Spots news

အရင်နေရာဟောင်းကို ပြန်သွားပြီး အနားယူဖို့ စိတ်ကူးရှိနေတဲ့ ရော်နယ်ဒို

Unicode Version

ဂျူဗင်တပ်စ်နဲ့အတူ ရာသီကြိုလေ့ကျင့်မှုတွေကို ပြန်လည်လုပ်ဆောင်နေတဲ့အချိန်မှာပဲ ရော်နယ်ဒိုက တူရင်ကနေထွက်ခွာချင်တယ်ဆိုတဲ့ သတင်းတွေ ပြန်လည်ထွက်ပေါ်လာပြန်ပါပြီ။

ယူရို ၂၀၂၀ ပြိုင်ပွဲကနေ ပေါ်တူဂီထွက်ခွာခဲ့ရပြီးနောက် အနားယူအပန်းဖြေခဲ့တဲ့ ရော်နယ်ဒိုဟာ အားလပ်ရက်ကုန်ဆုံးလို့ နည်းပြအယ်လီဂရီရဲ့အသင်းနဲ့ ပြန်လည်ပူးပေါင်းနေတာ တစ်ပတ်ခန့်ရှိနေပြီဖြစ်ပါတယ်။

ဂျူဗီကလည်း ရော်နယ်ဒိုဟာ အသင်းမှာဆက်ရှိနေမယ်လို့ အခိုင်အမာပြောဆိုထားသလို ကစားသမားကလည်း အနာဂတ်နဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေချိန်မှာ အပြောင်းအရွှေ့သတင်းတွေ ထပ်မံထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

စပိန်သတင်းစာ AS က ဘလွန်းဒီအောဆုငါးကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုဟာ အသင်းဟောင်းရီးရဲလ်မက်ဒရစ်မှာ နည်းပြကားလို့စ်အန်ဆယ်လော့တီလက်အောက် ပြန်ကစားချင်နေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

တဖက်မှာလည်း ပီအက်စ်ဂျီက ရော်နယ်ဒိုကို ခေါ်လို့ရရင်ခေါ်မယ်ဆိိုတဲ့ အနေအထားမှာရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်လည်း ပြိုင်ဘက်အသင်းဂိုးဧရိယာအတွင်းမှာ

ခြင်္သေ့တစ်ကောင်လို ကစားနိုင်စွမ်းရှိနေဆဲဖြစ်ပြီး အပြင်းစားကစ်တွေနဲ့ ဂိုးသွင်းယူနိုင်သေးတဲ့ ရော်နယ်ဒိုကို လုပ်ခလစာသာ တတ်နိုင်မယ်ဆိုရင် ခေါ်ယူချင်တဲ့အသင်းတွေက အများအပြားရှိနေတာလည်းဖြစ်ပါတယ်။

ဂျူဗီနဲ့ ရော်နယ်ဒိုတို့ရဲ့ စာချုပ်သက်တမ်းဟာ ၁၂ လသာကျန်ရှိတော့ပြီး စာချုပ်သစ်ချုပ်ဆိုထားခြင်းလည်းမရှိသေးတာဖြစ်ပါတယ်။ တကယ်လို့ ဂျူဗီအနေနဲ့ စာချုပ်သစ်မချုပ်ဆိိုရင် နောက် ၆ လမှာ ရော်နယ်ဒိုက နှစ်သက်ရာအသင်းနဲ့ အကြိုသဘောတူညီမှုရယူနိုင်မှာပါ။

ဒါဆို ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မှာလည်းဖြစ်တာကြောင့် ရော်နယ်ဒိုကို စာချုပ်သစ်ချုပ်ဆိုမှာလား၊ အလွတ်ထွက်ခွာခွင့်ပေးမှာလားဆိုတာကို ဂျူဗီက ဆုံးဖြတ်ရဖို့လည်း ရှိနေပါတယ်။

