Spots news

လိုင်လီနောက်ခံလူ ဆဗန်ဘော့မန်းကို ခေါ်ယူဖို့ဘပြင်ဆင်နေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံ

Unicode Version

ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းဟာ ဥရောပ ထိပ်သီးကလပ်အသင်းများက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လိုင်လီနောက်ခံလူ ဆဗန်ဘော့မန်းကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘော့မန်းဟာ ပြီးခဲ့တဲ့ရာသီက လီဂူး-၁မှာ လိုင်လီအသင်း ချန်ပီယံဖြစ်ခဲ့တဲ့အနက် အဓိကကစားသမားတစ်ဦးအဖြစ် ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး အသင်းကလည်း ၂၁ပွဲအထိ ပေးဂိုးမရှိကစားနိုင်ခဲ့ပါတယ်။

ဘော့မန်းကို လီဗာပူး၊ ယူနိုက်တက်၊ ဝက်စ်ဟမ်းနဲ့ နယူးကာဆယ်တို့အပါအဝင် ကလပ်အသင်းအများအပြားနဲ့ ဆက်သွယ်နေပြီး ပြင်သစ်သတင်းစာ L’Equipe က နယ်သာလန်လက်ရွေးစင် ဘော့မန်းကို ခေါ်ယူဖို့ မန်စီးတီးကပါ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။

ဘော့မန်းဟာ ပြီးခဲ့တဲ့နွေရာသီက ၅နှစ်စာချုပ်နဲ့ အေဂျက်စ်ကနေ ရောက်လာတာဖြစ်ပေမယ့် လိုင်လီက ကစားသမားတွေကို အမြတ်အစွန်းများများနဲ့ ရောင်းချလေ့ရှိပြီး ၂၀၁၉ မှာ ပီပီကို အာဆင်နယ်ထံ ပေါင် ၇၂သန်းနဲ့ ရောင်းချခဲ့သလို ဂါဘရီရယ်ကို ပေါင် ၂၇သန်းနဲ့ အာဆင်နယ်ထံ ရောင်းချခဲ့ဖူးပါတယ်။

လိုင်လီဟာ အသင်းရဲ့ ကစားသမား ဘော့မန်းကို ခေါ်ယူလိုတဲ့အသင်းတွေ များပြားမှုနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၄နှစ်ကျန်နေသေးတာတွေကြောင့် ပေါင် ၄၃သန်းအထိ တောင်းဆိုဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ ခ်န္ပီယံ မန္ခ်က္စတာ စီးတီးအသင္းဟာ ဥေရာပ ထိပ္သီးကလပ္အသင္းမ်ားက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ လိုင္လီေနာက္ခံလူ ဆဗန္ေဘာ့မန္းကို ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ေဘာ့မန္းဟာ ၿပီးခဲ့တဲ့ရာသီက လီဂူး-၁မွာ လိုင္လီအသင္း ခ်န္ပီယံျဖစ္ခဲ့တဲ့အနက္ အဓိကကစားသမားတစ္ဦးအျဖစ္ ပုံမွန္ပြဲထြက္ခြင့္ရခဲ့ၿပီး အသင္းကလည္း ၂၁ပြဲအထိ ေပးဂိုးမရွိကစားနိုင္ခဲ့ပါတယ္။

ေဘာ့မန္းကို လီဗာပူး၊ ယူနိုက္တက္၊ ဝက္စ္ဟမ္းနဲ႕ နယူးကာဆယ္တို႔အပါအဝင္ ကလပ္အသင္းအမ်ားအျပားနဲ႕ ဆက္သြယ္ေနၿပီး ျပင္သစ္သတင္းစာ L’Equipe က နယ္သာလန္လက္ေ႐ြးစင္ ေဘာ့မန္းကို ေခၚယူဖို႔ မန္စီးတီးကပါ စိတ္ဝင္စားလာတယ္လို႔ သိရပါတယ္။

ေဘာ့မန္းဟာ ၿပီးခဲ့တဲ့ေႏြရာသီက ၅ႏွစ္စာခ်ဳပ္နဲ႕ ေအဂ်က္စ္ကေန ေရာက္လာတာျဖစ္ေပမယ့္ လိုင္လီက ကစားသမားေတြကို အျမတ္အစြန္းမ်ားမ်ားနဲ႕ ေရာင္းခ်ေလ့ရွိၿပီး ၂၀၁၉ မွာ ပီပီကို အာဆင္နယ္ထံ ေပါင္ ၇၂သန္းနဲ႕ ေရာင္းခ်ခဲ့သလို ဂါဘရီရယ္ကို ေပါင္ ၂၇သန္းနဲ႕ အာဆင္နယ္ထံ ေရာင္းခ်ခဲ့ဖူးပါတယ္။

လိုင္လီဟာ အသင္းရဲ႕ ကစားသမား ေဘာ့မန္းကို ေခၚယူလိုတဲ့အသင္းေတြ မ်ားျပားမႈနဲ႕ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၄ႏွစ္က်န္ေနေသးတာေတြေၾကာင့္ ေပါင္ ၄၃သန္းအထိ ေတာင္းဆိုဖြယ္ရွိေနတယ္လို႔ သိရပါတယ္။