Spots news

Breaking: ‌အတ္တလန်တာနောက်ခံလူ ရိုမဲရိုကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တဲ့ တော့တင်ဟမ်ဟော့ စပါး

Unicode Version

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးအသင်းဟာ အီတလီ စီးရီးအေကလပ် အတ္တလန်တာအသင်းရဲ့ အာဂျင်တီးနား နောက်ခံလူ ရိုမဲရိုကို ခေါ်ယူဖို့ ကစားသမားနဲ့ရော အသင်းနဲ့ပါ တရားဝင် သဘောတူညီမှု ရခဲ့ကြောင်း သိရှိရပါတယ်။

စပါးအသင်းဟာ ရိုမဲရိုအတွက် အတ္တလန်တာအသင်းကို စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ပေးချေရမှာ ဖြစ်ပြီး ရိုမဲရိုကိုတော့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရယူထားနိုင်ပါတယ်။

အတ္တလန်တာအသင်းက အသင်းရဲ့ အာဂျင်တီးနား နောက်ခံကစားသမား ခရစ္စတီယန်ရိုမဲရိုကို စပါးအသင်းဆီ ရောင်းချဖို့အတွက် သဘောတူညီလိုက်တယ်လို့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက

သူရဲ့တွစ်တာစာမျက်နှာကနေ ဖော်ပြထားပြီး စပါးအသင်းဟာ ရိုမဲရိုးအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ + အပိုဆုကြေး ယူရို ၅ သန်းနဲ့ ကမ်းလှမ်းလာမှုကို အတ္တလန်တာဘက်ကနေ လက်ခံသွားခဲ့တယ်လို့ ဆိုပါတယ်။

အတ္တလန်တာအသင်း ကတော့ ရိုမဲရိုရဲ့နေရာ အတွက် အစားထိုးမှုအဖြစ် ဂျူဗင်တပ်အသင်းရဲ့ တူရကီ ဗဟိုနောက်ခံလူ ဒီမီရယ်ကို ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

Zawgyi Version




