Spots news

ဆန်ချို မရှိလို့ စိတ်မကောင်းတဲ့ အကြောင်းပြောရင်း မန်ယူကို ဈေးလျော့ပေးနေတဲ့ ဟာလန်း

Unicode Version

ဒေါ့မွန်တိုက်စစ်မှူး ဟာလန်း က အသင်းဖော် ဂျေဒန် ဆန်ချို အင်္ဂလန်ကို ပြန်လည် ပြောင်းရွှေ့ သွားခဲ့မှု အတွက် ဝမ်းနည်းမိကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ဆန်ချို ဟာ လွန်ခဲ့တဲ့ ၄ နှစ် တုန်းက သူ ထွက်ခွာ လာခဲ့တဲ့ အင်္ဂလန် ကို ပြန်ပြောင်းရွှေ့ သွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် က ပေါင် သန်း ၇၀ ကျော် နဲ့ ခေါ်ယူ ခဲ့တာပဲ ဖြစ်ပါတယ် ။

ဆန်ချို နဲ့ ဟာလန်း တို့ဟာ ဒေါ့မွန် မှာ တရာသီ နဲ့ တဝက် အတူ တွဲဖက် ကစား ခဲ့ကြပြီး သူတို့ အကြားက ချိတ်ဆက်မှု ဟာ ဒေါ့မွန်ကို အကျိုးပြုခဲ့ပါတယ် ။ သူတို့ ၂ ဦးဟာ မနှစ်က ဒေါ့မွန် အတွက် ဂိုးတွေသွင်း ၊ ဂိုးတွေ ဖန်တီးပေး ခဲ့ကြကာ ဒေါ့မွန်ကို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိအောင် ကူညီ စွမ်းဆောင် ပေးခဲ့ကြပါတယ် ။

ဒီနှစ် နွေရာသီ မှာတော့ ဆန်ချို ဟာ မန်ချက်စတာ ယူနိုက်တက် ထံ ပြောင်းရွှေ့ သွားခဲ့ပြီး ဒီအဖြစ်အပျက်ဟာ အာလင်း ဟာလန်း ကို စိတ်ထိခိုက် စေခဲ့ ပါတယ် ။ ဒေါ့မွန် နဲ့ ရာသီကြို ပြင်ဆင်လေ့ကျင့်ဖို့ ပြန်ရောက်လာ ချိန်မှာတော့ ဟာလန်း ဟာ ဆန်ချို မရှိတော့တဲ့ ခံစားချက်ကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ဂျေဒန် နဲ့ ကျွန်တော့ အကြာမှာ အရမ်းကောင်းတဲ့ နားလည်မှု ရှိခဲ့ ပါတယ် ။ သူဟာ ထိပ်တန်း ကစားသမား တစ်ယောက်ဖြစ်ပြီး ၊ အခုလို သူ ထွက်သွားတာက ကျွန်တော့ကို ဝမ်းနည်း စေပါတယ် ။ ဒါပေမယ့် ဒါက ဘောလုံးလောကပဲလေ ၊ ဒါတွေက ဖြစ်လာမှာပါပဲ”

“အသင်းက အခြားကစားသမား တွေနဲ့လည်း ကျွန်တော် ကောင်းကောင်း တွဲကစား နိုင်ပါတယ် ။ ဒီအချိတ်အဆက်တွေက အခုရာသီ မှာ ပိုပြီး အားကောင်းလာမှာပါ ။ အခု အသင်းအတွက် အကောင်းဆုံး ပေးဆပ်ဖို့ အတွက် ကျွန်တော် ပြန်ရောက် လာခဲ့ပါပြီ” လို့ ဟာလန်း က ပြောဆို သွားခဲ့ ပါတယ် ။

ဆန်ချို ကို ခေါ်ယူခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ အာလင်း ဟာလန်း ကို လည်း ခေါ်ယူဖို့ ဆန္ဒ ရှိနေသလို ယူနိုက်တက် ရဲ့ မြို့ခံ ပြိုင်ဘက် မန်စီးတီး ၊ ချဲလ်ဆီး ၊ ရီးရဲမက်ဒရစ် နဲ့ ယူဗင်တပ် တို့လို ဥရောပ ထိပ်သီး ကလပ်တွေ ကလည်းအလွန်ကောင်းတဲ့ ဂိုးသွင်းစက်လေးကို ခေါ်ယူဖို့ အစီအစဉ်ရေးဆွဲ နေကြပါတယ် ။

