Unicode Version
အင်တာမီလန် အသင်းရဲ့ အဓိက တိုက်စစ်မှူး လူကာကူက အသင်းဟောင်း ချယ်လ်ဆီးထံမှ သင့်လျော်သည့် ကမ်းလှမ်းမှုရရှိပါက မိခင်ကလပ် အင်တာအနေနဲ့ လက်ခံပေးရန် တိုက်တွန်းထားကြောင်း သိရပါတယ်။
အသင်းရဲ့ တိုက်စစ်အင်အားကို ဖြည့်စည်းမယ့် ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူးဟောင်း လူကာကူကို ပြန်လည်ခေါ်ယူရန် ကြိုးပမ်းလျက်ရှိပြီး ယခုရက်သတ္တပတ်အစောပိုင်းက ပေါင် ၈၅ သန်းဖြင့် ဒုတိယအကြိမ် ကမ်းလှမ်းမှုကို အင်တာမီလန်အသင်းက ပယ်ချထားပါတယ်။
အဆိုပါ ကမ်းလှမ်းမှူမှာ ပေါင် ၈၅ သန်းအပြင် ချယ်လ်ဆီးအသင်း ဘယ်နောက်ခံလူ အလွန်ဆိုကိုပါ အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအဖြစ် အလိုက်ပေးဖို့ အထိ ထည့်သွင်းကမ်းလှမ်းထားကြောင်း Sky Italia သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
လူကာကူက အင်တာမီလန်အသင်း၌ ပျော်ရွှင်နေကြောင်း အစောပိုင်းတွင် ပြောကြားထားသော်လည်း ယခုအခါ အသင်းဟောင်းသို့ ပြန်လည် ပြောင်းရွှေ့ရန် စဉ်းစားနေပြီး သင့်လျော်သည့် ကမ်းလှမ်းမှုရရှိပါက လက်ခံပေးရန် တိုက်တွန်းခဲ့ခြင်း ဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ လာမယ့်ဘောလုံး ရာသီမှာ စီးရီးအေ ချန်ပီယံဆု ကာကွယ်ရမှာ ဖြစ်သော်လည်း ဘဏ္ဍာရေး အခက်အခဲကြောင့် ညာနောက်ခံလူ ဟာကီမီကို ရောင်းချထား ရပြီးဖြစ်သလို လူကာကူအတွက် မက်မောလောက်ဖွယ် ကမ်းလှမ်းမှုရရှိပါက ရောင်းချဖွယ်ရှိနေပါတယ်။
ချယ်လ်ဆီးအသင်းအနေဖြင့် ပေါင် ၉၄ သန်း နှင့် ပေါင် ၁၀၂ သန်း ဝန်းကျင်အကြား တိုးမြှင့်ကမ်းလှမ်းပါက အင်တာမီလန် အသင်းဥက္ကဋ္ဌ စတီဗင်ကျန်းကို စည်းရုံးနိုင်ဖွယ် ရှိကြောင်းလည်း Sky Sports သတင်းဌာနက ဖော်ပြထား ပါတယ်။
Zawgyi Version
အင္တာမီလန္ အသင္းရဲ႕ အဓိက တိုက္စစ္မႉး လူကာကူက အသင္းေဟာင္း ခ်ယ္လ္ဆီးထံမွ သင့္ေလ်ာ္သည့္ ကမ္းလွမ္းမႈရရွိပါက မိခင္ကလပ္ အင္တာအေနနဲ႕ လက္ခံေပးရန္ တိုက္တြန္းထားေၾကာင္း သိရပါတယ္။
အသင္းရဲ႕ တိုက္စစ္အင္အားကို ျဖည့္စည္းမယ့္ ခ်ယ္လ္ဆီးအသင္းဟာ တိုက္စစ္မႉးေဟာင္း လူကာကူကို ျပန္လည္ေခၚယူရန္ ႀကိဳးပမ္းလ်က္ရွိၿပီး ယခုရက္သတၱပတ္အေစာပိုင္းက ေပါင္ ၈၅ သန္းျဖင့္ ဒုတိယအႀကိမ္ ကမ္းလွမ္းမႈကို အင္တာမီလန္အသင္းက ပယ္ခ်ထားပါတယ္။
အဆိုပါ ကမ္းလွမ္းမႉမွာ ေပါင္ ၈၅ သန္းအျပင္ ခ်ယ္လ္ဆီးအသင္း ဘယ္ေနာက္ခံလူ အလြန္ဆိုကိုပါ အေျပာင္းအေ႐ႊ႕တစ္စိတ္တစ္ပိုင္းအျဖစ္ အလိုက္ေပးဖို႔ အထိ ထည့္သြင္းကမ္းလွမ္းထားေၾကာင္း Sky Italia သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။
လူကာကူက အင္တာမီလန္အသင္း၌ ေပ်ာ္႐ႊင္ေနေၾကာင္း အေစာပိုင္းတြင္ ေျပာၾကားထားေသာ္လည္း ယခုအခါ အသင္းေဟာင္းသို႔ ျပန္လည္ ေျပာင္းေ႐ႊ႕ရန္ စဥ္းစားေနၿပီး သင့္ေလ်ာ္သည့္ ကမ္းလွမ္းမႈရရွိပါက လက္ခံေပးရန္ တိုက္တြန္းခဲ့ျခင္း ျဖစ္ပါတယ္။
အင္တာမီလန္အသင္းဟာ လာမယ့္ေဘာလုံး ရာသီမွာ စီးရီးေအ ခ်န္ပီယံဆု ကာကြယ္ရမွာ ျဖစ္ေသာ္လည္း ဘ႑ာေရး အခက္အခဲေၾကာင့္ ညာေနာက္ခံလူ ဟာကီမီကို ေရာင္းခ်ထား ရၿပီးျဖစ္သလို လူကာကူအတြက္ မက္ေမာေလာက္ဖြယ္ ကမ္းလွမ္းမႈရရွိပါက ေရာင္းခ်ဖြယ္ရွိေနပါတယ္။
ခ်ယ္လ္ဆီးအသင္းအေနျဖင့္ ေပါင္ ၉၄ သန္း ႏွင့္ ေပါင္ ၁၀၂ သန္း ဝန္းက်င္အၾကား တိုးျမႇင့္ကမ္းလွမ္းပါက အင္တာမီလန္ အသင္းဥကၠ႒ စတီဗင္က်န္းကို စည္း႐ုံးနိုင္ဖြယ္ ရွိေၾကာင္းလည္း Sky Sports သတင္းဌာနက ေဖာ္ျပထား ပါတယ္။