Spots news

စပါးမှာ တစ်ကိုယ်တော်ဆန္ဒပြ လေ့ကျင့်ခန်းမဆင်းပဲ CDM လုပ်နေတဲ့ ဟယ်ရီကိန်း

Unicode Version

စပါးအသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက‌တော့ သူ့ကို အသင်းပြောင်းရွေ့ခွင့် မပေးတဲ့ အတွက် စပါးအသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်း အကြောင်းမကြားပဲ အေးဆေးနေလျက် ရှိကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ထိပ်တန်း တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး အချိန်တွေကို စပါးအသင်းမှာသာ မြှုပ်နှံခဲ့ပေမယ့် ကစားသမား ဘဝ ဆုဖလားအောင်မြင်မှုတွေ ရရှိဖို့ ခက်ခဲနေတာကြောင့် စပါးအသင်း ကနေ ထွက်ခွာဖို့ တောင်းဆိုထားပါတယ်။

ဟယ်ရီကိန်းဟာ ဆုဖလား အောင်မြင်မှုတွေ ရရှိဖို့ မိခင်ကလပ် စပါးအသင်းကနေ ထွက်ခွာချင်တဲ့ အကြောင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီ မကုန်မီထဲက ပြောဆိုထားပြီး စပါးအသင်း ကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ ဟယ်ရီကိန်းကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းချင်နေပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ မန်စီးတီးအသင်းက စိတ်ဝင်စားနေကာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာလည်း ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတွက် စပါးအသင်းထံ တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ပေမယ့် စပါးအသင်းက ရောင်းချဖို့ ငြင်းဆန်ခဲ့ပါတယ်။

ထို့ကြောင့် ဟယ်ရီကိန်းဟာ သူ့ကို ထွက်ခွာခွင့် မပေးတဲ့ စပါးအသင်းရဲ့ လုပ်ရပ်ကို စိတ်ပျက်နေသလို ရာသီကြို ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ စပါးအသင်းထံ လာရောက်ကာ လေ့ကျင့်ရေးမဆင်း အကြောင်းမကြားပဲ ရှိနေကြောင်း လန်ဒန်မြို့ သတင်းဌာနတွေက ဆိုပါတယ်။

ဟယ်ရီကိန်းဟာ လေ့ကျင့်ရေး မဆင်းတဲ့ အတွက် စပါးရဲ့ ဒဏ်ရိုက်ခံရဖို့ ရှိပေမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်သွားမှာ မဟုတ်ပဲ သူ့ကို ထွက်ခွာခွင့် ပေးဖို့ ဆက်လက် တောင်းဆို ဆန္ဒပြသွားဖို့ ရှိနေပါတယ်။

Zawgyi Version

စပါးအသင္းနဲ႕ အဂၤလန္ လက္ေ႐ြးစင္အသင္းတို႔ရဲ႕ အဓိက တိုက္စစ္မႉး ဟယ္ရီကိန္းက‌ေတာ့ သူ႕ကို အသင္းေျပာင္းေ႐ြ႕ခြင့္ မေပးတဲ့ အတြက္ စပါးအသင္းနဲ႕အတူ ေလ့က်င့္ခန္းမဆင္း အေၾကာင္းမၾကားပဲ ေအးေဆးေနလ်က္ ရွိေၾကာင္း ၿဗိတိန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

အသက္ ၂၈ႏွစ္ အ႐ြယ္ရွိၿပီ ျဖစ္တဲ့ ထိပ္တန္း တိုက္စစ္မႉး ဟယ္ရီကိန္းကေတာ့ သူ႕ရဲ႕ ကစားသမား ဘဝ အေကာင္းဆုံး အခ်ိန္ေတြကို စပါးအသင္းမွာသာ ျမႇုပ္ႏွံခဲ့ေပမယ့္ ကစားသမား ဘဝ ဆုဖလားေအာင္ျမင္မႈေတြ ရရွိဖို႔ ခက္ခဲေနတာေၾကာင့္ စပါးအသင္း ကေန ထြက္ခြာဖို႔ ေတာင္းဆိုထားပါတယ္။

ဟယ္ရီကိန္းဟာ ဆုဖလား ေအာင္ျမင္မႈေတြ ရရွိဖို႔ မိခင္ကလပ္ စပါးအသင္းကေန ထြက္ခြာခ်င္တဲ့ အေၾကာင္းကို ၿပီးခဲ့တဲ့ ေဘာလုံးရာသီ မကုန္မီထဲက ေျပာဆိုထားၿပီး စပါးအသင္း ကေတာ့ သူတို႔အသင္းရဲ႕ အဓိက ကစားသမား ျဖစ္သူ ဟယ္ရီကိန္းကို အသင္းမွာပဲ ဆက္လက္ ထိန္းသိမ္းခ်င္ေနပါတယ္။

လက္ရွိ ပရီးမီးယားလိဂ္ ခ်န္ပီယံအသင္း ျဖစ္တဲ့ မန္စီးတီးအသင္းက စိတ္ဝင္စားေနကာ ၿပီးခဲ့တဲ့ ဇူလိုင္လထဲမွာလည္း ဟယ္ရီကိန္းကို ေခၚယူဖို႔ အတြက္ စပါးအသင္းထံ တရားဝင္ ကမ္းလွမ္းမႈ တခု ျပဳလုပ္ခဲ့ေပမယ့္ စပါးအသင္းက ေရာင္းခ်ဖိဳ႕ ျငင္းဆန္ခဲ့ပါတယ္။

ထို႔ေၾကာင့္ ဟယ္ရီကိန္းဟာ သူ႕ကို ထြက္ခြာခြင့္ မေပးတဲ့ စပါးအသင္းရဲ႕ လုပ္ရပ္ကို စိတ္ပ်က္ေနသလို ရာသီႀကိဳ ျပင္ဆင္မႈေတြ ျပဳလုပ္ေနတဲ့ စပါးအသင္းထံ လာေရာက္ကာ ေလ့က်င့္ေရးမဆင္း အေၾကာင္းမၾကားပဲ ရွိေနေၾကာင္း လန္ဒန္ၿမိဳ႕ သတင္းဌာနေတြက ဆိုပါတယ္။

ဟယ္ရီကိန္းဟာ ေလ့က်င့္ေရး မဆင္းတဲ့ အတြက္ စပါးရဲ႕ ဒဏ္ရိုက္ခံရဖို႔ ရွိေပမယ့္ သူ႕ရဲ႕ ဆုံးျဖတ္ခ်က္ကို ျပန္လည္ ျပင္ဆင္သြားမွာ မဟုတ္ပဲ သူ႕ကို ထြက္ခြာခြင့္ ေပးဖို႔ ဆက္လက္ ေတာင္းဆို ဆႏၵျပသြားဖို႔ ရွိေနပါတယ္။