Spots news

စပါးအသင်းရဲ့ဥက္ကဌ လီဗိုင်းဟာ ဟာရီကိန်းကို မဖြစ်ဖြစ်တဲ့နည်းနဲ့ထိန်းသိမ်းသွားဖို့ ဆွေးနွေးနေပြီး စာချုပ်သစ်ချုပ်ဆိုဖို့ကြိုးစားနေခဲ့တာ

ရေနံသူဌေးတို့ရဲ့ရန်က ကာကွယ်ဖို့ ဟာရီကိန်းကို စာချုပ်သက်တမ်းတိုးတော့မယ့် စပါး

စပါးအသင်းဟာ မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့စိတ်၀င်စားခြင်းကိုခံနေရတဲ့ တိုက်စစ်မှူးဟာရီကိန်းကို စာချုပ်သက်တမ်းတိုးဖို့လုပ်ဆောင်နေပြီဖြစ်ကြောင်း Independent ကဖော်ပြလာခဲ့ပါတယ်။

ဖော်ပြချက်အရ စပါးအသင်းရဲ့ဥက္ကဌ လီဗိုင်းဟာ ဟာရီကိန်းကို မဖြစ်ဖြစ်တဲ့နည်းနဲ့ထိန်းသိမ်းသွားဖို့ ဆွေးနွေးနေပြီး စာချုပ်သစ်ချုပ်ဆိုဖို့ကြိုးစားနေခဲ့တာပါ။

ဟာရီကိန်းအနေနဲ့ စာချုပ်သစ်မှာတော့ တစ်ပတ်လုပ်ခ ပေါင် (၂၀၀၀၀၀)ထက်ပိုရသွားမှာဖြစ်တယ်လို့သိရပါတယ်။

ပီအက်စ်ဂျီနည်းပြဖြစ်လာခဲ့တဲ့ ပိုချက်တီနိုဟာ စပါးမှာလက်တွဲခဲ့ဖူးတဲ့တပည့်တွေကို ပြန်လည်ခေါ်ယူဖို့ဆန္ဒရှိနေပြီး ဒီအထဲမှာ ဟာရီကိန်းကလည်း အပါအ၀င်ဖြစ်နေပါတယ်။

မန်စီးတီးအသင်းကလည်း အဂူရိုရဲ့နေရာမှာရေရှည်အစားထိုးဖို့အတွက် ဟာရီကိန်းကို ပေါင်သန်း(၉၀)နဲ့ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်ထားတာပါ။

စပါးအသင်းနဲ့အတူ ရှစ်ရာသီမြောက်ကို ဖြတ်သန်းနေတဲ့ ဟာရီကိန်းကတော့ အသင်းအနေနဲ့ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်းမရှိရင် ထွက်ခွာမှာဖြစ်ကြောင်း ဖွင့်ဟထားခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ စပါးအသင်းဟာ အဆင့် (၄)နေရာမှာရပ်တည်နေပြီး ချန်ပီယံလမ်းကြောင်းထဲမှာရှိနေပါသေးတယ်။

လက်ရှိ စပါးအသင်းရဲ့ရလဒ်တွေက ဆွန်ဟောင်မင်နဲ့အတူ တွဲဖက်ပြီးခြေစွမ်းပြနေတဲ့ ဟာရီကိန်းရဲ့စွမ်းဆောင်ရည်တွေကြောင့်လည်းပါ၀င်တယ်ဆိုတာ ငြင်းနိုင်မယ့်သူမရှိပါဘူး။

ဒါကြောင့်မို့ စပါးအသင်းအနေနဲ့လည်း ဟာရီကိန်းလို အရည်အသွေးမြင့်တိုက်စစ်မှူးကို အလွယ်တကူလက်လွှတ်မှာမဟုတ်တာတော့ သေချာနေပါတယ်။

Ref; Daily Mail, The Sun, Independent