Spots news

ဂီရော့အတွက် ကံကောင်းခြင်းတစ်ခုလား

Unicode Version

လက်ရှိ ပြင်သစ် နဲ့ ချဲလ်‌ဆီး အသင်းရဲ့ တိုက်စစ်မှူး ဂီရော့ဟာ မိမိတို့ အသင်းနဲ့ အံဝင်ဂွင်ကျ   ကစားနိုင်မယ့် သူဖြစ်ပြီး အသင်းသို့ ပြောင်းရွေ့လာမည် ဆိုပါက ပုံမှန် ပွဲထွက်ခွင့် ရနိုင်မည် ဖြစ်ကြောင်း ဂျုဗင်တပ် အသင်းရဲ့ နည်းပြ ဖြစ်သူ အန်ဒရူး ပီယာလို က အတည်ပြု ပြောဆိုပြီး မဲ‌ဆွယ် လိုက်ပါတယ်။ ပီယာလိုဟာ ဂီရော့ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်မည် ဖြစ်ကြောင်းလဲ ပြောဆို လိုက်ပါတယ်။

ဂီရော့ဟာ ချဲလ်ဆီးအသင်း အတွက် နောက်ဆုံး ပွဲ ထွက်ခွင့် ရခဲ့တဲ့ ၇ ပွဲမှာ ၈ ဂိုးအထိ သွင်းယူပေး ထား နိုင်သူပါ။ ယခုရာသီမှာလဲ ပုံမှန် ပွဲထွက်ခွင့်  ပျောက်ဆုံး နေပေမယ့် ပြိုင်ပွဲစုံ ၁၅ ပွဲမှာ သွင်းဂိုးအားဖြင့် ၉ ဂိုးအထိ ရရှိအောင် စွမ်းဆောင် ပေးထားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။

ဂီရော့ကို ခေါ်ယူဖို့ စီးရီးအေ ကလပ်များမှ  စိတ်ဝင်စားလျက် ရှိနေပြီး ထိုအထဲမှ ဂျူဗင်တပ် အသင်း နဲ့ အင်တာမီလန် အသင်းတို့ဟာ ဂီ‌ရော့ ကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်း ထားကြောင်း  သိရှိ ရပါတယ်။ ဂျုဗင်တပ် အသင်းဟာ ဇန်နဝါရီ  အပြောင်းအရွှေ့မှာ တိုက်စစ် အင်အား ထပ်မံ ဖြည့်တင်းဖို့ အတွက် ဂီ‌ရော့ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စား နေကြောင်း နည်းပြ ပီယာလို က အခုလိုပဲ အတည်ပြု ပြောဆိုခဲ့ပါတယ်။

“ ဂီ‌ရော့လား ? သူက အသင်းအတွက် အများကြီး အသုံးတည့်မှာပါ။ ကျွန်တော့်ထက် အားကစား ဒါရိုက်တာ ဖြစ်တဲ့ ဖာဘီအို ပါရာတစ်စီကပဲ ပိုပြီးတော့ သိပါလိမ့်မယ်။ ကျွန်တော်တို့ နှစ်ယောက် ဒီအကြောင်း နဲ့ ပတ်သက်ပြီး စကားပြောခဲ့ကြ ပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ နောက်ထပ် ရက်အနည်းငယ် အတွင်းမှာ ဘာတွေ ဆက်လုပ်မလဲ ဆိုတာ ကိုတော့ စောင့်ကြည့်ကြတာပေါ့ ” ဆိုပြီး အူဒီးနီးစ် ကို ၄ – ၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။

ဂီရော့ဟာ ချဲလ်စီးအသင်းမှာ ရာသီကုန်ထိ ရှိနေမည် ဖြစ်ကြောင်း ပြောဆိုထားပေမယ့် ပီယာလို ရဲ့ ပုံမှန်ပွဲထွက်ခွင့်နဲ့ ဇန်နဝါရီ အပြောင်းအရွေ့မှာ ကမ်းလှမ်းလာခဲ့ပါက အပြောင်းအရွေ့ ဖြစ်ဖို့ ရာနှုန်း များလျက် ရှိနေပါတယ်။

