Spots news

ကွန်မြူနတီဒိုင်းပွဲမှာ ကစားသမားသစ်ဂရီးလစ်ရ်ှကို မန်စီးတီး အသုံးပြုဖို့ရှိ

Unicode Version

မန်စီးတီးအသင်းဟာ အခုတစ်ပတ်စနေနေ့မှာ ရာသီကြိုပွဲစဉ်တစ်ပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲအဖြစ် FA ဖလားချန်ပီယံ လက်စတာအသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီး နည်းပြဂွါဒီယိုလာက အဲဒီပွဲမှာ ကစားသမားသစ် ဂရီးလစ်ရ်ှကို အသုံးပြုသွားဖို့ရှိနေပါတယ်။

ဂရီးလစ်ရ်ှဟာ ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့သလို အခုမနက် အစောပိုင်းမှာ အသင်းနဲ့ဆေးစစ်မှုခံယူပြီး တစ်ပတ်ပေါင် ၂၀၀,၀၀၀ နဲ့ စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အဓိကဦးစားပေးပစ်မှတ်အဖြစ် ဂရီးလစ်ရ်ှကို ခေါ်ယူနိုင်ဖို့ တစိုက်မတ်မတ်ကြိုးပမ်းခဲ့ပြီး ဂရီးလစ်ရ်ှကလည်း ချန်ပီယံလိဂ်မှာ ပါဝင်ကစားဖို့ ဆန္ဒရှိနေသလို နည်းပြဂွါဒီယိုလာလက်အောက်မှာ ကစားချင်နေတာကြောင့် ဗီလာအသင်းက မန်စီးတီးအသင်းဆီပြောင်းရွှေ့ဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဗီလာအသင်းဟာ တိုက်စစ်အတွက် ဂရီးလစ်ရ်ှကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက် တလေဗာကူဆင်တောင်ပံတိုက်စစ် ကစားသမား ဘိုင်လီကို ခေါ်ယူစာချုပ်ခဲ့သလို မကြာသေးခင်က ဆောက်သမ်တန် ဝါရင့်တိုက်စစ်မှူး ဒန်နီအင့်စ်ကိုလည်း ပေါင် ၂၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

ဂရီးလစ်ရ်ှဟာ အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂ဝ ပြိုင်ပွဲ ကစားခဲ့တာကြောင့် မန်စီးတီးက သူ့ရဲ့ကြံ့ခိုင်မှုကို စမ်းသပ်စစ်ဆေး သွားမှာဖြစ်ပြီး ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိတယ်ဆိုရင် သြဂုတ်လ ၇ ရက် လက်စတာအသင်းနဲ့ကစားမယ့်ကွန်မြူနတီဒိုင်းပွဲမှာ ဂရီးလစ်ရ်ှကို ထည့်သွင်းအသုံးပြု သွားမှာဖြစ်ပါတယ်။

မန်စီးတီးအသင်း ဂရီးလစ်ရ်ှကို ခေါ်ယူလိုက်တာကြောင့် အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားဟာ အသင်းနဲ့လမ်းခွဲဖို့ရှိနေပြီး သူက စပိန်လာလီဂါကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန် နေတယ်လို့ ဖွင့်ဟပြောဆိုထားပါတယ်။

Zawgyi Version

မန်စီးတီးအသင်းဟာ အခုတစ်ပတ်စနေနေ့မှာ ရာသီကြိုပွဲစဉ်တစ်ပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲအဖြစ် FA ဖလားချန်ပီယံလက်စတာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နည်းပြဂွါဒီယိုလာက အဲဒီပွဲမှာ ကစားသမားသစ် ဂရီးလစ်ရှ်ကို အသုံးပြုသွားဖို့ရှိနေပါတယ်။

ဂရီးလစ်ရှ်ဟာ ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့သလို အခုမနက်အစောပိုင်းမှာ အသင်းနဲ့ဆေးစစ်မှုခံယူပြီး တစ်ပတ်ပေါင် ၂၀၀,၀၀၀ နဲ့ စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အဓိကဦးစားပေးပစ်မှတ်အဖြစ် ဂရီးလစ်ရှ်ကို ခေါ်ယူနိုင်ဖို့ တစိုက်မတ်မတ်ကြိုးပမ်းခဲ့ပြီး ဂရီးလစ်ရှ်ကလည်း ချန်ပီယံလိဂ်မှာ ပါဝင်ကစားဖို့ ဆန္ဒရှိနေသလို နည်းပြဂွါဒီယိုလာလက်အောက်မှာ ကစားချင်နေတာကြောင့် ဗီလာအသင်းက မန်စီးတီးအသင်းဆီပြောင်းရွှေ့ဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဗီလာအသင်းဟာ တိုက်စစ်အတွက် ဂရီးလစ်ရှ်ကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက် တလေဗာကူဆင်တောင်ပံတိုက်စစ် ကစားသမား ဘိုင်လီကို ခေါ်ယူစာချုပ်ခဲ့သလို မကြာသေးခင်က ဆောက်သမ်တန် ဝါရင့်တိုက်စစ်မှူး ဒန်နီအင့်စ်ကိုလည်း ပေါင် ၂၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

ဂရီးလစ်ရှ်ဟာ အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂ဝ ပြိုင်ပွဲ ကစားခဲ့တာကြောင့် မန်စီးတီးက သူ့ရဲ့ကြံ့ခိုင်မှုကို စမ်းသပ်စစ်ဆေး သွားမှာဖြစ်ပြီး ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိတယ်ဆိုရင် သြဂုတ်လ ၇ ရက် လက်စတာအသင်းနဲ့ကစားမယ့်ကွန်မြူနတီဒိုင်းပွဲမှာ ဂရီးလစ်ရှ်ကို ထည့်သွင်းအသုံးပြု သွားမှာဖြစ်ပါတယ်။

မန်စီးတီးအသင်း ဂရီးလစ်ရှ်ကို ခေါ်ယူလိုက်တာကြောင့် အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားဟာ အသင်းနဲ့လမ်းခွဲဖို့ရှိနေပြီး သူက စပိန်လာလီဂါကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန် နေတယ်လို့ ဖွင့်ဟပြောဆိုထားပါတယ်။