Spots news

မက်ဆီနဲ့ ရော်နယ်ဒိုပြီးရင် ဒီဘရိုင်း အကောင်းဆုံးပါလို့ ချီးကျူးလိုက်တဲ့ ဂရီးလစ်ရှ်

Unicode Version

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ စီးတီးအသင်းရဲ့ ပူပူနွေးနွေး ကစားသမားသစ် ဂျက် ဂရီးလစ်ရှ်ကတော့ သူ့ရဲ့ မန်စီးတီး အသင်းဖော်သစ် ဒီဘရိုင်းဟာ မက်ဆီနဲ့ ရော်နယ်ဒိုပြီးရင် ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားလို့ ချီးကျူး ပြောဆိုလိုက်ပါတယ်။

အသက် ၂၅နှစ် အရွယ်သာ ရှိသေးတဲ့ ဂရီးလစ်ရှ်ဟာ ကြံ့ခိုင်မှု အားကောင်းသလို ဖန်တီးနိုင်စွမ်း မြင့်မားတဲ့ ကစားသမား တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဂ်လန် ပရီးမီးယားလိဂ်ရဲ့ အခွင့်အရေး ဖန်တီးမှု အများဆုံး ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

ဒီအချက်တွေကြောင့်ပဲ မန်ချက်စတာ စီးတီးအသင်းဟာ ဂရီးလစ်ရှ်ကို ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း အထိ ပေးချေကာ ခေါ်ယူခဲ့တာ ဖြစ်သလို ဂရီးလစ်ရှ်ကို ၂၀၂၆ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဂရီးလစ်ရှ်ဟာ ဒီဘရိုင်းနဲ့အတူ မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ်ပိုင်းမှာ တွဲဖက် ကစားခွင့် ရမယ်လို့ သိရပြီး ဒီဘရိုင်းကလည်း ဂရီးလစ်ရှ်ကို မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့လာဖို့ အဓိက တိုက်တွန်းခဲ့သူ ဖြစ်ကြောင်း သတင်းများအရ သိရပါတယ်။

ဒီဘရိုင်းရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး ဂရီးလစ်ရှ်က “ ကျွန်တော် သူနဲ့ အကြိမ်ရေ အနည်းငယ် စကားကောင်းကောင်း ပြောခဲ့ပါတယ်။ကျွန်တော် အမြဲတမ်း ပြောခဲ့သလိုပါပဲ။ မက်ဆီနဲ့ ရော်နယ်ဒိုကို ဖယ်လိုက်ရင် သူက အကောင်းဆုံး ကစားသမား တဦးပါ” လို့ ချီးကျူးခဲ့ ပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ ကလပ္ မန္ခ်က္စတာ စီးတီးအသင္းရဲ႕ ပူပူေႏြးေႏြး ကစားသမားသစ္ ဂ်က္ ဂရီးလစ္ရွ္ကေတာ့ သူ႕ရဲ႕ မန္စီးတီး အသင္းေဖာ္သစ္ ဒီဘရိုင္းဟာ မက္ဆီနဲ႕ ေရာ္နယ္ဒိုၿပီးရင္ ကမာၻေပၚမွာ အေကာင္းဆုံး ကစားသမားလို႔ ခ်ီးက်ဴး ေျပာဆိုလိုက္ပါတယ္။

အသက္ ၂၅ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ဂရီးလစ္ရွ္ဟာ ႀကံ့ခိုင္မႈ အားေကာင္းသလို ဖန္တီးနိုင္စြမ္း ျမင့္မားတဲ့ ကစားသမား တဦး ျဖစ္ကာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ အဂ္လန္ ပရီးမီးယားလိဂ္ရဲ႕ အခြင့္အေရး ဖန္တီးမႈ အမ်ားဆုံး ကစားသမားေတြထဲက တဦးပဲ ျဖစ္ပါတယ္။

ဒီအခ်က္ေတြေၾကာင့္ပဲ မန္ခ်က္စတာ စီးတီးအသင္းဟာ ဂရီးလစ္ရွ္ကို ပရီးမီးယားလိဂ္ရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀၀သန္း အထိ ေပးေခ်ကာ ေခၚယူခဲ့တာ ျဖစ္သလို ဂရီးလစ္ရွ္ကို ၂၀၂၆ ခုႏွစ္ အထိ သက္တမ္း ရွိတဲ့ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။

ဂရီးလစ္ရွ္ဟာ ဒီဘရိုင္းနဲ႕အတူ မန္ခ်က္စတာ စီးတီးအသင္းရဲ႕ ကြင္းလယ္ပိုင္းမွာ တြဲဖက္ ကစားခြင့္ ရမယ္လို႔ သိရၿပီး ဒီဘရိုင္းကလည္း ဂရီးလစ္ရွ္ကို မန္ခ်က္စတာ စီးတီးအသင္းထံ ေျပာင္းေ႐ႊ႕လာဖို႔ အဓိက တိုက္တြန္းခဲ့သူ ျဖစ္ေၾကာင္း သတင္းမ်ားအရ သိရပါတယ္။

ဒီဘရိုင္းရဲ႕ ေျခစြမ္းပိုင္းနဲ႕ ပတ္သတ္ၿပီး ဂရီးလစ္ရွ္က “ ကြၽန္ေတာ္ သူနဲ႕ အႀကိမ္ေရ အနည္းငယ္ စကားေကာင္းေကာင္း ေျပာခဲ့ပါတယ္။ကြၽန္ေတာ္ အၿမဲတမ္း ေျပာခဲ့သလိုပါပဲ။ မက္ဆီနဲ႕ ေရာ္နယ္ဒိုကို ဖယ္လိုက္ရင္ သူက အေကာင္းဆုံး ကစားသမား တဦးပါ” လို႔ ခ်ီးက်ဴးခဲ့ ပါတယ္။