Spots news

အဆီတစ်ထပ် အသားတစ်ထပ်နဲ့ ဘရာဇီးကစားသမားတွေရဲ့ ထုံးစံကိုလိုက်နေတဲ့ နေမာ

Unicode Version

ပီအက်စ်ဂျီ အသင်းဟာ ရာသီမစခင်ကစားခဲ့တဲ့ ပြင်သစ်စူပါဖလားပွဲမှာ ပြိုင်ဘက် လိုင်လီ အသင်းကို အရေးနိမ့်ခဲ့သလို အခု ထွက်ပေါ်လာတဲ့ အဓိက တိုက်စစ်မှူး နေမာရဲ့ပုံရိပ်တွေကြောင့် နည်းပြ ပိုချက်တီနို အတွက်တော့ အပူမီးတွေ ထပ်မံ လောင်ရပြန်ပါပြီ

ပီအက်စ်ဂျီ တိုက်စစ်ကစားသမား နေမာဟာ မိခင်ကလပ် ဘရာဇီးအသင်းကို ကိုပါအမေရိကဖလား ဗိုလ်လုပွဲသို့ တက်ရောက်နိုင်အောင်စွမ်းဆောင် ပေးနိုင်ခဲ့ပြီးနောက် အိုင်ဘီဇာတွင်အားလပ်ရက် အတွက် အပန်းဖြေ ခရီးထွက် လျက်ရှိပါတယ်။

ပီအက်စ်ဂျီ အသင်းကတော့ အားလပ်ရက်အပန်းဖြေအနားယူချိန်မှာ ထွက်ပေါ်လာတဲ့ တိုက်စစ်ကစားသမား နေမာရဲ့ ကိုယ်အလေးချိန်တက်ပြီး ဗိုက်ထွက်နေတဲ့ ပုံတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေဖြစ်နေတယ်လို့ Mirror သတင်းမှာ ဖော်ပြထားပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး ‌ေနေမာဟာ ပုံမှန်အားဖြင့် တနင်္လာနေ့မှာပဲ မိခင်ကလပ် ပီအက်စ်ဂျီအသင်းကို သတင်းပို့ အကြောင်းကြား ရမှာဖြစ်ပေမယ့် အသင်းနဲ့ ပူးပေါင်းရခြင်း မရှိသေးပဲ အားလပ်ရက်တိုးမြှင့်ပေးခြင်းခံထားရ သူပါ။

နေမာရဲ့ ယခု အားလပ်ရက် ဓာတ်ပုံများဟာအွန်လိုင်း မီဒီယာများမှ ပျံ့နှံ့လျက်ရှိနေပြီးခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ ဝိတ်တက်လာမှုနဲ့အတူ အခုဆိုရင် နေမာဟာ ပရော်ဖက်ရှင်နယ်ပီသပြီး လေ့ကျင့်ရည် ပြည့်ဝနေတဲ့ ကစားသမား အနေအထားမျိုးတွင် မရှိကြောင်းပရိသတ်များက ဝေဖန်နေကြပါတယ်။

ဘာစီလိုနာ အသင်းကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ ပီအက်စ်ဂျီ အသင်းကို ရောက်ရှိလာခဲ့တဲ့ နေမာ ဟာ ပီအက်စ်ဂျီ အတွက် အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး သွင်းဂိုးများ ရယူနိုင်နေပေမယ့် ပြီးခဲ့တဲ့ရာသီကတော့ အသင်းကို လီဂူးဝမ်းချန်ပီယံဆုရရှိအောင် စွမ်းဆောင်မပေးနိုင် ခဲ့ပါဘူး။

Zawgyi Version

ပီအက္စ္ဂ်ီ အသင္းဟာ ရာသီမစခင္ကစားခဲ့တဲ့ ျပင္သစ္စူပါဖလားပြဲမွာ ၿပိဳင္ဘက္ လိုင္လီ အသင္းကို အေရးနိမ့္ခဲ့သလို အခု ထြက္ေပၚလာတဲ့ အဓိက တိုက္စစ္မႉး ေနမာရဲ႕ပုံရိပ္ေတြေၾကာင့္ နည္းျပ ပိုခ်က္တီနို အတြက္ေတာ့ အပူမီးေတြ ထပ္မံ ေလာင္ရျပန္ပါၿပီ

ပီအက္စ္ဂ်ီ တိုက္စစ္ကစားသမား ေနမာဟာ မိခင္ကလပ္ ဘရာဇီးအသင္းကို ကိုပါအေမရိကဖလား ဗိုလ္လုပြဲသို႔ တက္ေရာက္နိုင္ေအာင္စြမ္းေဆာင္ ေပးနိုင္ခဲ့ၿပီးေနာက္ အိုင္ဘီဇာတြင္အားလပ္ရက္ အတြက္ အပန္းေျဖ ခရီးထြက္ လ်က္ရွိပါတယ္။

ပီအက္စ္ဂ်ီ အသင္းကေတာ့ အားလပ္ရက္အပန္းေျဖအနားယူခ်ိန္မွာ ထြက္ေပၚလာတဲ့ တိုက္စစ္ကစားသမား ေနမာရဲ႕ ကိုယ္အေလးခ်ိန္တက္ၿပီး ဗိုက္ထြက္ေနတဲ့ ပုံေတြနဲ႕ ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြျဖစ္ေနတယ္လို႔ Mirror သတင္းမွာ ေဖာ္ျပထားပါတယ္။

ပီအက္စ္ဂ်ီအသင္းရဲ႕ အဓိက တိုက္စစ္မႉး ‌ေေနမာဟာ ပုံမွန္အားျဖင့္ တနလၤာေန႕မွာပဲ မိခင္ကလပ္ ပီအက္စ္ဂ်ီအသင္းကို သတင္းပို႔ အေၾကာင္းၾကား ရမွာျဖစ္ေပမယ့္ အသင္းနဲ႕ ပူးေပါင္းရျခင္း မရွိေသးပဲ အားလပ္ရက္တိုးျမႇင့္ေပးျခင္းခံထားရ သူပါ။

ေနမာရဲ႕ ယခု အားလပ္ရက္ ဓာတ္ပုံမ်ားဟာအြန္လိုင္း မီဒီယာမ်ားမွ ပ်ံ့ႏွံ႕လ်က္ရွိေနၿပီးခႏၶာကိုယ္ပိုင္းဆိုင္ရာမွာ ဝိတ္တက္လာမႈနဲ႕အတူ အခုဆိုရင္ ေနမာဟာ ပေရာ္ဖက္ရွင္နယ္ပီသၿပီး ေလ့က်င့္ရည္ ျပည့္ဝေနတဲ့ ကစားသမား အေနအထားမ်ိဳးတြင္ မရွိေၾကာင္းပရိသတ္မ်ားက ေဝဖန္ေနၾကပါတယ္။

ဘာစီလိုနာ အသင္းကေန ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ြ႕ေၾကးနဲ႕ ပီအက္စ္ဂ်ီ အသင္းကို ေရာက္ရွိလာခဲ့တဲ့ ေနမာ ဟာ ပီအက္စ္ဂ်ီ အတြက္ အေကာင္းဆုံးေျခစြမ္းျပသခဲ့ၿပီး သြင္းဂိုးမ်ား ရယူနိုင္ေနေပမယ့္ ၿပီးခဲ့တဲ့ရာသီကေတာ့ အသင္းကို လီဂူးဝမ္းခ်န္ပီယံဆုရရွိေအာင္ စြမ္းေဆာင္မေပးနိုင္ ခဲ့ပါဘူး။