Spots news

မာတီနက်ဇ် နဲ့ မက်ဒီဆင်ကို အစွမ်းကုန်ခေါ်ယူနေပြီး လူအင်အားဖြည့်တင်းနေတဲ့ အာဆင်နယ်

Unicode Version

အာဆင်နယ်အသင်းဟာ အင်တာမီလန်အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ လော်သာရိုမာတီနက်ဇ်ကို အရခေါ်ယူသွားဖို့အတွက် ကြိုးပမ်းမှုတွေကို ထပ်မံလုပ်ဆောင်လျက်ရှိနေပြီး အင်တာဘက်ကနေ အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးအတိုင်းနဲ့

ကမ်းလှမ်းဖို့က ခက်ခဲနေတာကြောင့် အပြောင်းအရွှေ့တချို့ အပါအဝင် အသင်းရဲ့ ညာနောက်ခံလူ ဟက်တာဘယ်လာရင်နဲ့ တိုက်စစ်ကစားသမား အလက်ဇန်းဒါးလာကာဇက်တို့နှစ်ယောက်ကို အလိုက်ပေး ကမ်းလှမ်းသွားဖို့ပါ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ အခု နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ အင်္ဂလန် နောက်ခံကစားသမား ဘင်ဝှိုက်ကို ပေါင်သန်း(၅၀)နဲ့ ခေါ်ယူထားခဲ့သလို ကွင်းလယ်လူ လိုကွန်ဂါနဲ့ ဘယ်နောက်ခံလူ တာဗာရက်စ်တို့ကိုလည်း ခေါ်ယူအားဖြည့်ထားခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာ အာဆင်နယ်ဘက်က ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ချင်နေပြီး တိုက်စစ်ပိုင်းအတွက်ကိုတော့ အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား မာတီနက်ဇ်ကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ဒီကစားသမားကို ရရှိဖို့အတွက် အာဆင်နယ်ဘက်က ကနဦးပိုင်းမှာ ဘယ်လာရင်အပါအဝင် ယူရိုသန်း(၅၀)နဲ့ ကမ်းလှမ်းမယ်လို့ သတင်းထွက်ခဲ့ပေမယ့် အခုအချိန်မှာတော့

အာဆင်နယ်ဟာ ပြောင်းရွှေ့ကြေးကို အနည်းငယ် လျှော့ချပြီး ဘယ်လာရင်နဲ့ လာကာဇက်တို့နဲ့ အလိုက်ပေး ကမ်းလှမ်းလာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

မာတီနက်ဇ်ကို အာဆင်နယ်အသင်းက အလိုရှိနေသလို အသက်လက်တီကိုမက်ဒရစ်အသင်းကပါ စိတ်ဝင်စားလျက် ရှိနေသလို အင်တာဘက်ကလည်း လူကာကူကို ချယ်လ်ဆီးအသင်းဆီ လက်လွတ်ရဖို့ နီးစပ်နေတာကြောင့်

နောက်ထပ် တိုက်စစ်ကစားသမားဖြစ်တဲ့ မာတီနက်ဇ်ကိုပါ ထပ်မံဆုံးရှုံးချင်မှာ မဟုတ်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းဖွယ် ရှိနေတာကြောင့် အာဆင်နယ်အနေနဲ့ မာတီနက်ဇ်ကို ခေါ်ယူနိုင်ရေးက ပိုခက်ခဲသွားနိုင်ပါတယ်။

ဒါပေမယ့် အာဆင်နယ်က မာတီနက်ဇ်ကို ခေါ်ယူဖို့အတွက် လက်လျှော့ဦးမှာ မဟုတ်ပဲ အင်တာမီလန်ဘက်က လက်ခံလာနိုင်တဲ့အထိ ထပ်ပြီးကမ်းလှမ်းဖွယ် ရှိလာနိုင်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်ဟာ မာတီနက်ဇ်အပြင်

လက်စတာအသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်မက်ဒီဆန်ကိုပါ ကစားသမား အလိုက်ပေးမှုတွေနဲ့အတူ ကမ်းလှမ်းဖွယ် ရှိနေပြီး ကစားသမားကိုယ်တိုင်ကပါ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

Zawgyi Version

အာဆင္နယ္အသင္းဟာ အင္တာမီလန္အသင္းရဲ႕ တိုက္စစ္ကစားသမားျဖစ္သူ ေလာ္သာရိုမာတီနက္ဇ္ကို အရေခၚယူသြားဖို႔အတြက္ ႀကိဳးပမ္းမႈေတြကို ထပ္မံလုပ္ေဆာင္လ်က္ရွိေနၿပီး အင္တာဘက္ကေန အလိုရွိေနတဲ့ ေျပာင္းေ႐ႊ႕ေၾကးအတိုင္းနဲ႕

