Unicode Version
ဆွစ်ဇာလန် ကွင်းလယ်လူ ဇာခါဟာ အာဆင်နယ်အသင်းနှင့်အတူ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီလို့ Sky Sports သတင်းဌာနက ဖော်ပြလာပါတယ်။
မူလ အသင်းနှင့်အတူ ၂၀၂၃ခုနှစ်အထိ စာချုပ်ရှိနေသေးတဲ့ ဇာခါကို နည်းပြ မော်ရင်ဟိုက သူ အသစ်ရောက်ရှိသွား တဲ့ ရိုးမားအသင်းအတွက် လိုချင်နေခဲ့တာပါ။
ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ ရိုးမားအသင်းတာဝန်ရှိသူတွေနဲ့ ဇာခါအတွက် တွေ့ဆုံဆွေးနွေးပေးခြင်း အလျဥ်း မရှိခဲ့ပါဘူး။
နည်းပြ အာတီတာအတွက်လည်း ဇာခါဟာ အာဆင်နယ်အတွက် အဓိက အရေးပါတဲ့ ကစားသမား အဖြစ် ရှိနေ တာက သူ့ကို အသင်းမှာ ဆက်ရှိနေစေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ခြေစမ်းပွဲမှာလည်း ဇာခါဟာအသင်းအတွက် တစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။
“သူ အသင်းမှာ ဆက်ရှိနေချင်ပါတယ်။သူက အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်သလို အရေးပါတဲ့ အခန်းကဏ္ဍာမှာ ရှိနေပါတယ်။”လို့ အာတီတာက ပွဲအပြီးမှာ ပြောပါတယ်။
ကစားသမားကိုယ်တိုင်ကလည်း ပွဲအပြီးမှာ သူ့ရဲ့ အင်စတာဂရမ်မှတဆင့် – အာဆင်နယ်ဟာ တကယ့် အိမ်လိုပါပဲ အသင်းမှာ စာချုပ်သက်တမ်းတိုးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။”လို့ ရေးသားဖော်ပြလာခဲ့ပါသေးတယ်။
အာဆင်နယ်အသင်းဟာ ရာသီသစ်အတွက် ကစားသမားခေါ်ယူမှုအဖြစ် လက်စတာအသင်းမှ အင်္ဂလန် နောက်ခံ လူ ဘန်ဝှိုက်ကို
ခေါ်ယူထားနိုင်ပြီ ဖြစ်ပြီး နောက်ထပ်လည်း ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ မက်ဒီဆင်ကို ခေါ်ယူနိုင် ရေး ကြိုးပမ်းနေပါတယ်။
Zawgyi Version
ဆြစ္ဇာလန္ ကြင္းလယ္လူ ဇာခါဟာ အာဆင္နယ္အသင္းႏွင့္အတူ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ဖို႔ နီးစပ္ေနၿပီလို႔ Sky Sports သတင္းဌာနက ေဖာ္ျပလာပါတယ္။
မူလ အသင္းႏွင့္အတူ ၂၀၂၃ခုႏွစ္အထိ စာခ်ဳပ္ရွိေနေသးတဲ့ ဇာခါကို နည္းျပ ေမာ္ရင္ဟိုက သူ အသစ္ေရာက္ရွိသြား တဲ့ ရိုးမားအသင္းအတြက္ လိုခ်င္ေနခဲ့တာပါ။
ဒါေပမယ့္လည္း အာဆင္နယ္အသင္းဟာ ရိုးမားအသင္းတာဝန္ရွိသူေတြနဲ႕ ဇာခါအတြက္ ေတြ႕ဆုံေဆြးေႏြးေပးျခင္း အလ်ဥ္း မရွိခဲ့ပါဘူး။
နည္းျပ အာတီတာအတြက္လည္း ဇာခါဟာ အာဆင္နယ္အတြက္ အဓိက အေရးပါတဲ့ ကစားသမား အျဖစ္ ရွိေန တာက သူ႕ကို အသင္းမွာ ဆက္ရွိေနေစတာလည္း ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ တနဂၤေႏြေန႕က ကစားခဲ့တဲ့ ခ်ဲလ္ဆီးအသင္းနဲ႕ ေျခစမ္းပြဲမွာလည္း ဇာခါဟာအသင္းအတြက္ တစ္ဂိုး သြင္းယူ ေပးနိုင္ခဲ့ပါတယ္။
“သူ အသင္းမွာ ဆက္ရွိေနခ်င္ပါတယ္။သူက အသင္းရဲ႕ အဓိက ကစားသမားတစ္ဦး ျဖစ္သလို အေရးပါတဲ့ အခန္းက႑ာမွာ ရွိေနပါတယ္။”လို႔ အာတီတာက ပြဲအၿပီးမွာ ေျပာပါတယ္။
ကစားသမားကိုယ္တိုင္ကလည္း ပြဲအၿပီးမွာ သူ႕ရဲ႕ အင္စတာဂရမ္မွတဆင့္ – အာဆင္နယ္ဟာ တကယ့္ အိမ္လိုပါပဲ အသင္းမွာ စာခ်ဳပ္သက္တမ္းတိုးနိုင္ဖို႔ လုပ္ေဆာင္ေနပါတယ္။”လို႔ ေရးသားေဖာ္ျပလာခဲ့ပါေသးတယ္။
အာဆင္နယ္အသင္းဟာ ရာသီသစ္အတြက္ ကစားသမားေခၚယူမႈအျဖစ္ လက္စတာအသင္းမွ အဂၤလန္ ေနာက္ခံ လူ ဘန္ဝွိုက္ကို ေခၚယူထားနိုင္ၿပီ ျဖစ္ၿပီး ေနာက္ထပ္လည္း ကြင္းလယ္လူ တစ္ဦးျဖစ္တဲ့ မက္ဒီဆင္ကို ေခၚယူနိုင္ ေရး ႀကိဳးပမ္းေနပါတယ္။