Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ညာနောက်ခံကစားသမားဒါးလော့အား အသင်းဘက်မှဆက်လက်ထိန်သိမ်းသွားမည်ဆိုပါက ယင်းပေါ်တူဂီ ကစားသမားအနေဖြင့်
ယူနိုက်တက် အတွက်သာ ဆက်လက်ကစားပြီး တိုက်ပွဲဝင်ဖို့ အပြည့်အဝ ပြင်ဆင်သွားမည် ဖြစ်ကြောင်းသိရပါတယ်။
အေစီမီလန် အနေနဲ့ ဒါးလော့ အားအငှားတစ်ရာသီ ခေါ်ယူရန် စိတ်ဝင်စားနေပြီးအပြီးသတ်ခေါ်ယူခွင့်ပါ အချက်အား ထည့်သွင်းကမ်းလှမ်းဖွယ်ရှိ နေပါတယ် ။
ယူနိုက်တက် အနေဖြင့် အဌားအတွက် ယူရို4-5 သန်းအလိုရှိလျက်ရှိပြီး အပြီးရောင်းချခွင့်အတွက်ကို မူနောက်ပိုင်းမှသာ ထည့်သွင်းစဥ်းစားမည် ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် နှင့် ဂေါ်ရက်စကာ အကြားစာချုပ်သစ်အတွက် ဆွေးနွေးမှူများပြန်လည်စတင်ခဲ့ပြီး အခြေအနေမှာ နှစ်ဖက်စလုံးအတွက် ပြေလည်မှုများ ရှိနေပါတယ်။
ဂေါ်ရက်စကာ ကလဲ အလျင်အမြန် သဘောတူနိုင်ချေ ရှိနေပါတယ်။ ယူနိုက်တက် အနေအဖြင့် ယခုသဘောတူညီမှုအပေါ် စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။
စပိန်လာလီဂါကလပ် အလာဗက်စ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဥရုဂွေးကြယ်ပွင့် လူငယ်ကစားသမာလေး ပယ်လီစထရီကို နောက်ထပ် တစ်ရာသီ ထပ်မံအငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်းဘက်ကနေ တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်
အဂ်လန် ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်ဟာ လာမယ့်ဘောလုံးရာသီအတွင်း မန်ချက်စတာယူနိုက်တက်အသင်းမှာသာ ဆက်လက်ရှိနေပြီး နေရာတစ်နေရာ ရရှိဖို့အတွက်ကို
တိုက်ပွဲဝင်သွားဖွယ် ရှိနေတာကြောင့် မနှစ်က ရာသီဝက်အတွင်း သူ့ကို အငှားနဲ့ ခေါ်ယူခဲ့တဲ့ ဝက်စ်ဟမ်းအသင်းအနေနဲ့ လင်ဂတ်ကို ထပ်မံအငှားနဲ့ ခေါ်ယူဖို့ ဒါမှမဟုတ် အပြီးသတ် ခေါ်ယူနိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေ အရမ်းနည်းသွားခဲ့ပြီလို့ သိရှိရပါတယ်။
Zawgyi Version