Spots news

ချဲလ်ဆီးမှာ စံချိန်တင်မြင့်မားတဲ့ လုပ်ခလစာရရှိမယ့် လူကာကူနဲ့ သတင်းတိုများ

Unicode Version

လက်စတာစီးတီးအနေနဲ့ မနေ့ကခြေစမ်းပွဲအတွင်း နောက်ခံလူ ဖိုဖာနာရဲ့ ပြင်းထန်စွာဒဏ်ရာရမှုကြောင့် အစားထိုးဖို့နောက်ခံလူတစ်ယောက်ကို အလျင်အမြန်လိုက်ရှာနေပါတယ်။

ဖိုဖာနာအနေနဲ့ ကာလရှည်အနားယူရဖို့များနေပြီးနောက်ထပ်နောက်ခံလူဖြစ်တဲ့ ဂျွန်နီအီဗန်ကလည်း ကြံ့ခိုင်မှုမသေချာတာမို့ ခံစစ်မှာ အသင့်ကစားနိူင်မယ့်နောက်ထပ်ကစားသမားတစ်ယောက်အလိုရှိနေတာပါ။

ချယ်လ်ဆီးဟာ အတ္တလန္တာနဲ့ သဘောတူညီမှုသာ ရခဲ့မယ်ဆိုရင် တိုက်စစ်မှူး တမ်မီအေဘရာဟမ်ကို ထုတ်ရောင်းဖို့ ပြင်ဆင်ထားပါတယ်။ မကြာခင်ရက်ပိုင်းအတွင်း နှစ်ဖက်အသင်း စတင်ဆွေးနွေးကြပါလိမ့်မယ်။

အတ္တလန္တာက တကယ်လို့ သူတို့ရဲ့ တိုက်စစ်မှူး ဇာပါတာကို အင်တာက ကမ်းလှမ်းမယ်ဆိုရင် ဇာပါတာရဲ့နေရာအတွက် အေဘရာဟမ်ကို ယူရို သန်း ၄၀ နဲ့ ချယ်လ်ဆီးထံ ကမ်းလှမ်းဖို့ရှိပါတယ်။

တိုက်စစ်မှူး လူကာကူအနေနဲ့ ဒီနေ့မှာ အင်တာမီလန်အသင်းဘက်ကို ချဲလ်ဆီးကိုပြောင်းရွှေ့ဖို့ဆန္ဒရှိကြောင်းပြောကြားခဲ့တယ်လို့ The Athletics က သတင်းအရသိရပါတယ်။

လူကာကူအနေနဲ့ အင်တာမီလန်ကနေထွက်ခွာမှာမဟုတ်ကြောင်း အစောပိုင်းက ပြောကြားခဲ့ပေမယ့် ချဲလ်ဆီးအသင်းဘက်က လုပ်ခလစာ တစ်နှစ် ယူရို ၁၂ သန်းအထိ ကမ်းလှမ်းလာပြီးနောက် အင်္ဂလန်ကိုပြန်လည် အခြေချချင်တယ်လို့ ခုလိုပြောကြားခဲ့တာပါ။

စပိန်လာလီဂါကလပ် အလာဗက်စ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဥရုဂွေးကြယ်ပွင့် လူငယ်ကစားသမာလေး ပယ်လီစထရီကို နောက်ထပ် တစ်ရာသီ ထပ်မံအငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်းဘက်ကနေ တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်

ဂရီးလစ်ရှ်ဟာ ယနေ့မှာပဲ မန်ချက်စတာ စီးတီးအသင်း အခြေစိုက်ရာ မန်ချက်စတာမြို့ဆီ လာရောက်ကာ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ပြီး စာချုပ်ကိစ္စကိုပါ အပြီးသတ်နိုင်ခဲ့တာကြောင့် လာမယ့် ၂၄နာရီ အတွင်း မန်ချက်စတာ စီးတီးအသင်းရဲ့ တရားဝင် ထုတ်ပြန်မှုကို မြင်တွေ့ရဖွယ် ရှိပါတယ်။

