Spots news

အသင်းပြောင်းရွေ့လာနိုင်တဲ့ မက်ဆီကြောင့် ရီးရဲလ်ကို ပြောင်းရွေ့တော့မယ့် ဘာပေ

Unicode Version

စပိန်နာမည်ကြီး အစီအစဉ် တင်ဆက်သူ ပီဒရီရိုလ်ကတော့ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့လာတော့မယ်လို့ ခိုင်ခိုင်မာမာ ပြောကြားသွားခဲ့ပါတယ်။

ပီဒရီရိုလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပတ်သတ်တဲ့ သတင်းတွေကို တင်ဆက်ရာမှာ ရာနှုန်းပြည့် စိတ်ချရတဲ့ သတင်းထောက် တဦး ဖြစ်ပြီး Ramos to PSG ၊ Varane to Man Utd စတဲ့ သတင်းတွေကို ဦးစွာ ဖော်ပြခဲ့သူပါ။

တဖက်မှာတော့ ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာအသင်း ကနေ လောလောလတ်လတ် ထွက်ခွာထားတဲ့ လီယွန်နယ် မက်ဆီကို ခေါ်ယူနိုင်ဖို့ အလားအလား များနေကြောင်း ယူဆရပါတယ်။

 

ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေကို ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း ဝန်းကျင် ပေးချေရဖို့ ရှိနေကာ အမ်ဘာပေကတော့ သူ့ရဲ့ စံပြကစားသမား ဖြစ်သူ ရိုနယ်ဒို ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇ကို ဝတ်ဆင်ရဖို့ ရှိနေပါတယ်။

 

Zawgyi Version



