Spots news

အသင်းကိုရောက်လာမယ့် တိုက်စစ်မှူး လူကာကူအတွက် ချဲလ်ဆီးစီစဉ်ထားတဲ့ ကျောနံပါတ်

Unicode Version

ချဲလ်ဆီးအသင်းဟာ အင်တာမီလန်ကနေ ထွက်ခွာပြီး စတန်းဖို့ဒ်ဘရစ်ချ်ကို ပြန်လာချင်ကြောင်း အသိပေးခဲ့တဲ့ လူကာကူအတွက် အကောင်းဆုံး ကျောနံပါတ် ပေးလာနိုင်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဟာလန်းကို မရတဲ့ အခြေအနေမှာ လူကာကူဘက်ကို လျင်မြန်စွာ လှုပ်ရှားလာခဲ့တာပါ။

လူကာကူဟာ ချဲလ်ဆီးမှာ ၂၀၁၁နဲ့ ၂၀၁၄ခုနှစ်ကြား ၃နှစ်ကြာ ကစားခဲ့ပေမဲ့ ၂နှစ်ကို အငှား ကစားသမားအနေနဲ့သာ ဖြတ်သန်းခဲ့ရပါတယ်။ The Athleticရဲ့ ဖော်ပြချက်အရ ၂၈နှစ်သားဟာ ချဲလ်ဆီးကို ပြန်ပြောင်းချင်ကြောင်း အင်တာကို အသိပေးခဲ့တယ်လို့ သိရပါတယ်။

လူကာကူဟာ ချဲလ်ဆီးမှာ ကစားခဲ့စဉ်က ကျောနံပါတ် ၁၈ကို ဝတ်ဆင်ခဲ့ပေမဲ့ ယခုပြန်လာချိန်မှာတော့ နံပါတ်၉ကို ဝတ်ဆင်ခွင့် ရနိုင်ပါတယ်။ ဘယ်လ်ဂျီယံသားဟာ ယူနိုက်တက်၊ အင်တာနဲ့ နိုင်ငံအသင်းတွေမှာ ကျောနံပါတ် ၉ကိုသာ ဝတ်ဆင်ခဲ့တာပါ။

လက်ရှိ ချဲလ်ဆီးမှာ ကျောနံပါတ် ၉ ရထားတာက အေဘရာဟမ် ဖြစ်ပေမဲ့ အင်္ဂလန်သားဟာ အသင်းက ထွက်ခွာဖို့အတွက် နီးစပ်နေပါတယ်။ အာဆင်နယ်နဲ့ အတ္တလန္တာအသင်းတွေဟာ တူချယ်လက်အောက် နေရာမရတဲ့ အေဘရာဟမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Fabrizio Romanoရဲ့ အဆိုအရ ချဲလ်ဆီးသာ လူကာကူကို ခေါ်ယူခဲ့မယ်ဆိုရင် အင်တာက အတ္တလန္တာ တိုက်စစ်မှူး ဇာပါတာကို ခေါ်ယူသွားဖို့ ရှိနေပါတယ်။ အတ္တလန္တာအနေနဲ့ လစ်လပ်သွားတဲ့ တိုက်စစ်မှူးနေရာအတွက် ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ကို ခေါ်ယူသွားဖို့ ရှိနေပါတယ်။

Zawgyi Version

ခ်ဲလ္ဆီးအသင္းဟာ အင္တာမီလန္ကေန ထြက္ခြာၿပီး စတန္းဖို႔ဒ္ဘရစ္ခ်္ကို ျပန္လာခ်င္ေၾကာင္း အသိေပးခဲ့တဲ့ လူကာကူအတြက္ အေကာင္းဆုံး ေက်ာနံပါတ္ ေပးလာနိုင္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ဟာလန္းကို မရတဲ့ အေျခအေနမွာ လူကာကူဘက္ကို လ်င္ျမန္စြာ လႈပ္ရွားလာခဲ့တာပါ။

လူကာကူဟာ ခ်ဲလ္ဆီးမွာ ၂၀၁၁နဲ႕ ၂၀၁၄ခုႏွစ္ၾကား ၃ႏွစ္ၾကာ ကစားခဲ့ေပမဲ့ ၂ႏွစ္ကို အငွား ကစားသမားအေနနဲ႕သာ ျဖတ္သန္းခဲ့ရပါတယ္။ The Athleticရဲ႕ ေဖာ္ျပခ်က္အရ ၂၈ႏွစ္သားဟာ ခ်ဲလ္ဆီးကို ျပန္ေျပာင္းခ်င္ေၾကာင္း အင္တာကို အသိေပးခဲ့တယ္လို႔ သိရပါတယ္။

လူကာကူဟာ ခ်ဲလ္ဆီးမွာ ကစားခဲ့စဥ္က ေက်ာနံပါတ္ ၁၈ကို ဝတ္ဆင္ခဲ့ေပမဲ့ ယခုျပန္လာခ်ိန္မွာေတာ့ နံပါတ္၉ကို ဝတ္ဆင္ခြင့္ ရနိုင္ပါတယ္။ ဘယ္လ္ဂ်ီယံသားဟာ ယူနိုက္တက္၊ အင္တာနဲ႕ နိုင္ငံအသင္းေတြမွာ ေက်ာနံပါတ္ ၉ကိုသာ ဝတ္ဆင္ခဲ့တာပါ။

လက္ရွိ ခ်ဲလ္ဆီးမွာ ေက်ာနံပါတ္ ၉ ရထားတာက ေအဘရာဟမ္ ျဖစ္ေပမဲ့ အဂၤလန္သားဟာ အသင္းက ထြက္ခြာဖို႔အတြက္ နီးစပ္ေနပါတယ္။ အာဆင္နယ္နဲ႕ အတၱလႏၲာအသင္းေတြဟာ တူခ်ယ္လက္ေအာက္ ေနရာမရတဲ့ ေအဘရာဟမ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

Fabrizio Romanoရဲ႕ အဆိုအရ ခ်ဲလ္ဆီးသာ လူကာကူကို ေခၚယူခဲ့မယ္ဆိုရင္ အင္တာက အတၱလႏၲာ တိုက္စစ္မႉး ဇာပါတာကို ေခၚယူသြားဖို႔ ရွိေနပါတယ္။ အတၱလႏၲာအေနနဲ႕ လစ္လပ္သြားတဲ့ တိုက္စစ္မႉးေနရာအတြက္ ခ်ဲလ္ဆီးတိုက္စစ္မႉး ေအဘရာဟမ္ကို ေခၚယူသြားဖို႔ ရွိေနပါတယ္။