Zawgyi Version

လက္စတာစီးတီးအေနနဲ႕ မေန႕ကေျခစမ္းပြဲအတြင္း ေနာက္ခံလူ ဖိုဖာနာရဲ႕ ျပင္းထန္စြာဒဏ္ရာရမႈေၾကာင့္ အစားထိုးဖို႔ေနာက္ခံလူတစ္ေယာက္ကို အလ်င္အျမန္လိုက္ရွာေနပါတယ္။

ဖိုဖာနာအေနနဲ႕ ကာလရွည္အနားယူရဖို႔မ်ားေနၿပီးေနာက္ထပ္ေနာက္ခံလူျဖစ္တဲ့ ဂြၽန္နီအီဗန္ကလည္း ႀကံ့ခိုင္မႈမေသခ်ာတာမို႔ ခံစစ္မွာ အသင့္ကစားနိူင္မယ့္ေနာက္ထပ္ကစားသမားတစ္ေယာက္အလိုရွိေနတာပါ။

ခ်ယ္လ္ဆီးဟာ အတၱလႏၲာနဲ႕ သေဘာတူညီမႈသာ ရခဲ့မယ္ဆိုရင္ တိုက္စစ္မႉး တမ္မီေအဘရာဟမ္ကို ထုတ္ေရာင္းဖို႔ ျပင္ဆင္ထားပါတယ္။ မၾကာခင္ရက္ပိုင္းအတြင္း ႏွစ္ဖက္အသင္း စတင္ေဆြးေႏြးၾကပါလိမ့္မယ္။

အတၱလႏၲာက တကယ္လို႔ သူတို႔ရဲ႕ တိုက္စစ္မႉး ဇာပါတာကို အင္တာက ကမ္းလွမ္းမယ္ဆိုရင္ ဇာပါတာရဲ႕ေနရာအတြက္ ေအဘရာဟမ္ကို ယူရို သန္း ၄၀ နဲ႕ ခ်ယ္လ္ဆီးထံ ကမ္းလွမ္းဖို႔ရွိပါတယ္။

တိုက္စစ္မႉး လူကာကူအေနနဲ႕ ဒီေန႕မွာ အင္တာမီလန္အသင္းဘက္ကို ခ်ဲလ္ဆီးကိုေျပာင္းေ႐ႊ႕ဖို႔ဆႏၵရွိေၾကာင္းေျပာၾကားခဲ့တယ္လို႔ The Athletics က သတင္းအရသိရပါတယ္။

လူကာကူအေနနဲ႕ အင္တာမီလန္ကေနထြက္ခြာမွာမဟုတ္ေၾကာင္း အေစာပိုင္းက ေျပာၾကားခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းဘက္က လုပ္ခလစာ တစ္ႏွစ္ ယူရို ၁၂ သန္းအထိ ကမ္းလွမ္းလာၿပီးေနာက္ အဂၤလန္ကိုျပန္လည္ အေျခခ်ခ်င္တယ္လို႔ ခုလိုေျပာၾကားခဲ့တာပါ။

စပိန္လာလီဂါကလပ္ အလာဗက္စ္အသင္းဟာ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ ဥ႐ုေဂြးၾကယ္ပြင့္ လူငယ္ကစားသမာေလး ပယ္လီစထရီကို ေနာက္ထပ္ တစ္ရာသီ ထပ္မံအငွားနဲ႕ ေခၚယူနိုင္ခဲ့ၿပီျဖစ္ေၾကာင္း အသင္းဘက္ကေန တရားဝင္ ထုတ္ျပန္လာခဲ့ပါတယ္

ဂရီးလစ္ရွ္ဟာ ယေန႕မွာပဲ မန္ခ်က္စတာ စီးတီးအသင္း အေျခစိုက္ရာ မန္ခ်က္စတာၿမိဳ႕ဆီ လာေရာက္ကာ ေဆးစစ္မႈေတြ ျပဳလုပ္ခဲ့ရာ ေအာင္ျမင္ခဲ့ၿပီး စာခ်ဳပ္ကိစၥကိုပါ အၿပီးသတ္နိုင္ခဲ့တာေၾကာင့္ လာမယ့္ ၂၄နာရီ အတြင္း မန္ခ်က္စတာ စီးတီးအသင္းရဲ႕ တရားဝင္ ထုတ္ျပန္မႈကို ျမင္ေတြ႕ရဖြယ္ ရွိပါတယ္။