ဒါပေမယ့် ဟာလန်း ကတော့ ဈေးကွက်ထဲမှာ သတင်းထွက် နေတဲ့ သူ့ရဲ့ တန်ကြေး ( ပေါင် သန်း ၁၅၀ ) ဟာ များပြား လွန်းတယ်လို့ ထင်မိကြောင်း ၊ ဒီဈေးဟာ သူ့ရဲ့ အေးဂျင့်ဆီကနေ ထွက်လာတာ မဖြစ်နိုင်ပဲ ကောလဟာလတွေ သာ ဖြစ်တယ်လို့ ထင်မြင်မိကြောင်း ကိုလည်း ဒေါ့မွန် ကို ပြန်ရောက် လာချိန်မှာ ပြောဆို သွားခဲ့ ပါတယ် ။

 

 

ဒေါ့မွန်ဟာ ဆန်ချို ရဲ့ နေရာအတွက် နယ်သာလန် ကလပ် PSV ကစားသမားလေး မာလန် ကို ခေါ်ယူထား ခဲ့ပြီး ဖြစ်သလို ဆန်ချို ရဲ့ နံပါတ် ၇ ကိုလည်း အမေရိကန် ကြယ်ပွင့် ဂျီယို ရေနာ ထံ လွှဲပြောင်း ပေးအပ် ထားပြီး ဖြစ်တယ်လို့ သိရ ပါတယ် ။

 

Zawgyi Version

ေဒါ့မြန္တိုက္စစ္မႉး ဟာလန္း က အသင္းေဖာ္ ေဂ်ဒန္ ဆန္ခ်ိဳ အဂၤလန္ကို ျပန္လည္ ေျပာင္းေ႐ႊ႕ သြားခဲ့မႈ အတြက္ ဝမ္းနည္းမိေၾကာင္း ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ပါတယ္ ။ ဆန္ခ်ိဳ ဟာ လြန္ခဲ့တဲ့ ၄ ႏွစ္ တုန္းက သူ ထြက္ခြာ လာခဲ့တဲ့ အဂၤလန္ ကို ျပန္ေျပာင္းေ႐ႊ႕ သြားခဲ့ၿပီး မန္ခ်က္စတာ ယူနိုက္တက္ က ေပါင္ သန္း ၇၀ ေက်ာ္ နဲ႕ ေခၚယူ ခဲ့တာပဲ ျဖစ္ပါတယ္ ။

ဆန္ခ်ိဳ နဲ႕ ဟာလန္း တို႔ဟာ ေဒါ့မြန္ မွာ တရာသီ နဲ႕ တဝက္ အတူ တြဲဖက္ ကစား ခဲ့ၾကၿပီး သူတို႔ အၾကားက ခ်ိတ္ဆက္မႈ ဟာ ေဒါ့မြန္ကို အက်ိဳးျပဳခဲ့ပါတယ္ ။ သူတို႔ ၂ ဦးဟာ မႏွစ္က ေဒါ့မြန္ အတြက္ ဂိုးေတြသြင္း ၊ ဂိုးေတြ ဖန္တီးေပး ခဲ့ၾကကာ ေဒါ့မြန္ကို ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရရွိေအာင္ ကူညီ စြမ္းေဆာင္ ေပးခဲ့ၾကပါတယ္ ။

ဒီႏွစ္ ေႏြရာသီ မွာေတာ့ ဆန္ခ်ိဳ ဟာ မန္ခ်က္စတာ ယူနိုက္တက္ ထံ ေျပာင္းေ႐ႊ႕ သြားခဲ့ၿပီး ဒီအျဖစ္အပ်က္ဟာ အာလင္း ဟာလန္း ကို စိတ္ထိခိုက္ ေစခဲ့ ပါတယ္ ။ ေဒါ့မြန္ နဲ႕ ရာသီႀကိဳ ျပင္ဆင္ေလ့က်င့္ဖို႔ ျပန္ေရာက္လာ ခ်ိန္မွာေတာ့ ဟာလန္း ဟာ ဆန္ခ်ိဳ မရွိေတာ့တဲ့ ခံစားခ်က္ကို ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ပါတယ္ ။

