္ဆင္ေနၿပီး အက္သလက္တီကိုကပါ စိတ္ဝင္စား လာျပန္ပါတယ္။

အက္သလက္တီကို မက္ဒရစ္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိထားတဲ့အျပင္ အသင္းမွာလည္း အာဂ်င္တီးနားလူမ်ိဳး နည္းျပဆီႁမြန္နီ ကိုင္တြယ္ေနတာျဖစ္လို႔ ကစားသမား အေနနဲ႕ ပရီးမီးယားလိဂ္ထက္ စပိန္ေျမက လာလီဂါ ခ်န္ပီယံဆီကိုပဲ ေ႐ြးခ်ယ္ဖြယ္ ရွိေနပါတယ္။