Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားတဲ့ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဗာရန်းဟာ
ဗီဇာကိစ္စ အဆင်ပြေသွားတာကြောင့် ယနေ့မှာပဲ မန်ချက်စတာမြို့ဆီ လာရောက်မယ်လို့ သိရပါတယ်။
ဗာရန်းဟာ အင်္ဂလန်နိုင်ငံထဲကို ဝင်ရောက်ပြီးချိန်မှာ ကွာရန်တင်း ဝင်ရဖို့ ရှိနေတာကြောင့် ဆေးစစ်မှုကို ချက်ချင်း လုပ်ဆောင်နိုင်ဖွယ် မရှိသေးပဲ
ကွာရန်တင်း ပြီးဆုံးချိန်မှသာ ဆေးစစ်မှုနဲ့ တရားဝင် လက်မှတ်ထိုး ကြေညာတဲ့ အစီအစဉ်တွေကို ဆက်တိုက် လုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။
ဆက်စပ်သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူ တွမ်ဇီဘီဟာ အက်စ်တွန်ဗီလာအသင်းထံ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ ရှိနေကြောင်း သိရပါတယ်။
ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ စတင် လှုပ်ရှားနေပြီး ဝုဗ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်လူ နီဗက်နဲ့
အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ဆာအူလ်တို့ဟာ သူတို့အသင်းရဲ့ ထိပ်သီး ပစ်မှတ် ကစားသမားတွေပဲ ဖြစ်ပါတယ်။
Zawgyi Version