“ေဂ်ဒန္ နဲ႕ ကြၽန္ေတာ့ အၾကာမွာ အရမ္းေကာင္းတဲ့ နားလည္မႈ ရွိခဲ့ ပါတယ္ ။ သူဟာ ထိပ္တန္း ကစားသမား တစ္ေယာက္ျဖစ္ၿပီး ၊ အခုလို သူ ထြက္သြားတာက ကြၽန္ေတာ့ကို ဝမ္းနည္း ေစပါတယ္ ။ ဒါေပမယ့္ ဒါက ေဘာလုံးေလာကပဲေလ ၊ ဒါေတြက ျဖစ္လာမွာပါပဲ”

“အသင္းက အျခားကစားသမား ေတြနဲ႕လည္း ကြၽန္ေတာ္ ေကာင္းေကာင္း တြဲကစား နိုင္ပါတယ္ ။ ဒီအခ်ိတ္အဆက္ေတြက အခုရာသီ မွာ ပိုၿပီး အားေကာင္းလာမွာပါ ။ အခု အသင္းအတြက္ အေကာင္းဆုံး ေပးဆပ္ဖို႔ အတြက္ ကြၽန္ေတာ္ ျပန္ေရာက္ လာခဲ့ပါၿပီ” လို႔ ဟာလန္း က ေျပာဆို သြားခဲ့ ပါတယ္ ။

ဆန္ခ်ိဳ ကို ေခၚယူခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္ ဟာ အာလင္း ဟာလန္း ကို လည္း ေခၚယူဖို႔ ဆႏၵ ရွိေနသလို ယူနိုက္တက္ ရဲ႕ ၿမိဳ႕ခံ ၿပိဳင္ဘက္ မန္စီးတီး ၊ ခ်ဲလ္ဆီး ၊ ရီးရဲမက္ဒရစ္ နဲ႕ ယူဗင္တပ္ တို႔လို ဥေရာပ ထိပ္သီး ကလပ္ေတြ ကလည္းအလြန္ေကာင္းတဲ့ ဂိုးသြင္းစက္ေလးကို ေခၚယူဖို႔ အစီအစဥ္ေရးဆြဲ ေနၾကပါတယ္ ။

ဒါေပမယ့္ ဟာလန္း ကေတာ့ ေဈးကြက္ထဲမွာ သတင္းထြက္ ေနတဲ့ သူ႕ရဲ႕ တန္ေၾကး ( ေပါင္ သန္း ၁၅၀ ) ဟာ မ်ားျပား လြန္းတယ္လို႔ ထင္မိေၾကာင္း ၊ ဒီေဈးဟာ သူ႕ရဲ႕ ေအးဂ်င့္ဆီကေန ထြက္လာတာ မျဖစ္နိုင္ပဲ ေကာလဟာလေတြ သာ ျဖစ္တယ္လို႔ ထင္ျမင္မိေၾကာင္း ကိုလည္း ေဒါ့မြန္ ကို ျပန္ေရာက္ လာခ်ိန္မွာ ေျပာဆို သြားခဲ့ ပါတယ္ ။

ေဒါ့မြန္ဟာ ဆန္ခ်ိဳ ရဲ႕ ေနရာအတြက္ နယ္သာလန္ ကလပ္ PSV ကစားသမားေလး မာလန္ ကို ေခၚယူထား ခဲ့ၿပီး ျဖစ္သလို ဆန္ခ်ိဳ ရဲ႕ နံပါတ္ ၇ ကိုလည္း အေမရိကန္ ၾကယ္ပြင့္ ဂ်ီယို ေရနာ ထံ လႊဲေျပာင္း ေပးအပ္ ထားၿပီး ျဖစ္တယ္လို႔ သိရ ပါတယ္ ။