Unicode Version
ပရီးမီးယားလိဂ်ကလပ် အက်စတွန် ဗီလာ အသင်း ရဲ့ ပရိသတ်များက အသင်းခေါင်းဆောင် ဂရီးလစ်ရှ်အား ခေါ်ယူရန်ကြိုးပမ်းနေသည့် မန်စီးတီးအသင်းကို ဒေါသထွက်နေကြပြီး လှောင်ပြောင်အော်ဟစ်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။
ဂရီးလစ်ရှ်အားခေါ်ယူရန် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းက ဗီလာအသင်းအလိုရှိ နေတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဖြင့် ကမ်းလှမ်းထားပြီး ဗီလာအသင်းကလည်း ယင်းကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိနေ၍ ဂရီးလစ်ရှ်ဟာ မန်စီးတီးအသင်းသို့ ရောက်နိုင်ချေ ရှိနေပါတယ်။
ဂရီးလစ်ရှ်ကိုယ်တိုင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားလို နေပေမယ့် သူ့ရဲ့ ဗီလာပရိသတ်များကတော့ ၎င ငယ်မွေးခြံပေါက်ကစားသမားဖြစ် လက်ရှိ ကပ္ပဝိန် ဂရီးလစ်ရှ်အား ဆုံးရှုံးမခံလိုဘဲ မန်စီးတီးအသင်းအား စိတ်ဆိုး ဒေါသထွက် နေကြပါတယ်။
ထို့ကြောင့် ဗီလာရဲ့ ရာသီကြိုခြေစမ်းပွဲဖြစ်တဲ့ ဘရစ္စတိုးလ်စီးတီး ၀-၃ ဗီလာပွဲစဥ်မှာ ဗီလာပရိသတ်အချို့က မန်စီးတီးအသင်းကို လှောင်ပြောင်တိုက်ခိုက်သည့် အော်ဟစ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။
ဘရစ္စတိုးလ်စီးတီးအသင်းရဲ့ အိမ်ကွင်း အက်ရှ်တန်ဂိတ်ကွင်း ပွဲကြည့်စင်ပေါ် မှာ ဗီလာပရိသတ်များက မန်စီးတီးအသင်းအား ”အဲဒီပေါင်သန်း(၁၀၀)ကို မင်း –င်ထဲ မင်း ပြန်ထိုးထည့်ထားလိုက်”ဟု သံပြိုင်အော်ဟစ်ခဲ့ကြကြောင်း သိရပါတယ်။
ဗီလာအသင်းဟာ အဝေးကွင်းမှာ ၃ ဂိုးပြတ်နိုင်ခဲ့သည့် ယင်းခြေစမ်းပွဲသို့ ဗီလာပရိသတ် ၁၅၀၀ ခန့် လိုက်ပါအားပေးခဲ့ကြကြောင်း သိရပြီး ထိုပွဲကစားရာမှာ ဂရီးလစ်ရှ် မပါဝင်ခဲ့ကြောင်း သိရပါတယ်။
Zawgyi Version
ပရီးမီးယားလိဂ္ကလပ္ အက္စတြန္ ဗီလာ အသင္း ရဲ႕ ပရိသတ္မ်ားက အသင္းေခါင္းေဆာင္ ဂရီးလစ္ရွ္အား ေခၚယူရန္ႀကိဳးပမ္းေနသည့္ မန္စီးတီးအသင္းကို ေဒါသထြက္ေနၾကၿပီး ေလွာင္ေျပာင္ေအာ္ဟစ္မႈမ်ား ျပဳလုပ္ခဲ့ၾကေၾကာင္း သိရပါတယ္။
ဂရီးလစ္ရွ္အားေခၚယူရန္ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသင္းက ဗီလာအသင္းအလိုရွိ ေနတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀ ျဖင့္ ကမ္းလွမ္းထားၿပီး ဗီလာအသင္းကလည္း ယင္းကမ္းလွမ္းမႈကို လက္ခံဖြယ္ရွိေန၍ ဂရီးလစ္ရွ္ဟာ မန္စီးတီးအသင္းသို႔ ေရာက္နိုင္ေခ် ရွိေနပါတယ္။
ဂရီးလစ္ရွ္ကိုယ္တိုင္ မန္စီးတီးအသင္းသို႔ ေျပာင္းေ႐ႊ႕ကစားလို ေနေပမယ့္ သူ႕ရဲ႕ ဗီလာပရိသတ္မ်ားကေတာ့ ၎င ငယ္ေမြးၿခံေပါက္ကစားသမားျဖစ္ လက္ရွိ ကပၸဝိန္ ဂရီးလစ္ရွ္အား ဆုံးရႈံးမခံလိုဘဲ မန္စီးတီးအသင္းအား စိတ္ဆိုး ေဒါသထြက္ ေနၾကပါတယ္။
ထို႔ေၾကာင့္ ဗီလာရဲ႕ ရာသီႀကိဳေျခစမ္းပြဲျဖစ္တဲ့ ဘရစၥတိုးလ္စီးတီး ၀-၃ ဗီလာပြဲစဥ္မွာ ဗီလာပရိသတ္အခ်ိဳ႕က မန္စီးတီးအသင္းကို ေလွာင္ေျပာင္တိုက္ခိုက္သည့္ ေအာ္ဟစ္မႈမ်ား ျပဳလုပ္ခဲ့ၾကပါတယ္။
ဘရစၥတိုးလ္စီးတီးအသင္းရဲ႕ အိမ္ကြင္း အက္ရွ္တန္ဂိတ္ကြင္း ပြဲၾကည့္စင္ေပၚ မွာ ဗီလာပရိသတ္မ်ားက မန္စီးတီးအသင္းအား ”အဲဒီေပါင္သန္း(၁၀၀)ကို မင္း –င္ထဲ မင္း ျပန္ထိုးထည့္ထားလိုက္”ဟု သံၿပိဳင္ေအာ္ဟစ္ခဲ့ၾကေၾကာင္း သိရပါတယ္။
ဗီလာအသင္းဟာ အေဝးကြင္းမွာ ၃ ဂိုးျပတ္နိုင္ခဲ့သည့္ ယင္းေျခစမ္းပြဲသို႔ ဗီလာပရိသတ္ ၁၅၀၀ ခန႔္ လိုက္ပါအားေပးခဲ့ၾကေၾကာင္း သိရၿပီး ထိုပြဲကစားရာမွာ ဂရီးလစ္ရွ္ မပါဝင္ခဲ့ေၾကာင္း သိရပါတယ္။