Spots news

ဗန်ဒိုက် ပြန်ကစားနိုင်တာကို ဖလားရသလိုအောင်ပွဲမခံဖို့ သတိပေးခံရတဲ့ လီဗာပူး

Unicode Version

လီဗာပူးအသင်းရဲ့ ဂန္ဓဝင် နောက်ခံလူ ကာရေဂါက အသင်းအတွက် ဗန်ဒိုက်ပြန်လည်ကစားပေးနိုင်တာက လီဗာပူးကို ပရီးမီးယားလိဂ်ဖလား နောက်တစ်ကြိမ် ရရှိစေတာမျိုးမဟုတ်ဘူးလို့ သတိပေးပြောဆိုလိုက်ပါတယ်။

ဗန်ဒိုက်ဟာ ဒဏ်ရာကြောင့် ၉ လကြာအနားယူခဲ့ရပြီးနောက် ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ဟာသာဘာလင်နဲ့ပွဲမှာ အသင်းအတွက် လူစားဝင်ကစားပေးခဲ့ပြီး မြက်ခင်းပြင်ပေါ် ပြန်ခြေချနိုင်ခဲ့ပါတယ်။

အသက် ၃၀ အရွယ် ရှိပြီဖြစ်တဲ့ နယ်သာလန် နေက်ခံလူဟာ ခွဲစိတ်ကုသမှုတွေခံယူခဲ့ရပြီးနောက် ကြံ့ခိုင်မှုပြည့်ဝအောင် အနားယူကြိုးစားခဲ့ရပြီး ရာသီသစ်မစခင်မှာပဲ ပြန်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟာသာဘာလင်နဲ့ ရာသီကြိုခြေစမ်းပွဲမှာတော့ လီဗာပူးတို့ ၄-၃ နဲ့ အရေးနိမ့်ခဲ့ပြီး ဗန်ဒိုက်လည်း ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပါဘူး။

လီဗာပူးအနေနဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီက အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး အဆိုပါရာသီက ခြေစွမ်းမျိုးကို ပြန်ရဖို့တော့ ဗန်ဒိုက်အတွက် အချိန်ယူရဦးမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဂရုစိုက်ဖို့ လိုအပ်နေပြီး ယာဂင်ကလော့ပ်လည်း ဒါကို စဉ်းစားမိမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဗန်ဒိုက်ပြန်ကစားပေးနိုင်တာက လီဗာပူးက ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိသွားတာမျိုးမဟုတ်ဘူးဆိုတာကို နားလည်ထားရပါမယ်၊

သူက တကယ်ကို ပြင်းထန်ဆိုးဝါးတဲ့ ဒဏ်ရာရရှိခဲ့တာပါ၊ သူ မြန်မြန်ပြန်လာမှာမဟုတ်ဘူးဆိုတာကို သေချာအောင်လုပ်ရပါမယ်၊ အကောင်းဆုံးပြန်လာနိုင်ရင်တော့ သူက ဘောလုံးလောကရဲ့ အကောင်းဆုံးဗဟိုခံစစ်မှူးပါပဲ”

“သူ ရာသီအဖွင့်ပွဲကို မပါဝင်နိုင်တာက ကမ္ဘာကြီးပြီးဆုံးသွားတာမှမဟုတ်တာ၊ သူ ရာနှုန်းပြည့်ကောင်းမွန်အောင် လုပ်ဖို့က ပိုပြီးအရေးကြီးပါတယ်၊ ဒါဆိုရင် သူ့အနေနဲ့ နောက်ထပ် ငါးနှစ်၊ ခြောက်နှစ်လောက် ထိပ်တန်းအဆင့်နဲ့ ရှိနေမှာပါ” လို့ ကာရေဂါက ပြောဆိုခဲ့ပါတယ်။

လီဗာပူးကတော့ ရာသီသစ်အတွက် လိုက်ဇစ်နောက်ခံလူ ကိုနာတီကို ပေါင် ၃၆ သန်းနဲ့ ခေါ်ယူထားပြီး ကာရေဂါကတော့ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်ထပ်မံခေါ်ယူဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

Zawgyi Version

လီဗာပူးအသင္းရဲ႕ ဂႏၶဝင္ ေနာက္ခံလူ ကာေရဂါက အသင္းအတြက္ ဗန္ဒိုက္ျပန္လည္ကစားေပးနိုင္တာက လီဗာပူးကို ပရီးမီးယားလိဂ္ဖလား ေနာက္တစ္ႀကိမ္ ရရွိေစတာမ်ိဳးမဟုတ္ဘူးလို႔ သတိေပးေျပာဆိုလိုက္ပါတယ္။

