Unicode Version
စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ မရှိမဖြစ် ကစားသမား ဖြစ်သူ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ယခုရက်ပိုင်းအတွင်းမှာပဲ စာချုပ်သစ် ချုပ်ဆိုနိုင်တော့မယ် လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အသက် ၃၄နှစ် အရွယ် အာဂျင်တီးနားအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ကစားသမား ဘဝ တခုလုံးကို ဘာစီလိုနာအသင်းမှာသာ မြှုပ်နှံခဲ့သူ ဖြစ်ပြီး အသင်းရဲ့ ထာဝရ အကောင်းဆုံး ကစားသမား အဖြစ်ပါ သတ်မှတ်ခံထားရသူပါ။
ဘာစီလိုနာအသင်းနဲ့ မက်ဆီတို့ရဲ့ ကြားမှာ ရှိနေတဲ့ လက်ရှိစာချုပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ရက်နေ့ထဲက သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်း အားထုတ်ခဲ့ရာ ယခုအချိန်မှာတော့ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ သဘောတူညီမှု ရခဲ့တာပဲ ဖြစ်ပါတယ်။
နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တာဟာ အတော်လေးကို ကြာမြင့်နေပြီ ဖြစ်ကာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့်
တရားဝင် လက်မှတ်ထိုးဖို့ ကြန့်ကြာနေခဲ့တာ ဖြစ်ကြောင်းနဲ့ လက်ရှိမှာတော့ ဘဏ္ဍာရေး ပြဿနာဟာ အထိုက်အလျောက် ပြေလည်မှု ရရှိသွားတာကြောင့် မကြာမီအချိန် အတွင်း မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ရှိနေကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းဟာ မက်ဆီကို ၂၀၂၆ခုနှစ် အထိ သက်တမ်းရှိမယ့် ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရယူထားနိုင်တာ ဖြစ်ပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ မက်ဆီဟာ စာချုပ်သစ်မှာ လက်ရှိ ရနေတဲ့ လုပ်ခလစာရဲ့ ထက်ဝက်ခန့်ကိုသာ ရရှိတော့မှာ ဖြစ်ကြောင်းလည်း သိရှိထားရပါတယ်။
လက်ရှိမှာတော့ မက်ဆီဟာ သူ့ရဲ့ အားလပ်ရက်ကို အဆုံးသတ်ပြီး ဘာစီလိုနာအသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းဖို့ ပြင်ဆင်နေကာ ဘာစီလိုနာအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ ယှဉ်ပြိုင် ကစားကြမယ့် ခြေစမ်းပွဲမှာ ပါဝင် ကစားနိုင်ဖွယ် ရှိနေပါတယ်။
Zawgyi Version
စပိန္လာလီဂါ အင္အားႀကီးအသင္း တသင္း ျဖစ္တဲ့ ဘာစီလိုနာအသင္းဟာ အသင္းရဲ႕ မရွိမျဖစ္ ကစားသမား ျဖစ္သူ အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီကို ယခုရက္ပိုင္းအတြင္းမွာပဲ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ေတာ့မယ္ လို႔ ခိုင္လုံတဲ့ သတင္းရင္းျမစ္ေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
အသက္ ၃၄ႏွစ္ အ႐ြယ္ အာဂ်င္တီးနားအသင္းနဲ႕ ဘာစီလိုနာအသင္းတို႔ရဲ႕ အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီဟာ သူ႕ရဲ႕ ကစားသမား ဘဝ တခုလုံးကို ဘာစီလိုနာအသင္းမွာသာ ျမႇုပ္ႏွံခဲ့သူ ျဖစ္ၿပီး အသင္းရဲ႕ ထာဝရ အေကာင္းဆုံး ကစားသမား အျဖစ္ပါ သတ္မွတ္ခံထားရသူပါ။
ဘာစီလိုနာအသင္းနဲ႕ မက္ဆီတို႔ရဲ႕ ၾကားမွာ ရွိေနတဲ့ လက္ရွိစာခ်ဳပ္ဟာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၁ရက္ေန႕ထဲက သက္တမ္း ကုန္ဆုံးခဲ့တာေၾကာင့္ ဘာစီလိုနာအသင္းဟာ မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ဖို႔ အစြမ္းကုန္ ႀကိဳးပမ္း အားထုတ္ခဲ့ရာ ယခုအခ်ိန္မွာေတာ့ မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ဖို႔ သေဘာတူညီမႈ ရခဲ့တာပဲ ျဖစ္ပါတယ္။
နာမည္ႀကီး သတင္းေထာက္ တဦး ျဖစ္သူ ဖာဘရီဇီယို ရိုမာနိုရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဟာ မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ဖို႔ သေဘာတူညီမႈ ရယူနိုင္ခဲ့တာဟာ အေတာ္ေလးကို ၾကာျမင့္ေနၿပီ ျဖစ္ကာ အသင္းရဲ႕ ဘ႑ာေရး အေျခအေနေၾကာင့္
တရားဝင္ လက္မွတ္ထိုးဖို႔ ၾကန႔္ၾကာေနခဲ့တာ ျဖစ္ေၾကာင္းနဲ႕ လက္ရွိမွာေတာ့ ဘ႑ာေရး ျပႆနာဟာ အထိုက္အေလ်ာက္ ေျပလည္မႈ ရရွိသြားတာေၾကာင့္ မၾကာမီအခ်ိန္ အတြင္း မက္ဆီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ဖို႔ ရွိေနေၾကာင္း သိရပါတယ္။
ဘာစီလိုနာအသင္းဟာ မက္ဆီကို ၂၀၂၆ခုႏွစ္ အထိ သက္တမ္းရွိမယ့္ ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရယူထားနိုင္တာ ျဖစ္ၿပီး အတည္မျပဳနိုင္ေသးတဲ့ သတင္းေတြအရ မက္ဆီဟာ စာခ်ဳပ္သစ္မွာ လက္ရွိ ရေနတဲ့ လုပ္ခလစာရဲ႕ ထက္ဝက္ခန႔္ကိုသာ ရရွိေတာ့မွာ ျဖစ္ေၾကာင္းလည္း သိရွိထားရပါတယ္။
လက္ရွိမွာေတာ့ မက္ဆီဟာ သူ႕ရဲ႕ အားလပ္ရက္ကို အဆုံးသတ္ၿပီး ဘာစီလိုနာအသင္းနဲ႕ အတူ ေလ့က်င့္ခန္း ျပန္ဆင္းဖို႔ ျပင္ဆင္ေနကာ ဘာစီလိုနာအသင္းနဲ႕ ဂ်ဴဗင္တပ္အသင္းတို႔ ယွဥ္ၿပိဳင္ ကစားၾကမယ့္ ေျခစမ္းပြဲမွာ ပါဝင္ ကစားနိုင္ဖြယ္ ရွိေနပါတယ္။