Unicode Version
မနေ့ညကပဲ ဘာစီလိုနာ အသင်းနဲ့ စာချုပ်ဆက်လက် ချုပ်ဆိုတော့မှာ မဟုတ်ကြောင်း ကြေငြာပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယနေ့မှာပဲ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
အသက် ၃၄နှစ် အရွယ် ရှိပြီဖြစ်တဲ့ အာဂျင်တီးနားအသင်းနဲ့ ဘာစီလိုအသင်း အသင်းခေါင်းဆောင်ဟောင်း လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်ခဲ့ပြီးမှ အမှတ်မထင် စာချုပ်သစ် ဆွေးနွေးမှု ပျက်ပြယ်ခဲ့တာကြောင့် အနှစ် ၂၀ ကျော် လက်တွဲခဲ့တဲ့ အသင်းနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။
မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အမြောက်အမြား ရှိပေမယ့် မက်ဆီကတော့ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ အသင်းထံသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ဂွာဒီယိုလာရှိရာ မန်ချက်စတာ စီးတီးအသင်းနဲ့ အသင်းဖော်ဟောင်း နေမာ ရှိတဲ့ ပီအက်စ်ဂျီအသင်းတို့ကို ပြောင်းရွှေ့လိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပြီး ယခု ထွက်ပေါ်လာတဲ့ သတင်းတွေအရ မက်ဆီဟာ ပြင်သစ်ကလပ် ကိုပဲ ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေကြောင်း သိရပါတယ်။
The Athletic သတင်းဌာန ကတော့ မက်ဆီဟာ သူနဲ့ တနိုင်ငံထဲသား ပီအက်စ်ဂျီအသင်းရဲ့ အာဂျင်တီးနား လူမျိုး နည်းပြ ပိုချက်တီနိုနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ ကစားဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
မက်ဆီဟာ အာဂျင် အသင်းဖော်တွေ ဖြစ်တဲ့ အိုင်ကာဒီ ၊ ဒီမာရီယာတို့ ရှိနေသလို စပိန်စကား ပြောနိုင်သူတွေ များတဲ့ အတွက်ကြောင့် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ကြောင်းနဲ့
လက်ရှိမှာ မက်ဆီရဲ့ အေးဂျင့်အဖြစ် တာဝန်ယူထားတဲ့ ဖခင်ဖြစ်သူ ဂျော့စ်မက်ဆီနဲ့ ပီအက်စ်ဂျီ တာဝန်ရှိသူတွေဟာ တရားဝင် ဆွေးနွေးမှုတွေ စတင်နေကြောင်း အတည်ပြုထားတာကြောင့် လာမယ့်ရက်ပိုင်း အတွင်း မက်ဆီဟာ ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားသစ် ဖြစ်လာမှာပါ။
Zawgyi Version
မေန႕ညကပဲ ဘာစီလိုနာ အသင္းနဲ႕ စာခ်ဳပ္ဆက္လက္ ခ်ဳပ္ဆိုေတာ့မွာ မဟုတ္ေၾကာင္း ေၾကျငာၿပီး အသင္းလက္မဲ့ ျဖစ္ေနတဲ့ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီဟာ ယေန႕မွာပဲ ျပင္သစ္ အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။
အသက္ ၃၄ႏွစ္ အ႐ြယ္ ရွိၿပီျဖစ္တဲ့ အာဂ်င္တီးနားအသင္းနဲ႕ ဘာစီလိုအသင္း အသင္းေခါင္းေဆာင္ေဟာင္း လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႕ ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ နီးစပ္ခဲ့ၿပီးမွ အမွတ္မထင္ စာခ်ဳပ္သစ္ ေဆြးေႏြးမႈ ပ်က္ျပယ္ခဲ့တာေၾကာင့္ အႏွစ္ ၂၀ ေက်ာ္ လက္တြဲခဲ့တဲ့ အသင္းနဲ႕ လမ္းခြဲခဲ့တာ ျဖစ္ပါတယ္။
မက္ဆီကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္းေတြ အေျမာက္အျမား ရွိေပမယ့္ မက္ဆီကေတာ့ ဥေရာပ ခ်န္ပီယံလိဂ္ ဆုဖလားကို စိန္ေခၚနိုင္စြမ္း ရွိတဲ့ အသင္းထံသာ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ထားေၾကာင္း ေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။
မက္ဆီဟာ ဂြာဒီယိုလာရွိရာ မန္ခ်က္စတာ စီးတီးအသင္းနဲ႕ အသင္းေဖာ္ေဟာင္း ေနမာ ရွိတဲ့ ပီအက္စ္ဂ်ီအသင္းတို႔ကို ေျပာင္းေ႐ႊ႕လိမ့္မယ္လို႔ ထင္ေၾကးေပးမႈေတြ ရွိေနၿပီး ယခု ထြက္ေပၚလာတဲ့ သတင္းေတြအရ မက္ဆီဟာ ျပင္သစ္ကလပ္ ကိုပဲ ေျပာင္းေ႐ႊ႕ဖို႔ ေသခ်ာသေလာက္ ရွိေနေၾကာင္း သိရပါတယ္။
The Athletic သတင္းဌာန ကေတာ့ မက္ဆီဟာ သူနဲ႕ တနိုင္ငံထဲသား ပီအက္စ္ဂ်ီအသင္းရဲ႕ အာဂ်င္တီးနား လူမ်ိဳး နည္းျပ ပိုခ်က္တီနိုနဲ႕ အေျပာင္းအေ႐ႊ႕ အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီး ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ ကစားဖို႔ ျပင္ဆင္ေနၿပီ ျဖစ္ေၾကာင္း သိရပါတယ္။
မက္ဆီဟာ အာဂ်င္ အသင္းေဖာ္ေတြ ျဖစ္တဲ့ အိုင္ကာဒီ ၊ ဒီမာရီယာတို႔ ရွိေနသလို စပိန္စကား ေျပာနိုင္သူေတြ မ်ားတဲ့ အတြက္ေၾကာင့္ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့ေၾကာင္းနဲ႕
လက္ရွိမွာ မက္ဆီရဲ႕ ေအးဂ်င့္အျဖစ္ တာဝန္ယူထားတဲ့ ဖခင္ျဖစ္သူ ေဂ်ာ့စ္မက္ဆီနဲ႕ ပီအက္စ္ဂ်ီ တာဝန္ရွိသူေတြဟာ တရားဝင္ ေဆြးေႏြးမႈေတြ စတင္ေနေၾကာင္း အတည္ျပဳထားတာေၾကာင့္ လာမယ့္ရက္ပိုင္း အတြင္း မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ ကစားသမားသစ္ ျဖစ္လာမွာပါ။