Zawgyi Version

ဂ်ဴဗင္တပ္စ္နဲ႕အတူ ရာသီႀကိဳေလ့က်င့္မႈေတြကို ျပန္လည္လုပ္ေဆာင္ေနတဲ့အခ်ိန္မွာပဲ ေရာ္နယ္ဒိုက တူရင္ကေနထြက္ခြာခ်င္တယ္ဆိုတဲ့ သတင္းေတြ ျပန္လည္ထြက္ေပၚလာျပန္ပါၿပီ။

ယူရို ၂၀၂၀ ၿပိဳင္ပြဲကေန ေပၚတူဂီထြက္ခြာခဲ့ရၿပီးေနာက္ အနားယူအပန္းေျဖခဲ့တဲ့ ေရာ္နယ္ဒိုဟာ အားလပ္ရက္ကုန္ဆုံးလို႔ နည္းျပအယ္လီဂရီရဲ႕အသင္းနဲ႕ ျပန္လည္ပူးေပါင္းေနတာ တစ္ပတ္ခန႔္ရွိေနၿပီျဖစ္ပါတယ္။

ဂ်ဴဗီကလည္း ေရာ္နယ္ဒိုဟာ အသင္းမွာဆက္ရွိေနမယ္လို႔ အခိုင္အမာေျပာဆိုထားသလို ကစားသမားကလည္း အနာဂတ္နဲ႕ပတ္သက္ၿပီး ႏႈတ္ဆိတ္ေနခ်ိန္မွာ အေျပာင္းအေ႐ႊ႕သတင္းေတြ ထပ္မံထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

စပိန္သတင္းစာ AS က ဘလြန္းဒီေအာဆုငါးႀကိမ္ရရွိထားတဲ့ ေရာ္နယ္ဒိုဟာ အသင္းေဟာင္းရီးရဲလ္မက္ဒရစ္မွာ နည္းျပကားလို႔စ္အန္ဆယ္ေလာ့တီလက္ေအာက္ ျပန္ကစားခ်င္ေနတယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

တဖက္မွာလည္း ပီအက္စ္ဂ်ီက ေရာ္နယ္ဒိုကို ေခၚလို႔ရရင္ေခၚမယ္ဆိိုတဲ့ အေနအထားမွာရွိေနဆဲျဖစ္တယ္လို႔လည္း သိရပါတယ္။ အသက္ ၃၆ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ေပမယ့္လည္း ၿပိဳင္ဘက္အသင္းဂိုးဧရိယာအတြင္းမွာ

ျခေသၤ့တစ္ေကာင္လို ကစားနိုင္စြမ္းရွိေနဆဲျဖစ္ၿပီး အျပင္းစားကစ္ေတြနဲ႕ ဂိုးသြင္းယူနိုင္ေသးတဲ့ ေရာ္နယ္ဒိုကို လုပ္ခလစာသာ တတ္နိုင္မယ္ဆိုရင္ ေခၚယူခ်င္တဲ့အသင္းေတြက အမ်ားအျပားရွိေနတာလည္းျဖစ္ပါတယ္။

ဂ်ဴဗီနဲ႕ ေရာ္နယ္ဒိုတို႔ရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၁၂ လသာက်န္ရွိေတာ့ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားျခင္းလည္းမရွိေသးတာျဖစ္ပါတယ္။ တကယ္လို႔ ဂ်ဴဗီအေနနဲ႕ စာခ်ဳပ္သစ္မခ်ဳပ္ဆိိုရင္ ေနာက္ ၆ လမွာ ေရာ္နယ္ဒိုက ႏွစ္သက္ရာအသင္းနဲ႕ အႀကိဳသေဘာတူညီမႈရယူနိုင္မွာပါ။

ဒါဆို ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ထြက္ခြာနိုင္မွာလည္းျဖစ္တာေၾကာင့္ ေရာ္နယ္ဒိုကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုမွာလား၊ အလြတ္ထြက္ခြာခြင့္ေပးမွာလားဆိုတာကို ဂ်ဴဗီက ဆုံးျဖတ္ရဖို႔လည္း ရွိေနပါတယ္။