Unicode Version
လက်ရှိ အချိန်မှာ ကစားပုံ နဲ့ စိတ်ဓာတ်ပိုင်း အကောင်းဆုံး ဖြစ်နေတဲ့ အသင်းကတော့ မန်ချက်စတာ ယူနိုက်တက်ဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရေပန်းအစားဆုံး အသင်းလဲ ဖြစ်နေပါတယ်။ ယခုရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အာဆင်နယ် အသင်းကို ရှုံးနိမ့် ခဲ့တဲ့နောက် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် 10 ပွဲ ဆက်တိုက် ရှုံးပွဲ မရှိအောင် ကစားပြနိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့်လည်း ရာသီ အစ တုန်းက ရလဒ် ဆိုးရွားခဲ့ပေမယ့် အခုလို အမှတ်ပေး ဇယား ထိပ်ပိုင်းကို တက်လှမ်း လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။
အသင်းရဲ့ လက်ရှိအခြေအနေကို အဓိက ပုံ့ပိုးပေးနေတဲ့ ကစားသမားများစွာ ထဲမှာ ဘရူနို ဖာနန်ဒက်စ်က အထင်ရှားဆုံး ဖြစ်နေပါတယ်။ သောကြာနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ဗီလာနဲ့ ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးသွားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ စပို့တင်းကနေ ပြောင်းရွေ့လာကတည်းက ယူနိုက်တက် အတွက်ခြေစွမ်းပြခဲ့သူဖြစ်ပြီး တစ်ခါတစ်ရံ သူ့ရဲ့ မကြောက်မရွံ့မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေက အသင်းအတွက် ထိတ်လန့်ခဲ့ရပါတယ်။
ဘောင်ဆင်ဒေးနေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ လတ်စတာအသင်းနဲ့ ၂-၂ သရေကျ ခဲ့တဲ့ ပွဲမှာဆိုရင်လဲ ဂိုးဧရိယာ ထိပ်မှာ ဘောလုံးကို ရှင်းမထုတ်ပဲ လတ်စတာ ကစားသမားကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ ဘရူနိုကြောင့် ယူနိုက်တက်တို့ ချေပဂိုးပေးခဲ့တာဖြစ်ပါတယ်။ နည်းပြ ဆိုလ်းရှားကတော့ ဘောလုံးကို ဖျက်ထုတ်မှုမရှိခဲ့တဲ့ ဘရူနိုကို မည်သည့်မှတ်ချက်မျှ မပေးခဲ့ပဲ ဘရူနိုဟာ သူ့ရဲ့ ကစားပုံတိုင်း ကစားရင်း ဖြစ်ခဲ့တဲ့ အမှားတစ်ခုလို့ပဲ ပြောကြားခဲ့ပါတယ်။
“ သူဟာ သူကစားနေကျ ပုံအတိုင်းပဲ ကစားခဲ့တာပါ။ တချို့ပွဲစဉ်တွေမှာ သူဟာ ပြိုင်ဘက်ကစားသမားတွေရဲ့ အဓိက လူကပ်ကစားခြင်းခံခဲ့ရပေမယ့် သူ့ရဲ့ ပုံမှန်ခြေစွမ်းကိုပြသပြီး အကောင်းဆုံး ကစားပြနိုင်ပါတယ်။ လတ်စတာနဲ့ ပွဲစဉ်မှာ သူဟာကွင်းတစ်ဝက်လောက်ထိ ကန်ပစ်လိုက်လို့ရပေမယ့် သူကျော်လွှားဖို့ ကြိုးစားခဲ့တယ် ”
“ ယူနိုက်တက်လို အသင်းကြီးမှာ ကစားနေရတာ အမှားတစ်ခုအတွက် ဝေဖန်မယ့် သူတွေ အများကြီး ရှိပါတယ်။ သူကတော့ ဂရုမစိုက်ခဲ့ဘူး။ သူကစားပုံကြည့်ရတာ အရမ်းကောင်းပါတယ်။ သူက ရဲရင့်ပြီး ဘယ်လို အသင်းမျိုးနဲ့ ရင်ဆိုင်နေရပါစေ သူ့ရဲ့ခြေစွမ်း ကျဆင်းနေတယ်လို့ မရှိဘူး။ ကျွန်တော်ပြောတဲ့ ရဲရင့်တယ်ဆိုတာ ပြိုင်ဘက်ကစားသမားတွေ ကြားထဲ တစ်ကိုယ်တော် ဆွဲပြေးတာ မဟုတ်ဘူးနော်။ ဘယ်အခြေအနေပဲ ရောက်ရောက် ကိုယ့်ရဲ့ ပုံမှန်ကစားပုံအတိုင်း ကစားတာကို ပြောချင်တာပါ ”
