Spots news

ချဲလ်ဆီးကို ပြောင်းရွေ့ဖို့အတွက် အင်တာမီလန်ကို တောင်းဆိုလိုက်တဲ့ လူကာကူ

Unicode Version

အင်တာမီလန် အသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား လူကာကူက မိခင်ကလပ် အင်တာမီလန်အသင်းအနေနဲ့ သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုများ ပြုလုပ်နေတဲ့ အသင်းဟောင်း ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံရန် ပြောဆိုလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။

လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းဟာ ကစားသမား‌ဟောင်း ဘယ်လ်ဂျီယမ် တိုက်စစ်မှူးကို လန်ဒန်သို့အရောက် ပြန်ခေါ်လို‌ နေပါတယ်။ လူကာကူအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနှင့် အလွန်ဆိုကို အလိုက်ပေး၍ ပထမဆုံး အကြိမ် ကမ်းလှမ်းခဲ့သော်လည်း အင်တာမီလန်က ပယ်ချခဲ့ပါတယ်။

လူကာကူကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၃၀ ခန့်ဖြင့် ကမ်းလှမ်းရန် ချဲလ်ဆီးက စီစဉ်နေပြီး အင်တာမီလန်အသင်းက လူကာကူရဲ့ အပြောင်းအရွှေ့အတွက် အလွန်ဆိုကိုသာမက ဇာပါကော့စတာကိုပါ ခေါ်ယူလိုကြောင်း သတင်းများလည်း ထွက်ပေါ်လာ ပြန်ပါတယ်။

အလွန်ဆိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက နည်းပာ တူချယ်ရဲ့ လက်အောက်မှာ ပရီးမီးယားလိဂ် ၁၃ ကြိမ် အပါအဝင် စုစုပေါင်း ၁၇ ပွဲ ပွဲထွက်ကစားခွင့် ရရှိထားပြီး ဇာပါကော့စတာကလည်း ပြီးခဲ့သည့်နှစ်က ဂျီနိုအာသို့ အငှားဖြင့် သွားရောက်ကစားထားပါတယ်။

ယမန်နေ့ညက စပါးအသင်း နှင့် ၂ ဂိုးစီ သရေကျခဲ့သည့် ခြေစမ်းပွဲအပြီးမှာ တူချယ်က လူကာကူရဲ့ အပြောင်းအရွှေ့နှင့်ပတ်သက်၍ တိုက်ရိုက်ပြောဆိုရန် ငြင်းပယ်ခဲ့သော်လည်း လူကာကူသည် သိပ်ကောင်းသည့် ကစားသမားတစ်ဦးဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တူချယ်က “ကျွန်တော့်အသင်းက ကစားသမား မဟုတ်တဲ့သူနဲ့ပတ်သက်ပြီး မှတ်ချက်မပေးချင်ပါဘူး။ လူကာကူက သိပ်ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် အခု သူ အင်တာမီလန်မှာ ကစားနေပါတယ်”ဟု ပြောဆိုခဲ့ပါတယ်။

Zawgyi Version

အင္တာမီလန္ အသင္းရဲ႕ ဘယ္လ္ဂ်ီယံ တိုက္စစ္ကစားသမား လူကာကူက မိခင္ကလပ္ အင္တာမီလန္အသင္းအေနနဲ႕ သူ႕ကို ေခၚယူဖို႔ ကမ္းလွမ္းမႈမ်ား ျပဳလုပ္ေနတဲ့ အသင္းေဟာင္း ခ်ဲလ္ဆီးရဲ႕ ကမ္းလွမ္းမႈကို လက္ခံရန္ ေျပာဆိုလိုက္ေၾကာင္း သတင္းမ်ား ထြက္ေပၚလာပါတယ္။

လက္ရွိအခ်ိန္မွာ ခ်ဲလ္ဆီးအသင္းဟာ ကစားသမား‌ေဟာင္း ဘယ္လ္ဂ်ီယမ္ တိုက္စစ္မႉးကို လန္ဒန္သို႔အေရာက္ ျပန္ေခၚလို‌ ေနပါတယ္။ လူကာကူအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၅ သန္းႏွင့္ အလြန္ဆိုကို အလိုက္ေပး၍ ပထမဆုံး အႀကိမ္ ကမ္းလွမ္းခဲ့ေသာ္လည္း အင္တာမီလန္က ပယ္ခ်ခဲ့ပါတယ္။

လူကာကူကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၃၀ ခန႔္ျဖင့္ ကမ္းလွမ္းရန္ ခ်ဲလ္ဆီးက စီစဥ္ေနၿပီး အင္တာမီလန္အသင္းက လူကာကူရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ အလြန္ဆိုကိုသာမက ဇာပါေကာ့စတာကိုပါ ေခၚယူလိုေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚလာ ျပန္ပါတယ္။

အလြန္ဆိုဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက နည္းပာ တူခ်ယ္ရဲ႕ လက္ေအာက္မွာ ပရီးမီးယားလိဂ္ ၁၃ ႀကိမ္ အပါအဝင္ စုစုေပါင္း ၁၇ ပြဲ ပြဲထြက္ကစားခြင့္ ရရွိထားၿပီး ဇာပါေကာ့စတာကလည္း ၿပီးခဲ့သည့္ႏွစ္က ဂ်ီနိုအာသို႔ အငွားျဖင့္ သြားေရာက္ကစားထားပါတယ္။

ယမန္ေန႕ညက စပါးအသင္း ႏွင့္ ၂ ဂိုးစီ သေရက်ခဲ့သည့္ ေျခစမ္းပြဲအၿပီးမွာ တူခ်ယ္က လူကာကူရဲ႕ အေျပာင္းအေ႐ႊ႕ႏွင့္ပတ္သက္၍ တိုက္ရိုက္ေျပာဆိုရန္ ျငင္းပယ္ခဲ့ေသာ္လည္း လူကာကူသည္ သိပ္ေကာင္းသည့္ ကစားသမားတစ္ဦးျဖစ္သည္ဟု ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

တူခ်ယ္က “ကြၽန္ေတာ့္အသင္းက ကစားသမား မဟုတ္တဲ့သူနဲ႕ပတ္သက္ၿပီး မွတ္ခ်က္မေပးခ်င္ပါဘူး။ လူကာကူက သိပ္ေကာင္းတဲ့ ကစားသမားတစ္ေယာက္ပါ။ ဒါေပမယ့္ အခု သူ အင္တာမီလန္မွာ ကစားေနပါတယ္”ဟု ေျပာဆိုခဲ့ပါတယ္။