Unicode Version
အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး လူကာကူဟာ သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းထံ ပြန်လည် ပြောင်းရွှေ့ကစားဖို့
သဘောတူလိုက်ကြောင်း နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
ဒါကြောင့် ယခုတပတ်အတွင်းမှာပဲ ချယ်လ်ဆီးအသင်းဟာ လူကာကူအတွက် အင်တာမီလန်အသင်းနဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းဟာ လူကာကူအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၁၀သန်း (သို့) ယူရို ၁၂၀သန်း + အလွန်ဆို ဆိုတဲ့ ကမ်းလှမ်းမှုကို ပြုလုပ်မယ်လို့
သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်နေပြီး အဆိုပါ ကမ်းလှမ်းမှုသာ အတည်ဖြစ်မယ် ဆိုရင် အင်တာမီလန်အသင်းကလည်း လူကာကူကို ရောင်းချဖို့ သဘောတူနိုင်ပါတယ်။
တဖက်မှာတော့ အင်တာမီလန်အသင်းဟာ လူကာကူကို ရောင်းချပြီးပါက အတ္တလန်တာအသင်းရဲ့ တိုက်စစ်မှူး ဇာပါတာကို ခေါ်ယူဖို့ ချိန်ရွယ်နေပြီး အတ္တလန်တာအသင်းကတော့
ဇာပါတာကို လက်လွှတ်ရပါက ချယ်လ်ဆီးအသင်း ကနေ ပြောင်းရွှေ့ခွင့် ရထားတဲ့ တိုက်စစ်မှူး အေဗရာဟမ်ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။
ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ဆီဗီးလားအသင်းရဲ့ ပြင်သစ် နောက်ခံလူ ကွန်ဒေကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ရာမှာ
အောင်မြင်မှု မရသေးပဲ နှစ်သင်းကြားမှာ အနည်းငယ် တင်းမာမှုတွေ ရှိနေကြောင်း သိရပါတယ်။
ဒါပေမယ့် ကွန်ဒေဟာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ချင်နေတာကြောင့် နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရတာနဲ့ အပြောင်းအရွှေ့ဟာ ခပ်မြန်မြန်ပဲ ဖြစ်ပေါ်ဖို့ ရှိနေပါတယ်။
Zawgyi Version
အင္တာမီလန္အသင္းရဲ႕ တိုက္စစ္မႉး လူကာကူဟာ သူ႕ရဲ႕ အသင္းေဟာင္း တသင္း ျဖစ္တဲ့ ခ်ယ္လ္ဆီးအသင္းထံ ျပန္လည္ ေျပာင္းေ႐ႊ႕ကစားဖို႔ သေဘာတူလိုက္ေၾကာင္း နာမည္ႀကီး အီတလီ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။
ဒါေၾကာင့္ ယခုတပတ္အတြင္းမွာပဲ ခ်ယ္လ္ဆီးအသင္းဟာ လူကာကူအတြက္ အင္တာမီလန္အသင္းနဲ႕ တရားဝင္ ေတြ႕ဆုံ ေဆြးေႏြးဖို႔ ရွိေနပါတယ္။
ခ်ယ္လ္ဆီးအသင္းဟာ လူကာကူအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၁၀သန္း (သို႔) ယူရို ၁၂၀သန္း + အလြန္ဆို ဆိုတဲ့ ကမ္းလွမ္းမႈကို ျပဳလုပ္မယ္လို႔ သတင္းေတြ က်ယ္ျပန႔္စြာ ထြက္ေပၚေနၿပီး အဆိုပါ ကမ္းလွမ္းမႈသာ အတည္ျဖစ္မယ္ ဆိုရင္ အင္တာမီလန္အသင္းကလည္း လူကာကူကို ေရာင္းခ်ဖိဳ႕ သေဘာတူနိုင္ပါတယ္။
တဖက္မွာေတာ့ အင္တာမီလန္အသင္းဟာ လူကာကူကို ေရာင္းခ်ၿပီးပါက အတၱလန္တာအသင္းရဲ႕ တိုက္စစ္မႉး ဇာပါတာကို ေခၚယူဖို႔ ခ်ိန္႐ြယ္ေနၿပီး အတၱလန္တာအသင္းကေတာ့ ဇာပါတာကို လက္လႊတ္ရပါက ခ်ယ္လ္ဆီးအသင္း ကေန ေျပာင္းေ႐ႊ႕ခြင့္ ရထားတဲ့ တိုက္စစ္မႉး ေအဗရာဟမ္ကို ေခၚယူဖို႔ မ်က္စိက်ေနပါတယ္။
ဒါ့အျပင္ ခ်ယ္လ္ဆီးအသင္းဟာ ဆီဗီးလားအသင္းရဲ႕ ျပင္သစ္ ေနာက္ခံလူ ကြန္ေဒကို ေခၚယူဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ရာမွာ ေအာင္ျမင္မႈ မရေသးပဲ ႏွစ္သင္းၾကားမွာ အနည္းငယ္ တင္းမာမႈေတြ ရွိေနေၾကာင္း သိရပါတယ္။
ဒါေပမယ့္ ကြန္ေဒဟာ ခ်ယ္လ္ဆီးအသင္းထံ ေျပာင္းေ႐ႊ႕ခ်င္ေနတာေၾကာင့္ ႏွစ္သင္းၾကားမွာ ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈ ရတာနဲ႕ အေျပာင္းအေ႐ႊ႕ဟာ ခပ္ျမန္ျမန္ပဲ ျဖစ္ေပၚဖို႔ ရွိေနပါတယ္။