Zawgyi Version
လက္ရွိ အခ်ိန္မွာ ကစားပုံ နဲ႕ စိတ္ဓာတ္ပိုင္းဆုံးျဖစ္ေနတဲ့ အသင္းကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ျဖစ္ၿပီး ပရီးမီးယားလိဂ္ ခ်ိန္ပီယံဆုအတြက္ ေရပန္းအစားဆုံး အသင္းလဲ ျဖစ္ေနပါတယ္။ ယခုရာသီ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ အာဆင္နယ္ အသင္းကို ရႈံးနိမ့္ခဲ့တဲ့ေနာက္ ေနာက္ဆုံး ကစားခဲ့တဲ့ ပြဲစဥ္ 10 ပြဲ ဆက္တိုက္ ရႈံးပြဲ မရွိေအာင္ ကစားျပနိုင္ခဲ့ ပါတယ္ ။ ဒါ့ေၾကာင့္လည္း ရာသီ အစ တုန္းက ရလဒ္ ဆိုး႐ြားခဲ့ေပမယ့္ အခုလို အမွတ္ေပး ဇယား ထိပ္ပိုင္းကို တက္လွမ္း လာနိုင္ခဲ့တာပဲ ျဖစ္ပါတယ္ ။
အသင္းရဲ႕ လက္ရွိအေျခအေနကို အဓိက ပုံ႕ပိုးေပးေနတဲ့ ကစားသမားမ်ားစြာထဲမွာ ဘ႐ူနို ဖာနန္ဒက္စ္က အထင္ရွားဆုံးျဖစ္ေနပါတယ္။ ေသာၾကာေန႕ညက ယွဥ္ၿပိဳင္ခဲ့တဲ့ ဗီလာနဲ႕ ပြဲစဥ္မွာ အသင္းအတြက္ အနိုင္ဂိုးကို ပင္နယ္တီကေန သြင္းယူေပးသြားခဲ့ပါတယ္။ ဘ႐ူနိုဖာနနဒက္စ္ဟာ စပို႔တင္းကေန ေျပာင္းေ႐ြ႕လာကတည္းက ယူနိုက္တက္ အတြက္ေျခစြမ္းျပခဲ့သူျဖစ္ၿပီး တစ္ခါတစ္ရံ သူ႕ရဲ႕ မေၾကာက္မ႐ြံ႕မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ေတြက အသင္းအတြက္ ထိတ္လန႔္ခဲ့ရပါတယ္။
ေဘာင္ဆင္ေဒးေန႕မွာ ယွဥ္ၿပိဳင္ခဲ့တဲ့ လတ္စတာအသင္းနဲ႕ ၂-၂ သေရက် ခဲ့တဲ့ ပြဲမွာဆိုရင္လဲ ဂိုးဧရိယာ ထိပ္မွာ ေဘာလုံးကို ရွင္းမထုတ္ပဲ လတ္စတာကစားသမားကို ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားခဲ့တဲ့ ဘ႐ူနိုေၾကာင့္ ယူနိုက္တက္တို႔ ေခ်ပဂိုးေပးခဲ့တာျဖစ္ပါတယ္။ နည္းျပ ဆိုလ္းရွားကေတာ့ ေဘာလုံးကို ဖ်က္ထုတ္မႈမရွိခဲ့တဲ့ ဘ႐ူနိုကို မည္သည့္မွတ္ခ်က္မွ် မေပးခဲ့ပဲ ဘ႐ူနိုဟာ သူ႕ရဲ႕ ကစားပုံတိုင္း ကစားရင္း ျဖစ္ခဲ့တဲ့ အမွားတစ္ခုလို႔ပဲ ေျပာၾကားခဲ့ပါတယ္။
“ သူဟာ သူကစားေနက် ပုံအတိုင္းပဲ ကစားခဲ့တာပါ။ တခ်ိဳ႕ပြဲစဥ္ေတြမွာ သူဟာ ၿပိဳင္ဘက္ကစားသမားေတြရဲ႕ အဓိက လူကပ္ကစားျခင္းခံခဲ့ရေပမယ့္ သူ႕ရဲ႕ ပုံမွန္ေျခစြမ္းကိုျပသၿပီး အေကာင္းဆုံး ကစားျပနိုင္ပါတယ္။ လတ္စတာနဲ႕ ပြဲစဥ္မွာ သူဟာကြင္းတစ္ဝက္ေလာက္ထိ ကန္ပစ္လိုက္လို႔ရေပမယ့္ သူေက်ာ္လႊားဖို႔ ႀကိဳးစားခဲ့တယ္ ”
“ ယူနိုက္တက္လို အသင္းႀကီးမွာ ကစားေနရတာ အမွားတစ္ခုအတြက္ ေဝဖန္မယ့္ သူေတြ အမ်ားႀကီး ရွိပါတယ္။ သူကေတာ့ ဂ႐ုမစိုက္ခဲ့ဘူး။ သူကစားပုံၾကည့္ရတာ အရမ္းေကာင္းပါတယ္။ သူက ရဲရင့္ၿပီး ဘယ္လို အသင္းမ်ိဳးနဲ႕ ရင္ဆိုင္ေနရပါေစ သူ႕ရဲ႕ေျခစြမ္းက်ဆင္းေနတယ္လို႔မရွိဘူး။ ကြၽန္ေတာ္ေျပာတဲ့ ရဲရင့္တယ္ဆိုတာ ၿပိဳင္ဘက္ကစားသမားေတြ ၾကားထဲ တစ္ကိုယ္ေတာ္ဆြဲေျပးတာ မဟုတ္ဘူးေနာ္။ ဘယ္အေျခအေနပဲေရာက္ေရာက္ ကိုယ့္ရဲ႕ ပုံမွန္ကစားပုံအတိုင္း ကစားတာကိုေျပာခ်င္တာပါ ”