Spots news

နည်းပြသစ် ရှာဖွေနေပြီ ဖြစ်တဲ့ ချဲလ်ဆီး

Unicode Version

လက်ရှိ ချဲလ်ဆီးအသင်း နည်းပြ လမ်းပတ်ဟာ  ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်း ဖြစ်ပြီး နည်းပြဆာရီ နေရာကို အစားထိုးဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ကစားသမား ဝယ်ယူခွင့် ပိတ်ခံထားရတဲ့ ရာသီမှာ အသင်းရဲ့ ရှိရင်းစွဲ လူငယ်တွေကို အသုံးချပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရယူပေးခဲ့သူပါ။ သို့ပေမယ့် သူ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုက အသင်းကြီး အချင်းချင်း တွေ့ဆုံရာမှာ လိုအပ်ချက်မျာ းရှိနေကြောင်း အတော်လေးသိသာ ခဲ့ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ချဲလ်ဆီး Vs မန်စီးတီး အသင်းတို့ရဲ့ ပွဲစဉ်မှာ ဆိုရင် ချဲလ်ဆီးအသင်းဟာ အိမ်ကွင်း စတန်းဖို့ဘရစ်ခ်ျမှာ ၃ ဂိုး ၁ ဂိုး ဆိုတဲ့ ရလဒ်ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ပထမပိုင်း ကစားပုံ အနည်းငယ် ကောင်းမွန်ခဲ့ပေမယ့် ဂိုးပေါက် တည့်မှု တစ်လုံးမှမရှိပဲ ပထမပိုင်း မှာပဲ သုံးဂိုး သွင်းခံခဲ့ရပါတယ်။ အဆိုပါသုံးဂိုး စလုံးဟာ ချဲလ်ဆီးရဲ့ ခံစစ်ပေါ့လျော့မှုတွေကြောင့် ပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

ဒီ ရှုံးပွဲကြောင့် ချဲလ်ဆီး အသင်း ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ပွဲမှာ ၅ပွဲအထိ နိုင်ပွဲ ပျောက်ဆုံးလာပြီ ဖြစ်သလို ၊ ထိပ်ဆုံး ၆သင်း ပြင်ပကိုပါ ရောက်ရှိလာပြီး ၊ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်ပါ စိုးရိမ်စရာ ဖြစ်လာပါတယ် ။ ဘုတ်အဖွဲ့ဝင်တွေဟာ ရာသီအစမှာ လမ်းပတ်ရဲ့  ရလဒ်ဆိုးရွားမှု ကို လက်ခံခဲ့ကြပေမယ့် မန်စီးတီးနဲ့ ပွဲက ကစားပုံ နဲ့ ခြေစွမ်းကို ကြည့်ပီး စိတ်ပျက်နေကြပြီ ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပါတယ်။

လက်ရှိရာသီမှာ ချဲလ်ဆီး အသင်းဟာ ပြောင်းရွေ့ကြေး သန်း ၂၂၀ ကျော်သုံးထားပေမယ့် လုံလောက်တဲ့ ခြေစွမ်းနဲ့ အဆင့်အတန်းကို မပြသနိုင်တာက လမ်းပတ်ရဲ့ နည်းပြရာထူးကို ပိုမိုလှုပ်ခတ်စေခဲ့ပါတယ်။ချဲလ်ဆီးဘုတ်အဖွဲ့ဟာ နည်းပြသစ် ခေါ်ယူဖို့ အစီအစဉ် ဆွဲနေပြီ‌ဖြစ်ကြောင်း သတင်းထွက်ပေါ် နေပြီ ဖြစ်ပြီး ပီအက်စ်ဂျီနည်းပြဟောင်း တူချယ် နဲ့ ဂျူဗင်တပ် နည်းပြဟောင်း အယ်လီဂရီနီ တို့က အထူးရေပန်းစားလျက်ရှိနေပါတယ်။

