Unicode Version
ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးအသင်းဟာ အင်တာမီလန်အသင်းမှာ ကစားနေတဲ့ သူတို့အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ လူကာကူအတွက် ပေါင် ၁၃၀သန်းတန် ကမ်းလှမ်းမှု တခုကို ထပ်မံ ပြုလုပ်တော့မယ်လို့ သိရပါတယ်။
ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ဂျရူးကို လက်လွှတ်ထားရသလို လူငယ် တိုက်စစ်မှူး ဖြစ်တဲ့ အေဗရာဟမ်ကိုလည်း အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်နေတာကြောင့် ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီး အသင်းဟာ တိုက်စစ်မှူး မရမနေ ဝယ်ယူဖို့ လိုအပ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။
ချယ်လ်ဆီးဟာ ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒေါ့မွန်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း အထိ တောင်းဆိုခဲ့သလို ဟာလန်းကလဲ ဒေါ့မွန်ကနေ ထွက်ခွာဖို့ ဆန္ဒမရှိတာကြောင့် အင်တာမှာ ခြေစွမ်းပြနေတဲ့ ကစားသမားဟောင်း လူကာကူကို ခေါ်ယူဖို့ ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ လူကာကူအတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှုအဖြစ် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် အင်တာမီလန်အသင်း ကတော့ ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းဆိုသလိုပဲ ပယ်ချခဲ့ပါတယ်။
ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံနေရတဲ့ အင်တာဟာ လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်းနဲ့ ကမ်းလှမ်းလာပါက အပြောင်းအရွေ့ကို လက်ခံဖွယ် ရှိကြောင်း အီတလီရဲ့ နာမည်အကြီးဆုံး သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုက ဆိုပါတယ်။
ဒါကြောင့်ပဲ ချယ်လ်ဆီးအသင်းဟာ ပြောင်းရွှေ့ကြေး ပေါင် ၁၁၀သန်း + အလွန်ဆို (တန်ကြေး ပေါင် ၂၀သန်း) ဆိုတဲ့ ကမ်းလှမ်းမှု တခုကို ပြုလုပ်ဖို့ အသင့် ရှိနေကာ အင်တာက အဆိုပါ ကမ်းလှမ်းမှုကို လက်ခံမယ်လို့ ချယ်လ်ဆီးဘက်က ယုံကြည်နေကြောင်း သတင်းဌာန အများစုက အခိုင်အမာ ဖော်ပြထားပါတယ်။
Zawgyi Version
ပရီးမီးယားလိဂ္ အင္အားႀကီးကလပ္ ခ်ယ္လ္ဆီးအသင္းဟာ အင္တာမီလန္အသင္းမွာ ကစားေနတဲ့ သူတို႔အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း ျဖစ္တဲ့ လူကာကူအတြက္ ေပါင္ ၁၃၀သန္းတန္ ကမ္းလွမ္းမႈ တခုကို ထပ္မံ ျပဳလုပ္ေတာ့မယ္လို႔ သိရပါတယ္။
ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ အသင္းရဲ႕ ဝါရင့္ တိုက္စစ္မႉး ဂ်႐ူးကို လက္လႊတ္ထားရသလို လူငယ္ တိုက္စစ္မႉး ျဖစ္တဲ့ ေအဗရာဟမ္ကိုလည္း အသင္းကေန ေရာင္းထုတ္ဖို႔ စီစဥ္ေနတာေၾကာင့္ ခ်န္ပီယံလိဂ္ ခ်န္ပီယံ ခ်ယ္လ္ဆီး အသင္းဟာ တိုက္စစ္မႉး မရမေန ဝယ္ယူဖို႔ လိုအပ္ေနတဲ့ အသင္းလည္း ျဖစ္ပါတယ္။
ခ်ယ္လ္ဆီးဟာ ဟာလန္းကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ေဒါ့မြန္အသင္းက ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၅၀သန္း အထိ ေတာင္းဆိုခဲ့သလို ဟာလန္းကလဲ ေဒါ့မြန္ကေန ထြက္ခြာဖို႔ ဆႏၵမရွိတာေၾကာင့္ အင္တာမွာ ေျခစြမ္းျပေနတဲ့ ကစားသမားေဟာင္း လူကာကူကို ေခၚယူဖို႔ ျပင္ဆင္လာတာပဲ ျဖစ္ပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာ လူကာကူအတြက္ ပထမဦးဆုံး တရားဝင္ ကမ္းလွမ္းမႈအျဖစ္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၀၀သန္းနဲ႕ ကမ္းလွမ္းခဲ့ေပမယ့္ အင္တာမီလန္အသင္း ကေတာ့ ခ်ယ္လ္ဆီးအသင္းရဲ႕ ကမ္းလွမ္းမႈကို ခ်က္ခ်င္းဆိုသလိုပဲ ပယ္ခ်ခဲ့ပါတယ္။
ဘ႑ာေရး အၾကပ္အတည္းနဲ႕ ႀကဳံေနရတဲ့ အင္တာဟာ လူကာကူကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၂၀သန္းနဲ႕ ကမ္းလွမ္းလာပါက အေျပာင္းအေ႐ြ႕ကို လက္ခံဖြယ္ ရွိေၾကာင္း အီတလီရဲ႕ နာမည္အႀကီးဆုံး သတင္းေထာက္ တဦး ျဖစ္သူ ဒီမာဇီယိုက ဆိုပါတယ္။
ဒါေၾကာင့္ပဲ ခ်ယ္လ္ဆီးအသင္းဟာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၁၀သန္း + အလြန္ဆို (တန္ေၾကး ေပါင္ ၂၀သန္း) ဆိုတဲ့ ကမ္းလွမ္းမႈ တခုကို ျပဳလုပ္ဖို႔ အသင့္ ရွိေနကာ အင္တာက အဆိုပါ ကမ္းလွမ္းမႈကို လက္ခံမယ္လို႔ ခ်ယ္လ္ဆီးဘက္က ယုံၾကည္ေနေၾကာင္း သတင္းဌာန အမ်ားစုက အခိုင္အမာ ေဖာ္ျပထားပါတယ္။