Unicode Version
ယူနိုက်တက်အသင်းရဲ့ လူငယ်ဂိုးသမား ဟန်ဒါဆင်ကတော့ တင်ပါးဒဏ်ရာကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရသလို အသင်းလိုက်လေ့ကျင့်ခန်း အစီအစဉ်တွေမှာလည်း မပါဝင်နိုင်ခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာက ပြန်လည်သက်သာလာပေမယ့်လည်းကိုဗစ်−၁၉ ကူးစက်ခံရတာကြောင့် ထပ်မံ အနားယူရဦးမယ်လို့သိရပါတယ်။
ဟန်ဒါဆင်ကတော့ လွန်ခဲ့တဲ့ (၃) ပတ်ခန့်မှ စတင်ကာ ကိုဗစ်−၁၉ ကူးစက်ခံခဲ့ရတာဖြစ်ပြီး နာတာရှဘ် မောပန်းနွမ်းနယ်မှုကိုခံစားနေရတာကြောင့်ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ဟန်ဒါဆင်အနေနဲ့ မနေ့က စကော့တလန်မှာ ပြုလုပ်တဲ့ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာတော့ ပါဝင်လာနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
ကိုဗစ်−၁၉ ကူးစက်ခံရပြီးနောက် နလန်ပြန်ထူနိုင်ဖို့အတွက် ကုစားရဦးမှာဖြစ်တာကြောင့် လာမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် လိဒ်စ်ယူနိုက်တက်နဲ့ကစားမယ့် ပွဲမှာ ဂိုးသမား ဒီဂီယာကို မြင်တွေ့ရဖွယ်ရှိပါတယ်။
Zawgyi Version
ယူနိုက္တက္အသင္းရဲ႕ လူငယ္ဂိုးသမား ဟန္ဒါဆင္ကေတာ့ တင္ပါးဒဏ္ရာေၾကာင့္ ယူရို ၂၀၂၀ ၿပိဳင္ပြဲနဲ႕ လြဲေခ်ာ္ခဲ့ရသလို အသင္းလိုက္ေလ့က်င့္ခန္း အစီအစဥ္ေတြမွာလည္း မပါဝင္နိုင္ခဲ့ရတာျဖစ္ပါတယ္။
လက္ရွိမွာေတာ့ ဒဏ္ရာက ျပန္လည္သက္သာလာေပမယ့္လည္းကိုဗစ္−၁၉ ကူးစက္ခံရတာေၾကာင့္ ထပ္မံ အနားယူရဦးမယ္လို႔သိရပါတယ္။
ဟန္ဒါဆင္ကေတာ့ လြန္ခဲ့တဲ့ (၃) ပတ္ခန႔္မွ စတင္ကာ ကိုဗစ္−၁၉ ကူးစက္ခံခဲ့ရတာျဖစ္ၿပီး နာတာရွဘ္ ေမာပန္းႏြမ္းနယ္မႈကိုခံစားေနရတာေၾကာင့္ကုသမႈ ခံယူေနရတယ္လို႔ သိရပါတယ္။
ဒါ့ေၾကာင့္ ဟန္ဒါဆင္အေနနဲ႕ မေန႕က စေကာ့တလန္မွာ ျပဳလုပ္တဲ့ယူနိုက္တက္ရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာေတာ့ ပါဝင္လာနိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။
ကိုဗစ္−၁၉ ကူးစက္ခံရၿပီးေနာက္ နလန္ျပန္ထူနိုင္ဖို႔အတြက္ ကုစားရဦးမွာျဖစ္တာေၾကာင့္ လာမယ့္ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ လိဒ္စ္ယူနိုက္တက္နဲ႕ကစားမယ့္ ပြဲမွာ ဂိုးသမား ဒီဂီယာကို ျမင္ေတြ႕ရဖြယ္ရွိပါတယ္။