Zawgyi Version

လက္ရွိ ခ်ဲလ္ဆီးအသင္း နည္းျပ လမ္းပတ္ဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ကစားသမားေဟာင္း ျဖစ္ၿပီး နည္းျပဆာရီေနရာကို အစားထိုးဝင္ေရာက္ခဲ့သူျဖစ္ပါတယ္။ ကစားသမား ဝယ္ယူခြင့္ ပိတ္ခံထားရတဲ့ ရာသီမွာ အသင္းရဲ႕ ရွိရင္းစြဲ လူငယ္ေတြကို အသုံးခ်ၿပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရယူေပးခဲ့သူပါ။ သို႔ေပမယ့္ သူ႕ရဲ႕ နည္းစနစ္ပိုင္းဆိုင္ရာ ကြၽမ္းက်င္မႈက အသင္းႀကီးအခ်င္းခ်င္း ေတြ႕ဆုံရာမွာ လိုအပ္ခ်က္မ်ားရွိေနေၾကာင္း အေတာ္ေလးသိသာ ခဲ့ပါတယ္။

မေန႕ညက ယွဥ္ၿပိဳင္ခဲ့တဲ့ ခ်ဲလ္ဆီး Vs မန္စီးတီး အသင္းတို႔ရဲ႕ ပြဲစဥ္မွာ ဆိုရင္ ခ်ဲလ္ဆီးအသင္းဟာ အိမ္ကြင္း စတန္းဖို႔ဘရစ္ခ္်မွာ ၃ ဂိုး ၁ ဂိုး ဆိုတဲ့ ရလဒ္ျဖင့္ အရွက္တကြဲ ရႈံးနိမ့္ခဲ့ပါတယ္။ ပထမပိုင္း ကစားပုံ အနည္းငယ္ ေကာင္းမြန္ခဲ့ေပမယ့္ ဂိုးေပါက္ တည့္မႈ တစ္လုံးမွမရွိပဲ ပထမပိုင္း မွာပဲ သုံးဂိုး သြင္းခံခဲ့ရပါတယ္။ အဆိုပါသုံးဂိုး စလုံးဟာ ခ်ဲလ္ဆီးရဲ႕ ခံစစ္ေပါ့ေလ်ာ့မႈေတြေၾကာင့္ ေပးလိုက္ရတာပဲ ျဖစ္ပါတယ္။

ဒီ ရႈံးပြဲေၾကာင့္ ခ်ဲလ္ဆီး အသင္း ဟာ ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၆ပြဲမွာ ၅ပြဲအထိ နိုင္ပြဲ ေပ်ာက္ဆုံးလာၿပီ ျဖစ္သလို ၊ ထိပ္ဆုံး ၆သင္း ျပင္ပကိုပါ ေရာက္ရွိလာၿပီး ၊ ခ်န္ပီယံလိဂ္ ဝင္ခြင့္ အတြက္ပါ စိုးရိမ္စရာ ျဖစ္လာပါတယ္ ။ ဘုတ္အဖြဲ႕ဝင္ေတြဟာ ရာသီအစမွာ လမ္းပတ္ရဲ႕ ရလဒ္ဆိုး႐ြားမႈကို လက္ခံခဲ့ၾကေပမယ့္ မန္စီးတီးနဲ႕ ပြဲက ကစားပုံ နဲ႕ ေျခစြမ္းကို ၾကည့္ပီး စိတ္ပ်က္ေနၾကၿပီ ျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚလာပါတယ္။

လက္ရွိရာသီမွာ ခ်ဲလ္ဆီး အသင္းဟာ ေျပာင္းေ႐ြ႕ေၾကး သန္း ၂၂၀ ေက်ာ္သုံးထားေပမယ့္ လုံေလာက္တဲ့ ေျခစြမ္းနဲ႕ အဆင့္အတန္းကို မျပသနိုင္တာက လမ္းပတ္ရဲ႕ နည္းျပရာထူးကို ပိုမိုလႈပ္ခတ္ေစခဲ့ပါတယ္။ခ်ဲလ္ဆီးဘုတ္အဖြဲ႕ဟာ နည္းျပသစ္ ေခၚယူဖို႔ အစီအစဥ္ ဆြဲေနၿပီ‌ျဖစ္ေၾကာင္း သတင္းထြက္ေပၚေနၿပီ ျဖစ္ၿပီး ပီအက္စ္ဂ်ီနည္းျပေဟာင္း တူခ်ယ္ နဲ႕ ဂ်ဴဗင္တပ္ နည္းျပေဟာင္း အယ္လီဂရီနီ တို႔က အထူးေရပန္းစားလ်က္ရွိေနပါတယ္။