Spots news

ကစားသမားသစ် ထပ်မံခေါ်ယူဖို့ အသင်းရဲ့ ကစားသမား အချို့ကို ရောင်းချမယ့် မန်ယူ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ရှိရင်းစွဲ ကစားသမားအချို့ကို ရောင်းချပြီး အပြောင်းအရွှေ့ စရိတ်အတွက် စုစုပေါင်း ပေါင်သန်း ၁၀၀ ခန့် မတည်နိုင်ရန် ကြိုးစားနေ‌ ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ မာရှယ် ၊ လင်ဂတ်နှင့် ဖီးဂျုံးတို့အပါအဝင် ကစားသမား ၁၀ ဦးခန့် ရောင်းထုတ်ရန်ရှိ‌ နေပါတယ်။ ဆန်ချိုကို ပေါင် ၇၃ သန်းပေး၍ ခေါ်ယူခြင်းအပါအဝင် ယခုနှစ်အပြောင်းအရွှေ့မှာ ယူနိုက်တက်ဟာ ငွေအမြောက် အမြား သုံးထားပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ရီးရဲလိမက်ဒရစ် ခံစစ်ကစားသမား ဗာရန်းကို ပေါင် ၄၃ သန်းပေး၍ ခေါ်ယူထားပြီး ယခုတစ်ပတ်အတွင်း ဆေးစစ်မှုခံယူရန် ရှိကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ညာအစွန်နောက်ခံလူ ထရစ်ပီယာနှင့် ပြင်သစ်ကွင်းလယ်ကစားသမား ကာမာဗင်ဂါတို့ကိုလည်း ထပ်မံခေါ်ယူရန် ပြင်ဆင်နေပါတယ်။

သို့ပေမယ့် အပြောင်းအရွှေ့ကာလ ပိတ်ရက် စက်တင်ဘာ ၂ ရက်နေ့ မတိုင်မီ ကစားသမားသစ် ထပ်မံခေါ်ယူရေးအတွက် အသင်း၏ ရှိရင်းစွဲကစားသမားများထဲမှ အချို့ကို ယူနိုက်တက် အနေနဲ့ ရောင်းထုတ်ရန် လိုအပ်လျက် ရှိနေပါတယ်

ယူနိုက်တက်ဘက်က ရောင်းထုတ်လိုတဲ့ ကစားသမားများကတော့ ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ် အပါအဝင် ဘရန်ဒန်ဝီလျံ၊ မာရှယ် ၊ ဒါးလော့၊ ဖီးဂျုံး၊ တဲလက်စ်၊ ပါရဲယား၊ ဒန်နီယယ်ဂျိမ်းစ်နှင့် တွမ်ဇီဘီတို့ ဖြစ်ကြောင်း သတင်းများက ဆိုပါတယ်။

ယူနိုက်တက်ဟာ ပြင်သစ်ကြယ်ပွင့် ကွင်းလယ်ကစားသမား ပေါ့ဘာကိုလည်း စာချုပ်သက်တမ်းတိုးရေး ဆွေးနွေးရန် ကြိုးစားလျက် ရှိနေပြီး ပေါ့ဘာကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းခန့်ဖြင့် ခေါ်ယူရန် ငွေသုံးကြမ်းနေသော ပြင်သစ်ကလပ် ပီအက်စ်ဂျီက ပစ်မှတ်ထားနေပါတယ်။

Zawgyi Version