ကမ္းလွမ္းဖို႔က ခက္ခဲေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕တခ်ိဳ႕ အပါအဝင္ အသင္းရဲ႕ ညာေနာက္ခံလူ ဟက္တာဘယ္လာရင္နဲ႕ တိုက္စစ္ကစားသမား အလက္ဇန္းဒါးလာကာဇက္တို႔ႏွစ္ေယာက္ကို အလိုက္ေပး ကမ္းလွမ္းသြားဖို႔ပါ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

အာဆင္နယ္အသင္းဟာ အခု ေႏြေစ်းကြက္အတြင္းမွာ အသင္းရဲ႕ အဓိက ပစ္မွတ္ျဖစ္တဲ့ အဂၤလန္ ေနာက္ခံကစားသမား ဘင္ဝွိုက္ကို ေပါင္သန္း(၅၀)နဲ႕ ေခၚယူထားခဲ့သလို ကြင္းလယ္လူ လိုကြန္ဂါနဲ႕ ဘယ္ေနာက္ခံလူ တာဗာရက္စ္တို႔ကိုလည္း ေခၚယူအားျဖည့္ထားခဲ့ပါတယ္။

ဒါေပမယ့္ လက္ရွိမွာ အာဆင္နယ္ဘက္က ကြင္းလယ္ပိုင္းနဲ႕ တိုက္စစ္ပိုင္းကို ထပ္မံအားျဖည့္ခ်င္ေနၿပီး တိုက္စစ္ပိုင္းအတြက္ကိုေတာ့ အင္တာမီလန္အသင္းရဲ႕ အာဂ်င္တီးနား တိုက္စစ္ကစားသမား မာတီနက္ဇ္ကို ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။

ဒီကစားသမားကို ရရွိဖို႔အတြက္ အာဆင္နယ္ဘက္က ကနဦးပိုင္းမွာ ဘယ္လာရင္အပါအဝင္ ယူရိုသန္း(၅၀)နဲ႕ ကမ္းလွမ္းမယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ အာဆင္နယ္ဟာ ေျပာင္းေ႐ႊ႕ေၾကးကို အနည္းငယ္ ေလွ်ာ့ခ်ၿပီး ဘယ္လာရင္နဲ႕ လာကာဇက္တို႔နဲ႕ အလိုက္ေပး ကမ္းလွမ္းလာနိုင္တယ္လို႔ သတင္းထြက္လာပါတယ္။

မာတီနက္ဇ္ကို အာဆင္နယ္အသင္းက အလိုရွိေနသလို အသက္လက္တီကိုမက္ဒရစ္အသင္းကပါ စိတ္ဝင္စားလ်က္ ရွိေနသလို အင္တာဘက္ကလည္း လူကာကူကို ခ်ယ္လ္ဆီးအသင္းဆီ လက္လြတ္ရဖို႔ နီးစပ္ေနတာေၾကာင့္

ေနာက္ထပ္ တိုက္စစ္ကစားသမားျဖစ္တဲ့ မာတီနက္ဇ္ကိုပါ ထပ္မံဆုံးရႈံးခ်င္မွာ မဟုတ္ပဲ အသင္းမွာသာ ဆက္လက္ထိန္းသိမ္းဖြယ္ ရွိေနတာေၾကာင့္ အာဆင္နယ္အေနနဲ႕ မာတီနက္ဇ္ကို ေခၚယူနိုင္ေရးက ပိုခက္ခဲသြားနိုင္ပါတယ္။

ဒါေပမယ့္ အာဆင္နယ္က မာတီနက္ဇ္ကို ေခၚယူဖို႔အတြက္ လက္ေလွ်ာ့ဦးမွာ မဟုတ္ပဲ အင္တာမီလန္ဘက္က လက္ခံလာနိုင္တဲ့အထိ ထပ္ၿပီးကမ္းလွမ္းဖြယ္ ရွိလာနိုင္ပါတယ္။ လက္ရွိမွာေတာ့ အာဆင္နယ္ဟာ မာတီနက္ဇ္အျပင္

လက္စတာအသင္းရဲ႕ ၾကယ္ပြင့္ကစားသမားျဖစ္တဲ့ ကြင္းလယ္တိုက္စစ္ကစားသမား ဂ်ိမ္းစ္မက္ဒီဆန္ကိုပါ ကစားသမား အလိုက္ေပးမႈေတြနဲ႕အတူ ကမ္းလွမ္းဖြယ္ ရွိေနၿပီး ကစားသမားကိုယ္တိုင္ကပါ အာဆင္နယ္အသင္းဆီ ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ သိရပါတယ္။