Spots news

စာချုပ်သစ်ချုပ်ဆိုမယ့် ပေါ့ဘာနဲ့ 24 နာရီအတွင်း ရောက်မယ့် ဗာရန်းနဲ့ သတင်းတိုများ

Unicode Version

ခံစစ်မှုးသစ် ဗာရန်းသည် မူလကတနင်္လာနေ့တွင်အင်္ဂလန်သို့ထွက်ခွာရန်စီစဥ်ထားခဲ့သော်လည်း ဗီဇာပြုလုပ်ရာ၌အခက်အခဲတစ်ချို့ကြုံတွေ့ခဲ့ရသောကြောင့်

နောက်ကျနေခဲ့ခြင်းဖြစ်သည်။ ယခုအခါ ကိစ္စအဝဝပြီးပြတ်သွားပြီဖြစ်၍ (၂၄)နာရီအတွင်းမန်ချက်စတာမြို့၌ရှိနေမည်ဖြစ်သည်။

ရူဘင် နီးဗက်စ် အနေဖြင့် ယခုနှစ်နွေတွင် ဝုဗ်အသင်းမှထွက်ခွာနိုင်ချေရှိသည်။ ယူနိုက်တက်နှင့်အာဆင်နယ်တို့အလိုရှိသည့်ကစားသမားစာရင်းတွင်

ပါဝင်နေသူဖြစ်သော်လည်း ယခုအချိန်၌ မည်သည့်အသင်းကမျှ ဝုဗ်နှင့်တရားဝင်ဆွေးနွေးနေခြင်းမရှိသေးပေ။

ပေါ့ဘာ အား စာချုပ်သက်တမ်းတိုးနိုင်ရန် ယူနိုက်တက်ဘက်မှယုံကြည်ထားသည်။ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာ နှင့် သဘောတူညီမှုရရှိရန် လုပ်​ဆောင်နေပြီဖြစ်သည်။

ယူရိုပြိုင်ပွဲမတိုင်မီကပင် ယူနိုက်တက်နှင့်ပေါ့ဂ်ဘာ၏ ကိုယ်စားလှယ်များအကြား စာချုပ်သစ်အတွက်စကားစမြည်ပြောဆိုခဲ့ဖူးသည်။

မကြာမီအချိန်အတွင်း စာချုပ်သစ်ကိစ္စကို ယခုထက်ပို၍ပြင်ဆင်လာမည်ဖြစ်သည်။ ပေါ့ဘာ ကိုယ်တိုင်မှာလည်း စာချုပ်သစ်ချုပ်ဆိုမည့်ကိစ္စကို

ယတိပြတ်ငြင်းဆန်ထားခြင်းမျိုးမဟုတ်ပေ။ မန်ချက်စတာတွင်ပျော်ရွှင်နေသည်ဟုလည်းသိရပြန်သည်။

ညာနောက်ခံလူ ဒါးလော့ ထွက်ခွာသွားမည်ဆိုပါက ထရစ်ပီယာ အား ခေါ်ယူရန် ကြိုးပမ်းမည်ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် အက်သလက်တီကိုနှင့်

မည်သည့်ဆွေးနွေးမှုကိုမျှမပြုလုပ်ရသေးပေ။ အကြောင်းမှာ ဒါးလော့ ၏ အနေအထားကို စောင့်ကြည့်ရန်လိုအပ်သောကြောင့်ဖြစ်သည်။

ကာမာဗင်ဂါ နှင့် ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုရယူရန်မှာ လွယ်ကူမည်မဟုတ်ပေ။ အကြောင်းမှာ ကစားသမားက အခြေအနေအရပ်ရပ်ကိုစောင့်ကြည့်လိုသောကြောင့်ဖြစ်သည်။

လာမည့်နွေတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရမည်ဆိုပါက ယှဥ်ပြိုင်ရမည့်ကလပ်အသင်းများရှိလာနိုင်ကြောင်းကိုလည်း ယူနိုက်တက်မှနားလည်ထားပြီးဖြစ်သည်။

ယခုနှစ်နွေစျေးကွက်တွင် ဂိုးသမား ဒီဂီယာ အနေဖြင့် ယူနိုက်တက်တွင်သာဆက်ရှိနေမည်ဖြစ်သည်။ ၄င်း၏လစာပမာဏမှာ အခြားအသင်းများအတွက်အခက်အခဲတစ်ခုပင်ဖြစ်သည်။

ထို့အပြင် စျေးကွက်တွင် ဒီဂီယာ ကဲ့သို့ ထိပ်တန်းဂိုးသမားတစ်ဦးကိုခေါ်ယူရန် မည်သည့်အသင်းကမျှ လိုက်လံရှာဖွေနေခြင်းမရှိသောကြောင့်ဖြစ်သည်။

ဒီကလန်ရိုက်စ် အား ဆက်လက်ထိန်းသိမ်းရန် ဝက်စ်ဟမ်းအနေဖြင့်တတ်နိုင်သမျှအရာအားလုံးကို ပြုလုပ်သွားမည်ဖြစ်သည်။ သာမန်ထက်ထူးခြားသည့်ကမ်းလှမ်းမှု

တစ်ခုခုကိုပြုလုပ်နိုင်မှသာ ရိုက်စ် ကို ရမည်ဖြစ်သည်။ ထိပ်တန်းအသင်းကြီးများစောင့်ကြည့်နေသည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။

