Spots news

အနှစ် ၂၀ ကျော်လက်တွဲခဲ့ပေမယ့် လမ်းခွဲခဲ့ပြီဖြစ်‌တဲ့ ဘာစီလိုနာနဲ့ မက်ဆီ

Unicode Version

အာဂျင်တီးနားရဲ့ ခေတ်သစ် ဂန္ထဝင် ဘောလုံးသမား လိုင်ယွန်နယ် မက်ဆီဟာ ဘာစီလိုနာ ဘောလုံးအသင်းမှာ ဆက်ရှိ နေတော့မှာ မဟုတ်ဘူးဆိုပြီး ဘာစီလိုနာ ဘက်က အတည်ပြု ထုတ်ပြန်ပါတယ်။

ငွေရေးကြေးရေး ဆိုင်ရာ ဘဏ္ဍာရေးပိုင်းမှာရော အသင်းတည်ဆောက်မှု အပိုင်းမှာပါ အခက်အခဲတွေ ရှိနေတယ်လို့ ဘာစီလိုနာ အသင်းက ဆိုပါတယ်။

ဘာစီလိုနာနဲ့ မက်ဆီရဲ့ စာချုပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ကတည်းက ကုန်ဆုံး ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သီတင်းနှစ်ပတ် အကြာမှာတော့ မက်ဆီက လစာ လျှော့ယူပြီး စာချုပ်သစ် ချုပ်မယ်ဆိုတဲ့ သဘောတူမှုရလာပါတယ်။

အဲဒီ လစာလည်းပဲ အသင်းအနေနဲ့ တတ်နိုင်ဖို့ရာ ကစားသမားတွေ ထုတ်ရောင်းဖို့ လိုနေပါတယ်။

တခါ၊ လာလီဂါရဲ့ စည်းမျဥ်းတွေအရ မက်ဆီ အပါအဝင် အသင်းသား အသစ်တွေကို မှတ်ပုံမတင်ခင် လစာတွေ လျှော့ထားနှင့်ပြီး ဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက် ရှိနေပါတယ်။

ဒ့ါကြောင့် မက်ဆီနဲ့ လက်တွဲခဲ့တဲ့ ၂၁ နှစ်တာကာလကို သက်တမ်းတိုးဖို့ရာ နှစ်ဦးနှစ်ဘက် အဆင်ပြေခဲ့ပေမယ့်၊ လာလီဂါရဲ့ အကန့်အသတ်တွေကြောင့် တကယ်တမ်း လက်မှတ် မရေးထိုးဖြစ်တော့ဘူးလို့ ဘာစီလိုနာက ကြေညာပါတယ်။

အသင်းအတွက် စွမ်းဆောင် ပေးခဲ့သမျှတွေ အတွက် အင်မတန် ကျေးဇူးတင်ရှိကြောင်း ဘာစီလိုနာက ပြောရင်းမှာပဲ မက်ဆီရဲ့ ရှေ့ အနာဂတ် အတွက်လည်း အကောင်းဆုံး ဖြစ်လာဖို့ ဆုတောင်း ပေးလိုက်တယ်လို့ ဆိုပါတယ်။

Zawgyi Version

အာဂ်င္တီးနားရဲ႕ ေခတ္သစ္ ဂႏၳဝင္ ေဘာလုံးသမား လိုင္ယြန္နယ္ မက္ဆီဟာ ဘာစီလိုနာ ေဘာလုံးအသင္းမွာ ဆက္ရွိ ေနေတာ့မွာ မဟုတ္ဘူးဆိုၿပီး ဘာစီလိုနာ ဘက္က အတည္ျပဳ ထုတ္ျပန္ပါတယ္။

ေငြေရးေၾကးေရး ဆိုင္ရာ ဘ႑ာေရးပိုင္းမွာေရာ အသင္းတည္ေဆာက္မႈ အပိုင္းမွာပါ အခက္အခဲေတြ ရွိေနတယ္လို႔ ဘာစီလိုနာ အသင္းက ဆိုပါတယ္။

ဘာစီလိုနာနဲ႕ မက္ဆီရဲ႕ စာခ်ဳပ္ဟာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၁ ရက္ေန႕ကတည္းက ကုန္ဆုံး ခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္ သီတင္းႏွစ္ပတ္ အၾကာမွာေတာ့ မက္ဆီက လစာ ေလွ်ာ့ယူၿပီး စာခ်ဳပ္သစ္ ခ်ဳပ္မယ္ဆိုတဲ့ သေဘာတူမႈရလာပါတယ္။

အဲဒီ လစာလည္းပဲ အသင္းအေနနဲ႕ တတ္နိုင္ဖို႔ရာ ကစားသမားေတြ ထုတ္ေရာင္းဖို႔ လိုေနပါတယ္။

တခါ၊ လာလီဂါရဲ႕ စည္းမ်ဥ္းေတြအရ မက္ဆီ အပါအဝင္ အသင္းသား အသစ္ေတြကို မွတ္ပုံမတင္ခင္ လစာေတြ ေလွ်ာ့ထားႏွင့္ၿပီး ျဖစ္ရမယ္ဆိုတဲ့ ကန့္သတ္ခ်က္ ရွိေနပါတယ္။

ဒ့ါေၾကာင့္ မက္ဆီနဲ႕ လက္တြဲခဲ့တဲ့ ၂၁ ႏွစ္တာကာလကို သက္တမ္းတိုးဖို႔ရာ ႏွစ္ဦးႏွစ္ဘက္ အဆင္ေျပခဲ့ေပမယ့္၊ လာလီဂါရဲ႕ အကန့္အသတ္ေတြေၾကာင့္ တကယ္တမ္း လက္မွတ္ မေရးထိုးျဖစ္ေတာ့ဘူးလို႔ ဘာစီလိုနာက ေၾကညာပါတယ္။

အသင္းအတြက္ စြမ္းေဆာင္ ေပးခဲ့သမွ်ေတြ အတြက္ အင္မတန္ ေက်းဇူးတင္ရွိေၾကာင္း ဘာစီလိုနာက ေျပာရင္းမွာပဲ မက္ဆီရဲ႕ ေရွ႕ အနာဂတ္ အတြက္လည္း အေကာင္းဆုံး ျဖစ္လာဖို႔ ဆုေတာင္း ေပးလိုက္တယ္လို႔ ဆိုပါတယ္။