Spots news

အသက် ၄၀ အထိ ဘောလုံးကန်ဖို့ စာချုပ်ချုပ်ဆိုလိုက်တဲ့ ဂြိုလ်သား မက်ဆီ

Unicode Version

အသင်းလက်မဲ့ ရက်ပိုင်းလောက် ဖြစ်သွားတဲ့ လီယွန်နယ် မက်ဆီကို ဘာစီလိုနာအသင်းက စာချုပ်သစ်အတွက် ထပ်မံ သဘောတူညီမှု ရခဲ့ပါတယ်။ အဆိုပါ သဘောတူညီမှုမှာတော့ မက်ဆီဟာ အသင်းနှင့်အတူ နောက်ထပ် ၅နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ အသက် ၃၄နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ မက်ဆီဟာ အသက် ၄၀လောက်အထိ ဘာစီလိုနာမှာ ဆက် ရှိနေတော့မှာလည်း ဖြစ်ပါတယ်။ဒီလို စာချုပ်သစ်ချုပ်ဆိုရာမှာတော့ မူလ မက်ဆီရရှိနေတဲ့ လစာ ပမာဏကို တစ်ဝက်လျော့ယူပြီး သက်တမ်းတိုးခဲ့ တာလည်း ဖြစ်ပါတယ်။

အတည်ပြု ကြေငြာခြင်း မရှိသေးသော်လည်း Sportsရဲ့ ဖော်ပြချက်အရ မကြာခင် ရက်ပိုင်းမှာ မက်ဆီရဲ့ ဖခင်နဲ့ ဘာစီလိုနာ အသင်းတို့ ဆွေးနွေး ညှိနှိုင်းမှုတွေ ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း သိရပါသေးတယ်။

မက်ဆီဟာ ဘာစီလိုနာ အသင်းမှာသာ ကစားသမားဘဝ ကုန်ဆုံးတဲ့အထိ ရှိတော့မယ့် စာချုပ်တစ်ရပ်ကို ချုပ်ဆို နိုင်ခဲ့တာ ဖြစ်ပြီး ယခင် တစ်ပတ်လုပ်ခ ပေါင် ၅သိန်းလောက်ရနေရာမှယခုအခါ ၂သိန်းခွဲသာ ရတော့မှာလည်း ဖြစ် ပါတယ်။

ဘာစီလိုနာအသင်းဟာ လာလီဂါရဲ့ သတ်မှတ် ဘဏ္ဍာရေး ကန့်သတ်ချက်ရှိနေပြီး ငွေကြေး သုံးစွဲမှုတွေကို လျော့ ချနေရပါတယ်။ ဒီအထဲမှာ ကစားသမား လစာတွေကိုလည်း များစွာာ လျော့ပေးရပြီး ကလပ်အသင်း အသုံးစရိတ်တွေကို မျှခြေ ဖြစ်အောင် ဆောင်ရွက်နေရတာပါ။

မက်ဆီနည်းတူ အခြား အသင်းမှာ ရှိနေတဲ့ နာမည်ကျော် ကစားသမားတွေကိုလည်း လစာ လျော့ယူပေးဖို့ ညှိနှိုင်း ရမှုတွေ ရှိနေပါတယ်။

Zawgyi Version

အသင္းလက္မဲ့ ရက္ပိုင္းေလာက္ ျဖစ္သြားတဲ့ လီယြန္နယ္ မက္ဆီကို ဘာစီလိုနာအသင္းက စာခ်ဳပ္သစ္အတြက္ ထပ္မံ သေဘာတူညီမႈ ရခဲ့ပါတယ္။ အဆိုပါ သေဘာတူညီမႈမွာေတာ့ မက္ဆီဟာ အသင္းႏွင့္အတူ ေနာက္ထပ္ ၅ႏွစ္ သက္တမ္းရွိတဲ့ စာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုနိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ လက္ရွိ အသက္ ၃၄ႏွစ္အ႐ြယ္ရွိၿပီ ျဖစ္တဲ့ မက္ဆီဟာ အသက္ ၄၀ေလာက္အထိ ဘာစီလိုနာမွာ ဆက္ ရွိေနေတာ့မွာလည္း ျဖစ္ပါတယ္။ဒီလို စာခ်ဳပ္သစ္ခ်ဳပ္ဆိုရာမွာေတာ့ မူလ မက္ဆီရရွိေနတဲ့ လစာ ပမာဏကို တစ္ဝက္ေလ်ာ့ယူၿပီး သက္တမ္းတိုးခဲ့ တာလည္း ျဖစ္ပါတယ္။

အတည္ျပဳ ေၾကျငာျခင္း မရွိေသးေသာ္လည္း Sportsရဲ႕ ေဖာ္ျပခ်က္အရ မၾကာခင္ ရက္ပိုင္းမွာ မက္ဆီရဲ႕ ဖခင္နဲ႕ ဘာစီလိုနာ အသင္းတို႔ ေဆြးေႏြး ညွိႏွိုင္းမႈေတြ ေဆာင္႐ြက္သြားဖို႔ ရွိတယ္လို႔လည္း သိရပါေသးတယ္။

မက္ဆီဟာ ဘာစီလိုနာ အသင္းမွာသာ ကစားသမားဘဝ ကုန္ဆုံးတဲ့အထိ ရွိေတာ့မယ့္ စာခ်ဳပ္တစ္ရပ္ကို ခ်ဳပ္ဆို နိုင္ခဲ့တာ ျဖစ္ၿပီး ယခင္ တစ္ပတ္လုပ္ခ ေပါင္ ၅သိန္းေလာက္ရေနရာမွယခုအခါ ၂သိန္းခြဲသာ ရေတာ့မွာလည္း ျဖစ္ ပါတယ္။

ဘာစီလိုနာအသင္းဟာ လာလီဂါရဲ႕ သတ္မွတ္ ဘ႑ာေရး ကန႔္သတ္ခ်က္ရွိေနၿပီး ေငြေၾကး သုံးစြဲမႈေတြကို ေလ်ာ့ ခ်ေနရပါတယ္။ ဒီအထဲမွာ ကစားသမား လစာေတြကိုလည္း မ်ားစြာာ ေလ်ာ့ေပးရၿပီး ကလပ္အသင္း အသုံးစရိတ္ေတြကို မွ်ေျခ ျဖစ္ေအာင္ ေဆာင္႐ြက္ေနရတာပါ။

မက္ဆီနည္းတူ အျခား အသင္းမွာ ရွိေနတဲ့ နာမည္ေက်ာ္ ကစားသမားေတြကိုလည္း လစာ ေလ်ာ့ယူေပးဖို႔ ညွိႏွိုင္း ရမႈေတြ ရွိေနပါတယ္။