Unicode Version
ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီဟာ ကိုပါအမေရိကဖလား ဝင်နွှဲခဲ့တဲ့ ဥရုဂွေးအသင်းရဲ့ ကွာတားဖိုင်နယ်ကစားအပြီး(ဇူလိုင် ၃ရက်)ကတည်းက ဥရုဂွေးအသင်းမှာ မရှိတော့သလို
ယူနိုက်တက် အသင်း ထံလည်း ပြန်ရောက်မလာခဲ့ပါဘူး။ ယခုဆို ၅ပတ်တာ ကာလပင်ကြာသွားခဲ့ပြီ ဖြစ်ပြီး အကြောင်းကြားစာ တစုံတရာမရရှိဘဲ လေ့ကျင့်ရေး ကို ပျက်ကွက်နေခဲ့သူ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်း၏ နည်းပြ မိုယက်စ် နှင့် ဥကဌ ဆူလီဗန်တို့ အနေဖြင့် ယူနိုက်တက် ၏ ကွင်းလယ်ကစားသမား လင်ဂတ် အားခေါ်ယူရန်အခွင့်အရေးရှိနေသေးကြောင်း ယုံကြည်လျှက်ရှိနေဆဲဖြစ်သည်။
သို့သော် လင်ဂတ် အနေဖြင့် ယူနိုက်တက် တွင်သာ ဆက်လက် ရှိနေရန် ဆန္ဒ ရှိနေပြီး ၎င်း၏နေရာပုံသေရရှရန် တိုက်ပွဲဝင်လိုကြောင်း အခိုင်အမာပြောဆိုထားသည်။
လာမည့်နွေရာသီတွင် မန်ချက်စတာ ယူနိုက်တက် အပါအဝင် ကလပ်အသင်းအမြောက်အမြားသည် ဟာလန်း အတွက် အပြိုင်အဆိုင်ကြိုးစားကြမည်ဖြစ်သည်။
အိုလေ နှင့်ယင်းကစားသမား အနေဖြင့် ခိုင်မာသော ဆက်ဆံရေးအချို့ရှိနေခြင်းကြောင့် ယူနိုက်တက် မှာလည်းစောင့်ကြည့်ရမည့်အသင်းတစ်သင်းဖြစ်သည်။
ဒီကလန်ရိုက်စ်သည် သူ၏ အနာဂတ်အတွက် လမ်းဖွင့်ထားသော်လည်း ဝက်စ်ဟမ်း၏ လေ့ကျင့်ရေး အစီအစဉ်များသို့ ပြန်လည် ပူးပေါင်းပြီဖြစ်သည်။ ယင်းအနေဖြင့် ဝက်စ်ဟမ်း ၏ စာချုပ်သစ်ကမ်းလှမ်းမှုများကို ပယ်ချမည်ဖြစ်သော်လည်း
အပြောင်းအရွှေ့အတွက် လက်ရှိအသင်းအား ဖိအားပေးမည်မဟုတ်ပေ။ မန်ယူနိုက်တက်နဲ့ ချယ်လ်ဆီး အနေဖြင့် နောက်တစ်နှစ် ထပ်စောင့်ပါက စျေးနှုန်း လျော့နည်းမည်ဟု ယူဆထားပြီး နောက်နှစ်စျေးကွက်တွင်မူ မန်စီးတီး က ဖာနန်ဒင်ဟို နေရာ အတွက် ရိုက်စ်ကို စိတ်ဝင်စားလာဖွယ်ရှိသည်။
လက်ကျန်စျေးကွက် တစ်လအတွင်း ဝက်စ်ဟမ်း အနေဖြင့် ကမ်းလှမ်းမှု ရမရ စောင့်ကြည့်ရမည်ဖြစ်ပြီး ယင်းအားခေါ်ယူနိုင်ရန် ချယ်လ်ဆီးရော ယူနိုက်တက် ရော လူအရင်ရောင်းရမည်ဖြစ်သည်။
