Spots news
ဗာရန်းနဲ့ ယှဉ်ပြီး မန်ယူမှာ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်မယ်ဆိုတဲ့ လင်‌ဒီလော့ဖ်
Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟိုခံစစ်မှူး ဗစ်တာလင်ဒီလော့ဖ်ကတော့ နောက်‌ကျောဒဏ်ရာကနေ ပြန်လည် သူဟာ လာမယ့်ဘောလုံးရာသီမှာ ပွဲထွက်ခွင့်ရရှိအောင် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီက ဆွီဒင်လက်ရွေးစင် လင်ဒီလော့ဖ် ဟာ နည်းပြဆိုးလ်ရှားလက်ထက်မှာ လိဂ်ပွဲစဥ် ၂၉ ပွဲ အထိ ပွဲထွက်ကစားခဲ့ရ ပေမယ့် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ခြင်းမရှိလို့ ပရိတ်သတ်တွေရဲ့ ဝေဖန်မှုကို ခံနေရတာပါ။
ယူနိုက်တက်ဟာ ယခု‌ နွေရာသီ အပြောင်းအရွေ့မှာ အသင်းရဲ့ ခံစစ်ပိုင်းအတွက် ရီးရဲလ်မက်ဒရစ်က ရာဖေးလ်ဗာရန်းကို ခေါ်ယူခဲ့ပြီး ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားနဲ့
တွဲဖက်ကစားသွားမှာဖြစ်ပြီး လင်ဒီလော့ဖ်ကတော့ သူဟာ ကြံ့ခိုင်မှုပြည့်ဝလာနေပြီး ပွဲထွက်ခွင့်နေရာအတွက် ဗာရန်းကို ဖိအားပေး တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားခဲ့တာပါ။
သူက “ကျွန်တော် အခု နေရထိုင်ရတာ သက်တောင့်သက်သာရှိလာပြီလို့ ခံစားရတယ်။ ကျွန်တော် ပြီးခဲ့တဲ့ရာသီက ရုန်းကန်ခဲ့ရတယ်။ ခြေစွမ်းပြကစားပေးဖို့ တကယ် ခက်ခဲခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။
“ဒါက ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောသလို အလုပ်ကြိုးစားပြီး တခြားသော လေ့ကျင့်ခန်းတွေပါ ဆက်လက် လုပ်ဆောင်ပြီး ကုသမှုတွေ ခံယူခဲ့လို့ ကျွန်တော် အဆင်ပြေလာပါပြီ။
ကျွန်တော် အခု အဆင်သင့်ပါဘဲ။ ဒါပေမယ့် ခင်များ ဒီမှာရှိနေတာက ပွဲကစားခွင့်ရဖို့အတွက်ပါ။ ကျွန်တော် တိုက်ပွဲဝင်သွားမှာပါ။” လို့ပြောကြား ခဲ့ပါတယ်။
Zawgyi Version
တ ။