Zawgyi Version

လက္ရွိ ျပင္သစ္ နဲ႕ ခ်ဲလ္‌ဆီး အသင္းရဲ႕ တိုက္စစ္မႉး ဂီေရာ့ဟာ မိမိတို႔ အသင္းနဲ႕ အံဝင္ဂြင္က် ကစားနိုင္မယ့္ သူျဖစ္ၿပီး အသင္းသို႔ ေျပာင္းေ႐ြ႕လာမည္ ဆိုပါက ပုံမွန္ပြဲထြက္ခြင့္ ရနိုင္မည္ ျဖစ္ေၾကာင္း ဂ်ဳဗင္တပ္ အသင္းရဲ႕ နည္းျပ ျဖစ္သူ အန္ဒ႐ူး ပီယာလို က အတည္ျပဳေျပာဆိုၿပီး မဲ‌ဆြယ္ လိုက္ပါတယ္။ ပီယာလိုဟာ ဂီေရာ့ကို ေခၚယူဖို႔ ကမ္းလွမ္းမႈ ျပဳလုပ္မည္ ျဖစ္ေၾကာင္းလဲ ေျပာဆိုလိုက္ပါတယ္။

ဂီေရာ့ဟာ ခ်ဲလ္ဆီးအသင္းအတြက္ ေနာက္ဆုံးပြဲထြက္ခြင့္ရခဲ့တဲ့ ၇ ပြဲမွာ ၈ ဂိုးအထိ သြင္းယူေပးထားနိုင္သူပါ။ ယခုရာသီမွာလဲ ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနေပမယ့္ ၿပိဳင္ပြဲစုံ ၁၅ ပြဲမွာ သြင္းဂိုးအားျဖင့္ ၉ ဂိုးအထိ ရရွိေအာင္ စြမ္းေဆာင္ေပးထားနိုင္တဲ့ ကစားသမားျဖစ္ပါတယ္။

ဂီေရာ့ကို ေခၚယူဖို႔ စီးရီးေအကလပ္မ်ားမွ စိတ္ဝင္စားလ်က္ ရွိေနၿပီး ထိုအထဲမွ ဂ်ဴဗင္တပ္ အသင္းနဲ႕ အင္တာမီလန္ အသင္းတို႔ဟာ ဂီ‌ေရာ့ ကို ေခၚယူဖို႔ အတြက္ ကမ္းလွမ္းထားေၾကာင္း သိရွိရပါတယ္။ ဂ်ဳဗင္တပ္ အသင္းဟာ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ တိုက္စစ္အင္အား ထပ္မံ ျဖည့္တင္းဖို႔အတြက္ ဂီ‌ေရာ့ကို ေခၚယူဖို႔ အတြက္ စိတ္ဝင္စားေနေၾကာင္း နည္းျပ ပီယာလို က အခုလိုပဲ အတည္ျပဳ ေျပာဆိုခဲ့ပါတယ္။

“ ဂီ‌ေရာ့လား ? သူက အသင္းအတြက္ အမ်ားႀကီး အသုံးတည့္မွာပါ။ ကြၽန္ေတာ့္ထက္ အားကစားဒါရိုက္တာ ျဖစ္တဲ့ ဖာဘီအို ပါရာတစ္စီကပဲ ပိုၿပီးေတာ့ သိပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ ဒီအေၾကာင္း နဲ႕ ပတ္သက္ၿပီး စကားေျပာခဲ့ၾက ၿပီးပါၿပီ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေနာက္ထပ္ ရက္အနည္းငယ္ အတြင္းမွာ ဘာေတြ ဆက္လုပ္မလဲဆိုတာ ကိုေတာ့ ေစာင့္ၾကည့္ၾကတာေပါ့ ” ဆိုၿပီး အူဒီးနီးစ္ ကို ၄ – ၁ ဂိုး ျဖင့္ အနိုင္ရရွိခဲ့တဲ့ ပြဲစဥ္အၿပီး သတင္းစာ ရွင္းလင္းပြဲမွာ ထုတ္ေဖာ္ေျပာဆို သြားခဲ့ပါတယ္။

ဂီေရာ့ဟာ ခ်ဲလ္စီးအသင္းမွာ ရာသီကုန္ထိရွိေနမည္ ျဖစ္ေၾကာင္း ေျပာဆိုထားေပမယ့္ ပီယာလို ရဲ႕ ပုံမွန္ပြဲထြက္ခြင့္နဲ႕ ဇန္နဝါရီ အေျပာင္းအေ႐ြ႕မွာ ကမ္းလွမ္းလာခဲ့ပါက အေျပာင္းအေ႐ြ႕ ျဖစ္ဖို႔ ရာႏႈန္း မ်ားလ်က္ ရွိေနပါတယ္။