Zawgyi Version
ယုနိုက္တက္ တိုက္စစ္မႉး ကာဗာနီဟာ ကိုပါအေမရိကဖလား ဝင္ႏႊဲခဲ့တဲ့ ဥ႐ုေဂြးအသင္းရဲ႕ ကြာတားဖိုင္နယ္ကစားအၿပီး(ဇူလိုင္ ၃ရက္)ကတည္းက ဥ႐ုေဂြးအသင္းမွာ မရွိေတာ့သလို
ယူနိုက္တက္ အသင္း ထံလည္း ျပန္ေရာက္မလာခဲ့ပါဘူး။ ယခုဆို ၅ပတ္တာ ကာလပင္ၾကာသြားခဲ့ၿပီ ျဖစ္ၿပီး အေၾကာင္းၾကားစာ တစုံတရာမရရွိဘဲ ေလ့က်င့္ေရး ကို ပ်က္ကြက္ေနခဲ့သူ ျဖစ္ပါတယ္။
ဝက္စ္ဟမ္းအသင္း၏ နည္းျပ မိုယက္စ္ ႏွင့္ ဥကဌ ဆူလီဗန္တို႔ အေနျဖင့္ ယူနိုက္တက္ ၏ ကြင္းလယ္ကစားသမား လင္ဂတ္ အားေခၚယူရန္အခြင့္အေရးရွိေနေသးေၾကာင္း ယုံၾကည္လွ်က္ရွိေနဆဲျဖစ္သည္။
သို႔ေသာ္ လင္ဂတ္ အေနျဖင့္ ယူနိုက္တက္ တြင္သာ ဆက္လက္ ရွိေနရန္ ဆႏၵ ရွိေနၿပီး ၎၏ေနရာပုံေသရရွရန္ တိုက္ပြဲဝင္လိုေၾကာင္း အခိုင္အမာေျပာဆိုထားသည္။
လာမည့္ေႏြရာသီတြင္ မန္ခ်က္စတာ ယူနိုက္တက္ အပါအဝင္ ကလပ္အသင္းအေျမာက္အျမားသည္ ဟာလန္း အတြက္ အၿပိဳင္အဆိုင္ႀကိဳးစားၾကမည္ျဖစ္သည္။ အိုေလ ႏွင့္ယင္းကစားသမား အေနျဖင့္ ခိုင္မာေသာ ဆက္ဆံေရးအခ်ိဳ႕ရွိေနျခင္းေၾကာင့္ ယူနိုက္တက္ မွာလည္းေစာင့္ၾကည့္ရမည့္အသင္းတစ္သင္းျဖစ္သည္။
ဒီကလန္ရိုက္စ္သည္ သူ၏ အနာဂတ္အတြက္ လမ္းဖြင့္ထားေသာ္လည္း ဝက္စ္ဟမ္း၏ ေလ့က်င့္ေရး အစီအစဥ္မ်ားသို႔ ျပန္လည္ ပူးေပါင္းၿပီျဖစ္သည္။ ယင္းအေနျဖင့္ ဝက္စ္ဟမ္း ၏ စာခ်ဳပ္သစ္ကမ္းလွမ္းမႈမ်ားကို ပယ္ခ်မည္ျဖစ္ေသာ္လည္း
အေျပာင္းအေ႐ႊ႕အတြက္ လက္ရွိအသင္းအား ဖိအားေပးမည္မဟုတ္ေပ။ မန္ယူနိုက္တက္နဲ႕ ခ်ယ္လ္ဆီး အေနျဖင့္ ေနာက္တစ္ႏွစ္ ထပ္ေစာင့္ပါက ေစ်းႏႈန္း ေလ်ာ့နည္းမည္ဟု ယူဆထားၿပီး ေနာက္ႏွစ္ေစ်းကြက္တြင္မူ မန္စီးတီး က ဖာနန္ဒင္ဟို ေနရာ အတြက္ ရိုက္စ္ကို စိတ္ဝင္စားလာဖြယ္ရွိသည္။
လက္က်န္ေစ်းကြက္ တစ္လအတြင္း ဝက္စ္ဟမ္း အေနျဖင့္ ကမ္းလွမ္းမႈ ရမရ ေစာင့္ၾကည့္ရမည္ျဖစ္ၿပီး ယင္းအားေခၚယူနိုင္ရန္ ခ်ယ္လ္ဆီးေရာ ယူနိုက္တက္ ေရာ လူအရင္ေရာင္းရမည္ျဖစ္သည္။