Unicode Version
အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပြုလုပ်နေတဲ့ စပါးအသင်းဟာ အီတလီ စီးရီးအေကလပ် အတ္တလန်တာရဲ့ ခံစစ်မှူး ရိုမဲရိုကို ခေါ်ယူနိုင်ဖို့ အတွက် နီးစပ်နေပြီ ဖြစ်ကြောင်း ဥရောပ အခြေစိုက် အားကစားမီဒီယာများက ဖော်ပြထားပါတယ်။
အသက် ၂၃နှစ် အရွယ် သာရှိသေးတဲ့ အာဂျင်တီးနား လက်ရွေးစင် နောက်ခံလူ ရိုမဲရိုဟာ အရပ်အမောင်း မြင့်မားသလို လျင်မြန်မှုလည်း ရှိတာကြောင့် စပါးအသင်းဟာ ရိုမဲရိုကို ပရီးမီးယားလိဂ်မှာ အလွယ်တကူ အံဝင်နိုင်မယ်လို့ ယုံကြည်နေပြီး သူ့ကို ခေါ်ယူဖို့ အချိန်တလနီးပါးခန့် အတ္တလန်တာအသင်းနဲ့ ဆွေးနွေးခဲ့ပါတယ်။
လက်ရှိမှာတော့ ဆွေးနွေးမှုတွေ အားလုံးဟာ တိုးတက်မှု ရှိနေသလို ရိုမဲရိုကလည်း သူဟာ ယခုနှစ် နွေဈေးကွက် အပြောင်းအရွေ့ ကာလ အတွင်းမှာပဲ စပါးအသင်းထံ ပြောင်းရွှေ့ချင်ကြောင်း မိခင်ကလပ် အတ္တလန်တာ အသင်းထံ အသိပေးခဲ့ကြောင်း သိရပါတယ်။
စပါးအသင်းဟာ အတ္တလန်တာအသင်းကို ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် ပေးချေကာ ရိုမဲရိုကို ခေါ်ယူနိုင်တော့မှာ ဖြစ်ကြောင်း သိရပြီး သတင်းများအရ စပါးအသင်းဟာ ရိုမဲရိုကို ၂၀၂၆ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိထားကြောင်း သိရပါတယ်။
တဖက်မှာတော့ စပါးအသင်းရဲ့ နောက်ခံလူ ဆန်းချက်ဟာ အသင်းပြောင်းဖို့ စီစဉ်နေပြီး အင်္ဂလန်နိုင်ငံ ပြင်ပ အသင်းတချို့နဲ့ ဆွေးနွေးမှုတွေ စတင်နေကာ စပါးအသင်းဟာ ဆန်းချက်ကို ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင်နဲ့ ရောင်းချဖို့ သတ်မှတ်ထားကြောင်း သိရပါတယ်။
Zawgyi Version
အသင္းရဲ႕ ခံစစ္ပိုင္းကို အင္အားျဖည့္တင္းဖို႔ ျပဳလုပ္ေနတဲ့ စပါးအသင္းဟာ အီတလီ စီးရီးေအကလပ္ အတၱလန္တာရဲ႕ ခံစစ္မႉး ရိုမဲရိုကို ေခၚယူနိုင္ဖို႔ အတြက္ နီးစပ္ေနၿပီ ျဖစ္ေၾကာင္း ဥေရာပ အေျခစိုက္ အားကစားမီဒီယာမ်ားက ေဖာ္ျပထားပါတယ္။
အသက္ ၂၃ႏွစ္ အ႐ြယ္ သာရွိေသးတဲ့ အာဂ်င္တီးနား လက္ေ႐ြးစင္ ေနာက္ခံလူ ရိုမဲရိုဟာ အရပ္အေမာင္း ျမင့္မားသလို လ်င္ျမန္မႈလည္း ရွိတာေၾကာင့္ စပါးအသင္းဟာ ရိုမဲရိုကို ပရီးမီးယားလိဂ္မွာ အလြယ္တကူ အံဝင္နိုင္မယ္လို႔ ယုံၾကည္ေနၿပီး သူ႕ကို ေခၚယူဖို႔ အခ်ိန္တလနီးပါးခန႔္ အတၱလန္တာအသင္းနဲ႕ ေဆြးေႏြးခဲ့ပါတယ္။
လက္ရွိမွာေတာ့ ေဆြးေႏြးမႈေတြ အားလုံးဟာ တိုးတက္မႈ ရွိေနသလို ရိုမဲရိုကလည္း သူဟာ ယခုႏွစ္ ေႏြေဈးကြက္ အေျပာင္းအေ႐ြ႕ ကာလ အတြင္းမွာပဲ စပါးအသင္းထံ ေျပာင္းေ႐ႊ႕ခ်င္ေၾကာင္း မိခင္ကလပ္ အတၱလန္တာ အသင္းထံ အသိေပးခဲ့ေၾကာင္း သိရပါတယ္။
စပါးအသင္းဟာ အတၱလန္တာအသင္းကို ေျပာင္းေ႐ႊ႕ေၾကး ယူရို ၅၀သန္း ဝန္းက်င္ ေပးေခ်ကာ ရိုမဲရိုကို ေခၚယူနိုင္ေတာ့မွာ ျဖစ္ေၾကာင္း သိရၿပီး သတင္းမ်ားအရ စပါးအသင္းဟာ ရိုမဲရိုကို ၂၀၂၆ခုႏွစ္ အထိ သက္တမ္းရွိတဲ့ စာခ်ဳပ္တရပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရရွိထားေၾကာင္း သိရပါတယ္။
တဖက္မွာေတာ့ စပါးအသင္းရဲ႕ ေနာက္ခံလူ ဆန္းခ်က္ဟာ အသင္းေျပာင္းဖို႔ စီစဥ္ေနၿပီး အဂၤလန္နိုင္ငံ ျပင္ပ အသင္းတခ်ိဳ႕နဲ႕ ေဆြးေႏြးမႈေတြ စတင္ေနကာ စပါးအသင္းဟာ ဆန္းခ်က္ကို ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၀သန္း ဝန္းက်င္နဲ႕ ေရာင္းခ်ဖိဳ႕ သတ္မွတ္ထားေၾကာင္း သိရပါတယ္။