Spots news

ဒီယက်စ်နဲ့ မက်ဂွိုင်းယားတို့ရဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ မန်စီးတီး ကစားသမားသစ် ဂရီးလစ်ရှ်

Unicode Version

ဗီလာကွင်းလယ်လူဂရီလစ်ရှ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ မန်စီးတီးအသင်းရဲ့ကမ်းလှမ်းမှုဟာ အလုံးစုံအောင်မြင်မှုရရှိဖို့ နောက်ဆုံးအဆင့်မှာသာရှိတော့တယ်လို့ သိရပါတယ်။

နာမည်ကြီးသတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရဆိုရင်တော့ နှစ်သင်းကြား သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပြီး စာရွက်စာတမ်းကိစ္စနဲ့ လက်မှတ်ရေးထိုးဖို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

ဂရီလစ်ရှ်အတွက် မန်စီးတီးက ပေါင်သန်း ၁၀၀ ပေးချေသွားရမှာဖြစ်ပီး ၂၀၂၆ ဇွန်လအထိ စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ဂရီလစ်ရှ်ကလည်း ပြီးခဲ့တဲ့တပတ်က

ဗီလာအသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး အသင်းပြောင်းရွှေ့ချင်တယ်လို့ ပြောဆိုခဲ့ပြီးနောက် ဗီလာဘက်က မန်စီးတီးရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ပေါင်သန်း ၁၀၀ ဆိုတဲ့ ပမာဏကြောင့် ဂရီလစ်ရှ်ဟာ ဗြိတိန်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ် မှတ်တမ်းဝင်တော့မှာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မန်စီးတီးရဲ့ စျေးအကြီးဆုံးကစားသမား၊ အင်္ဂလန်ကစားသမားတွေထဲမှာ စျေးအကြီးဆုံးကစားသမားအဖြစ် ရူဘင်ဒီယက်စ်နဲ့ ဟယ်ရီမက်ဂွိုင်းယားတို့ရဲ့ စံချိန်တွေကိုပါ သူက ကျော်ဖြတ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဂရီလစ်ရှ်ဟာ ဗီလာအကယ်ဒမီက ထွက်ပေါ်လာခဲ့သူဖြစ်ပြီး လူငယ်ကစားသမားဘဝ၊ ပရိုကစားသမားဘဝတွေကို အသင်းတစ်သင်းတည်းမှာပဲ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ပရီးမီးယားလိဂ်မှာ ပြသခဲ့တဲ့ သူ့ရဲ့ခြေစွမ်းတွေကြောင့် ဂွာဒီယိုလာလက်အောက်မှာ ကစားရဖို့အထိပါ ဖြစ်လာခဲ့ပြီး လက်ရွေးစင်အသင်းမှာလည်း ပုံမှန်ရွေးချယ်ခံနေရသူဖြစ်ပါတယ်။

Zawgyi Version

ဗီလာကြင္းလယ္လူဂရီလစ္ရွ္ကို ေခၚယူဖို႔ ႀကိဳးပမ္းေနတဲ့ မန္စီးတီးအသင္းရဲ႕ကမ္းလွမ္းမႈဟာ အလုံးစုံေအာင္ျမင္မႈရရွိဖို႔ ေနာက္ဆုံးအဆင့္မွာသာရွိေတာ့တယ္လို႔ သိရပါတယ္။

နာမည္ႀကီးသတင္းေထာက္ဖာဘရီဇီယိုရိုမာနိုရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ေတာ့ ႏွစ္သင္းၾကား သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ၿပီး စာ႐ြက္စာတမ္းကိစၥနဲ႕ လက္မွတ္ေရးထိုးဖို႔သာ က်န္ရွိေတာ့တာျဖစ္ပါတယ္။

ဂရီလစ္ရွ္အတြက္ မန္စီးတီးက ေပါင္သန္း ၁၀၀ ေပးေခ်သြားရမွာျဖစ္ပီး ၂၀၂၆ ဇြန္လအထိ စာခ်ဳပ္ခ်ဳပ္ဆိုသြားမယ္လို႔ သိရပါတယ္။ ဂရီလစ္ရွ္ကလည္း ၿပီးခဲ့တဲ့တပတ္က

ဗီလာအသင္းတာဝန္ရွိသူေတြနဲ႕ ေတြ႕ဆုံခဲ့ၿပီး အသင္းေျပာင္းေ႐ႊ႕ခ်င္တယ္လို႔ ေျပာဆိုခဲ့ၿပီးေနာက္ ဗီလာဘက္က မန္စီးတီးရဲ႕ ကမ္းလွမ္းမႈကို လက္ခံခဲ့ရတာလည္းျဖစ္ပါတယ္။

ေပါင္သန္း ၁၀၀ ဆိုတဲ့ ပမာဏေၾကာင့္ ဂရီလစ္ရွ္ဟာ ၿဗိတိန္ရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္အျဖစ္ မွတ္တမ္းဝင္ေတာ့မွာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ မန္စီးတီးရဲ႕ ေစ်းအႀကီးဆုံးကစားသမား၊ အဂၤလန္ကစားသမားေတြထဲမွာ ေစ်းအႀကီးဆုံးကစားသမားအျဖစ္ ႐ူဘင္ဒီယက္စ္နဲ႕ ဟယ္ရီမက္ဂြိုင္းယားတို႔ရဲ႕ စံခ်ိန္ေတြကိုပါ သူက ေက်ာ္ျဖတ္နိုင္ေတာ့မွာလည္း ျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ဂရီလစ္ရွ္ဟာ ဗီလာအကယ္ဒမီက ထြက္ေပၚလာခဲ့သူျဖစ္ၿပီး လူငယ္ကစားသမားဘဝ၊ ပရိုကစားသမားဘဝေတြကို အသင္းတစ္သင္းတည္းမွာပဲ ျဖတ္သန္းခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂ ရာသီအတြင္း ပရီးမီးယားလိဂ္မွာ ျပသခဲ့တဲ့ သူ႕ရဲ႕ေျခစြမ္းေတြေၾကာင့္ ဂြာဒီယိုလာလက္ေအာက္မွာ ကစားရဖို႔အထိပါ ျဖစ္လာခဲ့ၿပီး လက္ေ႐ြးစင္အသင္းမွာလည္း ပုံမွန္ေ႐ြးခ်ယ္ခံေနရသူျဖစ္ပါတယ္။