ဗန္ဒိုက္ဟာ ဒဏ္ရာေၾကာင့္ ၉ လၾကာအနားယူခဲ့ရၿပီးေနာက္ ၿပီးခဲ့တဲ့အပတ္က ကစားခဲ့တဲ့ ဟာသာဘာလင္နဲ႕ပြဲမွာ အသင္းအတြက္ လူစားဝင္ကစားေပးခဲ့ၿပီး ျမက္ခင္းျပင္ေပၚ ျပန္ေျခခ်နိဳင္ခဲ့ပါတယ္။

အသက္ ၃၀ အ႐ြယ္ ရွိၿပီျဖစ္တဲ့ နယ္သာလန္ ေနက္ခံလူဟာ ခြဲစိတ္ကုသမႈေတြခံယူခဲ့ရၿပီးေနာက္ ႀကံ့ခိုင္မႈျပည့္ဝေအာင္ အနားယူႀကိဳးစားခဲ့ရၿပီး ရာသီသစ္မစခင္မွာပဲ ျပန္ကစားနိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဟာသာဘာလင္နဲ႕ ရာသီႀကိဳေျခစမ္းပြဲမွာေတာ့ လီဗာပူးတို႔ ၄-၃ နဲ႕ အေရးနိမ့္ခဲ့ၿပီး ဗန္ဒိုက္လည္း ေျခစြမ္းျပနိုင္ခဲ့ျခင္းမရွိပါဘူး။

လီဗာပူးအေနနဲ႕ ၂၀၁၉-၂၀ ေဘာလုံးရာသီက အမွတ္ေပးဖလားကို ဆြတ္ခူးနိုင္ခဲ့ၿပီး အဆိုပါရာသီက ေျခစြမ္းမ်ိဳးကို ျပန္ရဖို႔ေတာ့ ဗန္ဒိုက္အတြက္ အခ်ိန္ယူရဦးမွာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ဂ႐ုစိုက္ဖို႔ လိုအပ္ေနၿပီး ယာဂင္ကေလာ့ပ္လည္း ဒါကို စဥ္းစားမိမယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္၊ ဗန္ဒိုက္ျပန္ကစားေပးနိုင္တာက လီဗာပူးက ဒီရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရရွိသြားတာမ်ိဳးမဟုတ္ဘူးဆိုတာကို နားလည္ထားရပါမယ္၊

သူက တကယ္ကို ျပင္းထန္ဆိုးဝါးတဲ့ ဒဏ္ရာရရွိခဲ့တာပါ၊ သူ ျမန္ျမန္ျပန္လာမွာမဟုတ္ဘူးဆိုတာကို ေသခ်ာေအာင္လုပ္ရပါမယ္၊ အေကာင္းဆုံးျပန္လာနိုင္ရင္ေတာ့ သူက ေဘာလုံးေလာကရဲ႕ အေကာင္းဆုံးဗဟိုခံစစ္မႉးပါပဲ”

“သူ ရာသီအဖြင့္ပြဲကို မပါဝင္နိုင္တာက ကမာၻႀကီးၿပီးဆုံးသြားတာမွမဟုတ္တာ၊ သူ ရာႏႈန္းျပည့္ေကာင္းမြန္ေအာင္ လုပ္ဖို႔က ပိုၿပီးအေရးႀကီးပါတယ္၊ ဒါဆိုရင္ သူ႕အေနနဲ႕ ေနာက္ထပ္ ငါးႏွစ္၊ ေျခာက္ႏွစ္ေလာက္ ထိပ္တန္းအဆင့္နဲ႕ ရွိေနမွာပါ” လို႔ ကာေရဂါက ေျပာဆိုခဲ့ပါတယ္။

လီဗာပူးကေတာ့ ရာသီသစ္အတြက္ လိုက္ဇစ္ေနာက္ခံလူ ကိုနာတီကို ေပါင္ ၃၆ သန္းနဲ႕ ေခၚယူထားၿပီး ကာေရဂါကေတာ့ တိုက္စစ္ပိုင္းအတြက္ ကစားသမားသစ္ထပ္မံေခၚယူဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။