Spots news

ဆေးရုံကမဆင်းတဲ့ ဒမ်ဘီလီကို အလွတ်ပြောင်းရွေ့ကြေး‌နဲ့ ခေါ်ယူချင်တဲ့ ဂျူဗင်တပ်

Unicode Version

အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရာမှာ နာမည်ကြီးတဲ့ အီတလီ ကလပ် ဂျူဗင်တပ်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တောင်ပံ ကစားသမား ဒမ်ဘီလီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရခဲ့ပါက လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အခြားအသင်းနဲ့ အကြို သဘောတူညီမှု ရယူနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။

လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ ပြောင်းရွေ့ကြေး မြင့်မားစွာ ခေါ်ယူထားတဲ့ ကစားသမား ဖြစ်တဲ့ ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေပေမယ့် ဒမ်ဘီလီကတော့ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားပြီး သူ့ရဲ့ အနာဂတ်အတွက် အချိန်ယူ စဉ်းစားနေပါတယ်။

ဘယ်ခြေ ၊ ညာခြေ အားသန်တဲ့ ဒမ်ဘီလီဟာ မြန်နှုန်းမြင့် တောင်ပံ ကစားသမား တဦး ဖြစ်သလို တဦးချင်း အရည်အသွေးလည်း ပြည့်ဝပေမယ့် ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရသူ တဦး ဖြစ်ပြီး လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ ဂျူဗင်တပ်အသင်း တသင်းထဲကသာ စိတ်ဝင်စားနေပါတယ်။

ဂျူဗင်တပ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဒမ်ဘီလီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အတွက် ဒမ်ဘီလီရဲ့ အေးဂျင့်တွေနဲ့ တိတ်တဆိတ် ဆက်သွယ်မှုတွေ ပြုလုပ်နေကာ ဇန်နဝါရီလမှာပဲ အကြို သဘောတူညီမှု စာချုပ် ချုပ်ဆိုချင်နေကြောင်း သိရပါတယ်။

ဂျူဗင်တပ်အသင်းဟာ မကြာခဏဆိုသလို ဒဏ်ရာရတတ်တဲ့ ဒမ်ဘီလီကို လက်ရှိ သူ ရရှိနေတဲ့ လုပ်ခလစာရဲ့ တဝက်ကိုသာ ပေးချေချင်နေပြီး ဒမ်ဘီလီကတော့ အဆိုပါ လုပ်ခလစာ လျော့ယူရမယ့် ကိစ္စကို လက်ခံဖို့ ခက်ခဲနိုင်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Zawgyi Version

အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူရာမွာ နာမည္ႀကီးတဲ့ အီတလီ ကလပ္ ဂ်ဴဗင္တပ္အသင္းဟာ ဘာစီလိုနာအသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ေတာင္ပံ ကစားသမား ဒမ္ဘီလီကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူဖို႔ ႀကိဳးစားေနေၾကာင္း သိရပါတယ္။

 

ဒမ္ဘီလီဟာ ဘာစီလိုနာအသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမား တဦး ျဖစ္ၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ မရခဲ့ပါက လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာပဲ အျခားအသင္းနဲ႕ အႀကိဳ သေဘာတူညီမႈ ရယူနိုင္မယ့္ အခြင့္အေရး ရွိေနပါတယ္။

 

လက္ရွိအခ်ိန္မွာ ဘာစီလိုနာအသင္းဟာ သူတို႔အသင္းရဲ႕ ေျပာင္းေ႐ြ႕ေၾကး ျမင့္မားစြာ ေခၚယူထားတဲ့ ကစားသမား ျဖစ္တဲ့ ဒမ္ဘီလီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးေနေပမယ့္ ဒမ္ဘီလီကေတာ့ ေဆြးေႏြးမႈေတြကို ရပ္ဆိုင္းထားၿပီး သူ႕ရဲ႕ အနာဂတ္အတြက္ အခ်ိန္ယူ စဥ္းစားေနပါတယ္။

 

ဘယ္ေျခ ၊ ညာေျခ အားသန္တဲ့ ဒမ္ဘီလီဟာ ျမန္ႏႈန္းျမင့္ ေတာင္ပံ ကစားသမား တဦး ျဖစ္သလို တဦးခ်င္း အရည္အေသြးလည္း ျပည့္ဝေပမယ့္ ဒဏ္ရာ ျပႆနာေတြနဲ႕ ႐ုန္းကန္ေနရသူ တဦး ျဖစ္ၿပီး လက္ရွိမွာ သူ႕ကို ေခၚယူဖို႔ ဂ်ဴဗင္တပ္အသင္း တသင္းထဲကသာ စိတ္ဝင္စားေနပါတယ္။

 

ဂ်ဴဗင္တပ္အသင္းဟာ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ဒမ္ဘီလီကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူနိုင္ဖို႔ အတြက္ ဒမ္ဘီလီရဲ႕ ေအးဂ်င့္ေတြနဲ႕ တိတ္တဆိတ္ ဆက္သြယ္မႈေတြ ျပဳလုပ္ေနကာ ဇန္နဝါရီလမွာပဲ အႀကိဳ သေဘာတူညီမႈ စာခ်ဳပ္ ခ်ဳပ္ဆိုခ်င္ေနေၾကာင္း သိရပါတယ္။

 

ဂ်ဴဗင္တပ္အသင္းဟာ မၾကာခဏဆိုသလို ဒဏ္ရာရတတ္တဲ့ ဒမ္ဘီလီကို လက္ရွိ သူ ရရွိေနတဲ့ လုပ္ခလစာရဲ႕ တဝက္ကိုသာ ေပးေခ်ခ်င္ေနၿပီး ဒမ္ဘီလီကေတာ့ အဆိုပါ လုပ္ခလစာ ေလ်ာ့ယူရမယ့္ ကိစၥကို လက္ခံဖို႔ ခက္ခဲနိုင္ေၾကာင္း အီတလီ အေျခစိုက္ သတင္းဌာနေတြက ဆိုပါတယ္။