Articles

သင့်ကို အမှန်တကယ်ချစ်တဲ့ ယောက်ျားလေးဆိုတာ ဒီလိုမျိုးပါ

ဒီလို ယောကျော်းကောင်းမျိုးကို ပိုင်ဆိုင်ခွင့် ရခဲ့ရင် ည အိပ်ယာဝင်တိုင်း ရှိခိုးပြီးမှ အိပ်ပါ…









သင့်ကိုတကယ်ချစ်တဲ့ ယောက်ျားဆိုတာ.. အခမ်းနားဆုံး မဖြစ်နိုင်ရင်တောင် အကောင်းဆုံးတော့ သင့်အတွက် ကြိုးစား ဖန်တီးပေးနေ ပါလိမ့်မယ်။ သူ့ဘဝ ရဲ့ ပျော်စေတဲ့ကိစ္စ ရှိလာခဲ့ရင် အရင်ဦးဆုံး သတိရမိသူဟာ သင်ပါပဲ။ သုံးနေကျ Password ဖွင့်ပြောပြတာမျိုး ရှိပါလိမ့်မယ် ၊ လျှိဝှက်ချက် ဆိုတာ သူနဲ့သင့်ကြား မထားတတ်တော့ ပါဘူး။









အနာဂါတ်အတွက် အစီအစဉ်တခုခု သင့်အတွက် ကြိုးစားနေ ပါလိမ့်မယ်။ အပိုငွေ ကုန်ပေါက်တွေ ၊ အပျော်အတွက် ငွေကြေးသုံးစွဲတာတွေ လျော့ပြီး သင့်အတွက် လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးဖို့ အသုံးချတတ် ပါတယ်။ ဘာပဲလုပ်လုပ် သင့်ဆီက ခွင့်တောင်းတတ်ပါတယ် ၊ တချို့ ကိစ္စတွေ အတွက် အကြံဉာဏ် တောင်းတတ်တယ်။









သဘောထားချင်း မတိုက်ဆိုင်တဲ့ ကိစ္စတွေ ရှိနေခဲ့ရင်လည်း အတတ်နိုင်ဆုံး သင့်ဆန္ဒကို လိုက်လျောပေးတတ်တယ်။ သင်နှစ်သက်တဲ့ အစားအသောက် (ဒါမှမဟုတ်) သင်နှစ်သက်တဲ့ ပစ္စည်းတခုခု လမ်းကြုံ တွေ့တဲ့အခါ ဝယ်လာပေးတတ်တယ်။ သင် အပြုအမူတိုင်းဟာ သူ့အတွက် ချစ်ဖို့ ကောင်းနေပါလိမ့်မယ်။









စိတ်ဆိုးတဲ့ အခါ ပြဿနာကို ပြေလည်အောင် ပြောပြတတ်တယ် ၊ သင်မှားနေရင်တောင် တခါတလေ သူ့ဘက်က မာနကို လျော့ချထားတတ် ပါတယ်။ သင် မနှစ်သက်တဲ့ အရာတေကိုဆို အတတ်နိုင်ဆုံး ရှောင်ရှားတယ် ၊ တချို့ ကိစ္စတွေဆို သင့်ကြောင့် ငြင်းဆန်ပစ်လိုက်တဲ့ အထိ ရှိနေတတ်တယ်။ အတူရှိနေချိန် တိုင်း သင့်လက်ဖဝါးလေးကို ဆုပ်ကိုင်ထား တတ်တယ် ။





သင်က သူ့ကို သက်သက်မဲ့ ရစ်နေရင်တောင် သူ့အမှားလား ဆိုပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်နေ တတ်တယ်။ အတိတ်က သင်ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ သူ အလေးထားတာ သင်နဲ့သူ့ရဲ့ မနက်ဖြန်ပါ။ အပေါင်းအသင်းတွေ ရှေ့မှာလည်း သင့်ကို ဘယ်လောက်ချစ်တဲ့ အကြောင်းကို ကြွားစရာ တခုလို ပြောပြနေတတ်တယ်။ သူ့ ဖုန်း Wallpaper မှာ သင့် Photo လေး ထည့်ထားတတ်တယ်။





သူပေးထားတဲ့ ချစ်စနိုး နာမည်ပြောင်လေး သင့်ကို ခဏ ခဏ ခေါ်နေတတ်တယ်။ ကြိုက်သလောက်စားပါ ၊ တက်လာတဲ့ ကိုယ်အလေးချိန်ကို သူအပြစ် မရှာတတ်ပါ။ ဒေါသ ထွက်ရင်တောင်မှ သင့်အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုး မရှိဘူး သူရဲ့ မိန်းခလေး မိတ်ဆွေတွေ အကြောင်းလည်း သင့်ကို ပြောပြထားတတ် ပါတယ်။

သင် တောင်းတဲ့ ကတိကို အတတ်နိုင်ဆုံး ပေးတတ်တယ် ၊ တည်အောင်လည်း လိုက်နာတယ်။ သင် အောင်မြင်မှု ကံကောင်းမှုတွေ ကြုံတဲ့အခါ သူက သင့်ထက် ပျော်နေတတ်ပါတယ်။ သင်က သဝန်တိုတဲ့ အခါ နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းပြတတ်တယ်။ သင့်မွေးနေ့ကို သူမမေ့ဘူး ၊ အမှတ်တရနေ့တွေကို သူမမေ့ဘူး။ သင့် ခံစားချက်ကို သူများထက်ပိုပြီး နားလည်တယ်။





Facebook မှာ သူတင်သမျှ ဟာ သင့်ကို ဘယ်လောက်ထိ ချစ်တဲ့အကြောင်းတွေ ချည်း။ အတူ စကားပြောနေရင်းမှ ရုတ်ချည်း အခြေအနေပြောင်းသွားတဲ့အခါ (သင်က စိတ်ဆိုးတဲ့အခါ) ဟာသလေးတွေနဲ့ အခြေအနေပြောင်းလဲပြစ် တတ်ပါတယ်။ မေးစရာမလိုပါဘူး ၊ ဒီနေ့ဘယ်သွားမယ် ဘယ်မှာ ရှိမယ် ဘာတွေ လုပ်မယ်ဆိုတာ သင့်ကိုအမြဲ အစီရင် ခံနေမှာပါ။

သင့်ကို သူ့ကြောင့် မျက်ရည် မကျစေပါဘူး။ ယုံကြည်ချက် နားလည်မှု သစ္စာ တရား ဒါတွေဟာ သင်မတောင်းလည်း သူ့ဆီက အလိုလိုရမယ့် ချစ်ခြင်းမေတ္တာ တခုပါ။ ဒီလို အချက် တော်တော်များများနဲ့ကိုယ်ညီတဲ့ ချစ်သူ ယောကျာ်းလေးမျိုး သင် ပိုင်ဆိုင်ထားတယ် မဟုတ်လား..

အဲ့ဒါဆိုရင်တော့ သင်ဟာ တကယ် ကံကောင်းတဲ့ မိန်းခလေးပါပဲ.. ။

ALinnPhyo