Spots news

ယူနိုက်တက်မှာ တိုက်ပွဲဝင်ဖို့ ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်ပြင်ဆင်နေတဲ့ ဗန်ဒီဘိခ်

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်လူ ဗန်ဒီဘိခ်ဟာသူ့ရဲ့ခန္ဓာကိုယ်အရွယ်အစားကို အရင်ကထက် ပိုပြီးတောင့်တင်းကြံ့ခိုင်လာအောင်Personal Trainer တစ်ဦးငှားရမ်းပြီး လေ့ကျင့်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်၊ နွေရာသီက အေဂျက်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့သူဗန်ဒီဘိခ်ဟာ ယူနိုက်တက်ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာအဖွင့်မလှခဲ့ဘဲ ပုံမှန်ကစားခွင့်ရဖို့ရုန်းကန်ခဲ့ရသူပါ။

အဲဒါကြောင့် ဗန်ဒီဘိခ်ဟာအခုနွေရာသီကာလအတွင်း ယူနိုက်တက်အသင်းကနေထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဗန်ဒီဘိခ်ကတော့ အသင်းမှာပဲ ဆက်ကစားပြီးပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်သွားဖို့ ဆန္ဒပြင်းပြနေတာဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာ သူ့ခန္ဓာကိုယ်ကြံ့ခိုင်သန်မာလာအောင် Personal Trainerငှားရမ်းပြီးတော့ ရာသီကြိုအားလပ်ရက်(၅)ပတ်အတွင်း ပြင်ဆင်မှုတွေလုပ်ခဲ့ပြီးဘရန့်ဖို့ဒ်နဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာ သူ့ခန္ဓာကိုယ်က အရင်ကထက်ပိုတောင့်တင်းလာတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဗန်ဒီဘိခ်အနေနဲ့ ယူနိုက်တက်ကစားသမားဘဝဒုတိယမြောက်ရာသီမှာတော့ အသင်းအတွက်အကောင်းဆုံး ပုံစံပြသနိုင်အောင် ပစ်မှတ်ထားနေပြီး ပရီးမီးယားလိဂ်ရဲ့ကြံ့ခိုင်မှုအသားပေးကစားဟန်နဲ့ကိုက်ညီဖို့အတွက် အခုလိုလေ့ကျင့်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာယူနိုက္တက္အသင္းကြင္းလယ္လူ ဗန္ဒီဘိခ္ဟာသူ႕ရဲ႕ခႏၶာကိုယ္အ႐ြယ္အစားကို အရင္ကထက္ ပိုၿပီးေတာင့္တင္းႀကံ့ခိုင္လာေအာင္Personal Trainer တစ္ဦးငွားရမ္းၿပီး ေလ့က်င့္မႈေတြျပဳလုပ္ေနၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္၊ ေႏြရာသီက ေအဂ်က္စ္အသင္းကေန ယူနိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕ခဲ့သူဗန္ဒီဘိခ္ဟာ ယူနိုက္တက္ကစားသမားဘဝ ပြဲဦးထြက္ရာသီမွာအဖြင့္မလွခဲ့ဘဲ ပုံမွန္ကစားခြင့္ရဖို႔႐ုန္းကန္ခဲ့ရသူပါ။

အဲဒါေၾကာင့္ ဗန္ဒီဘိခ္ဟာအခုေႏြရာသီကာလအတြင္း ယူနိုက္တက္အသင္းကေနထြက္ခြာေတာ့မယ္ဆိုတဲ့သတင္းေတြထြက္ေပၚခဲ့ေပမယ့္ ဗန္ဒီဘိခ္ကေတာ့ အသင္းမွာပဲ ဆက္ကစားၿပီးပြဲထြက္ခြင့္တစ္ေနရာအတြက္ တိုက္ပြဲဝင္သြားဖို႔ ဆႏၵျပင္းျပေနတာျဖစ္ပါတယ္။

ဗန္ဒီဘိခ္ဟာ သူ႕ခႏၶာကိုယ္ႀကံ့ခိုင္သန္မာလာေအာင္ Personal Trainerငွားရမ္းၿပီးေတာ့ ရာသီႀကိဳအားလပ္ရက္(၅)ပတ္အတြင္း ျပင္ဆင္မႈေတြလုပ္ခဲ့ၿပီးဘရန႔္ဖို႔ဒ္နဲ႕ကစားခဲ့တဲ့ေျခစမ္းပြဲမွာ သူ႕ခႏၶာကိုယ္က အရင္ကထက္ပိုေတာင့္တင္းလာတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဗန္ဒီဘိခ္အေနနဲ႕ ယူနိုက္တက္ကစားသမားဘဝဒုတိယေျမာက္ရာသီမွာေတာ့ အသင္းအတြက္အေကာင္းဆုံး ပုံစံျပသနိုင္ေအာင္ ပစ္မွတ္ထားေနၿပီး ပရီးမီးယားလိဂ္ရဲ႕ႀကံ့ခိုင္မႈအသားေပးကစားဟန္နဲ႕ကိုက္ညီဖို႔အတြက္ အခုလိုေလ့က်င့္မႈေတြျပဳလုပ္ေနတာလည္းျဖစ္ပါတယ္။