Zawgyi Version

ခံစစ္မႈးသစ္ ဗာရန္းသည္ မူလကတနလၤာေန႕တြင္အဂၤလန္သို႔ထြက္ခြာရန္စီစဥ္ထားခဲ့ေသာ္လည္း ဗီဇာျပဳလုပ္ရာ၌အခက္အခဲတစ္ခ်ိဳ႕ႀကဳံေတြ႕ခဲ့ရေသာေၾကာင့္ ေနာက္က်ေနခဲ့ျခင္းျဖစ္သည္။ ယခုအခါ ကိစၥအဝဝၿပီးျပတ္သြားၿပီျဖစ္၍ (၂၄)နာရီအတြင္းမန္ခ်က္စတာၿမိဳ႕၌ရွိေနမည္ျဖစ္သည္။

႐ူဘင္ နီးဗက္စ္ အေနျဖင့္ ယခုႏွစ္ေႏြတြင္ ဝုဗ္အသင္းမွထြက္ခြာနိုင္ေခ်ရွိသည္။ ယူနိုက္တက္ႏွင့္အာဆင္နယ္တို႔အလိုရွိသည့္ကစားသမားစာရင္းတြင္ ပါဝင္ေနသူျဖစ္ေသာ္လည္း ယခုအခ်ိန္၌ မည္သည့္အသင္းကမွ် ဝုဗ္ႏွင့္တရားဝင္ေဆြးေႏြးေနျခင္းမရွိေသးေပ။

ေပါ့ဘာ အား စာခ်ဳပ္သက္တမ္းတိုးနိုင္ရန္ ယူနိုက္တက္ဘက္မွယုံၾကည္ထားသည္။ ေအးဂ်င့္ျဖစ္သူ ႐ြိုင္အိုလာ ႏွင့္ သေဘာတူညီမႈရရွိရန္ လုပ္​ေဆာင္ေနၿပီျဖစ္သည္။ ယူရိုၿပိဳင္ပြဲမတိုင္မီကပင္ ယူနိုက္တက္ႏွင့္ေပါ့ဂ္ဘာ၏ကိုယ္စားလွယ္မ်ားအၾကား စာခ်ဳပ္သစ္အတြက္စကားစျမည္ေျပာဆိုခဲ့ဖူးသည္။

မၾကာမီအခ်ိန္အတြင္း စာခ်ဳပ္သစ္ကိစၥကို ယခုထက္ပို၍ျပင္ဆင္လာမည္ျဖစ္သည္။ ေပါ့ဘာ ကိုယ္တိုင္မွာလည္း စာခ်ဳပ္သစ္ခ်ဳပ္ဆိုမည့္ကိစၥကို ယတိျပတ္ျငင္းဆန္ထားျခင္းမ်ိဳးမဟုတ္ေပ။ မန္ခ်က္စတာတြင္ေပ်ာ္႐ႊင္ေနသည္ဟုလည္းသိရျပန္သည္။

ညာေနာက္ခံလူ ဒါးေလာ့ ထြက္ခြာသြားမည္ဆိုပါက ထရစ္ပီယာ အား ေခၚယူရန္ ႀကိဳးပမ္းမည္ျဖစ္သည္။ သို႔ေသာ္ လက္ရွိအခ်ိန္တြင္ အက္သလက္တီကိုႏွင့္မည္သည့္ေဆြးေႏြးမႈကိုမွ်မျပဳလုပ္ရေသးေပ။ အေၾကာင္းမွာ ဒါးေလာ့ ၏ အေနအထားကို ေစာင့္ၾကည့္ရန္လိုအပ္ေသာေၾကာင့္ျဖစ္သည္။

ကာမာဗင္ဂါ ႏွင့္ ပုဂၢိဳလ္ေရးအရသေဘာတူညီမႈရယူရန္မွာ လြယ္ကူမည္မဟုတ္ေပ။ အေၾကာင္းမွာ ကစားသမားက အေျခအေနအရပ္ရပ္ကိုေစာင့္ၾကည့္လိုေသာေၾကာင့္ျဖစ္သည္။ လာမည့္ေႏြတြင္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ရမည္ဆိုပါက ယွဥ္ၿပိဳင္ရမည့္ကလပ္အသင္းမ်ားရွိလာနိုင္ေၾကာင္းကိုလည္း ယူနိုက္တက္မွနားလည္ထားၿပီးျဖစ္သည္။

ယခုႏွစ္ေႏြေစ်းကြက္တြင္ ဂိုးသမား ဒီဂီယာ အေနျဖင့္ ယူနိုက္တက္တြင္သာဆက္ရွိေနမည္ျဖစ္သည္။ ၄င္း၏လစာပမာဏမွာ အျခားအသင္းမ်ားအတြက္အခက္အခဲတစ္ခုပင္ျဖစ္သည္။ ထို႔အျပင္ ေစ်းကြက္တြင္ ဒီဂီယာ ကဲ့သို႔ ထိပ္တန္းဂိုးသမားတစ္ဦးကိုေခၚယူရန္ မည္သည့္အသင္းကမွ် လိုက္လံရွာေဖြေနျခင္းမရွိေသာေၾကာင့္ျဖစ္သည္။

ဒီကလန္ရိုက္စ္ အား ဆက္လက္ထိန္းသိမ္းရန္ ဝက္စ္ဟမ္းအေနျဖင့္တတ္နိုင္သမွ်အရာအားလုံးကို ျပဳလုပ္သြားမည္ျဖစ္သည္။ သာမန္ထက္ထူးျခားသည့္ကမ္းလွမ္းမႈတစ္ခုခုကိုျပဳလုပ္နိုင္မွသာ ရိုက္စ္ ကို ရမည္ျဖစ္သည္။ ထိပ္တန္းအသင္းႀကီးမ်ားေစာင့္ၾကည့္ေနသည့္ ကစားသမားတစ္ဦးလည္းျဖစ္သည္။