Spots news

ယူနိုက်တက်နည်းပြကြီး ဖာဂူဆန် ခေါ်လို့မရခဲ့တဲ့ သစ္စာအရှိဆုံး ကစားသမား

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က သူ့ရဲ့မန်နေဂျာဘဝ သက်တမ်းတစ်လျှောက်မှာ ကမ္ဘာ‌ ကျော် ကစားသမားတွေ အများကြီးကို အိုးထရက်ဖို့အရောက် ခေါ်ယူခဲ့ပါတယ်။

ကန်တိုနာ၊ ရွိုင်းကိန်း၊ ရွန်နေး၊ ဖာဒီနန်၊ ရော်နယ်ဒိုစတဲ့ ထိပ်သီး ကစားသမား အများကြီးကို ၁၉၈၆ က ၂၀၁၃ အတွင်း ယူနိုက်တက်နည်းပြ ဖြစ်ခဲ့စဉ်က မန်ယူနိုက်တက်အတွက် ခေါ်ယူပြခဲ့ပါတယ်။

သို့ပေမယ့် နည်းပြကြီး ဖာဂူဆန် ဘယ်လိုမှ စည်းရုံးလို့မရတဲ့ ကစားသမား တစ်ယောက်လည်း သမိုင်းမှာ ရှိခဲ့ပါတယ်။ သူကတော့ အီတလီစူပါစတား ရိုးမား တိုက်စစ်မှူး တော့တီပါပဲ။

ရိုးမား ဂန္ဓဝင်ကစားသမား တော့တီကို ခေါ်ယူဖို့ ကြိုးစားလိုက်တော့ တိုက်စစ်မှူးရဲ့ ရိုးမားကလပ်နဲ့ ရောမမြို့ကို ချစ်ခင်တဲ့သံယောဇဉ်တွေပဲ ကြားခဲ့ရပြီး နည်းပြ ဖာဂူဆန်ကို ယတိပြတ် ငြင်းပယ်ခဲ့ပါတယ်။

“တော့တီက သူ့ရဲ့ကလပ်အသင်းနဲ့ ရောမမြို့ကို အရမ်းသံယောဇဉ် ကြီးပါတယ်။ သူ့ရဲ့ ကစားသမားဘဝ သက်တမ်းတစ်လျှောက် ရိုးမားအသင်းရဲ့ ဂျာစီတစ်ထည်သာ ဝတ်ဆင်ခဲ့ပါတယ်”လို့ ဆရာကြီး ဖာဂူဆန်က အီတလီမီဒီယာတစ်ခုနဲ့ တွေ့ဆုံခန်းမှာ ဖြေကြားခဲ့ပါတယ်။

တော့တီဟာ သူ့ရဲ့ကစားသမားဘဝ သက်တမ်းတစ်လျှောက်လုံး ရိုးမားမှာပဲ ကစားခဲ့ပြီး အသက် ၃၉ နှစ်အရွယ် ၂၀၁၇ မှာ ဘောလုံးကစားခြင်းက အနားယူခဲ့ပါတယ်။ စီးရီးအေကလပ်အတွက် လိဂ်ပွဲ ၆၁၉ ပွဲကစားပြီး ဂိုး ၂၅၀ သွင်းယူခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဂႏၳဝင္မန္ေနဂ်ာ ဆာအဲလက္စ္ ဖာဂူဆန္က သူ႕ရဲ႕မန္ေနဂ်ာဘဝ သက္တမ္းတစ္ေလွ်ာက္မွာ ကမာၻ‌ ေက်ာ္ ကစားသမားေတြ အမ်ားႀကီးကို အိုးထရက္ဖို႔အေရာက္ ေခၚယူခဲ့ပါတယ္။

ကန္တိုနာ၊ ႐ြိုင္းကိန္း၊ ႐ြန္ေနး၊ ဖာဒီနန္၊ ေရာ္နယ္ဒိုစတဲ့ ထိပ္သီး ကစားသမား အမ်ားႀကီးကို ၁၉၈၆ က ၂၀၁၃ အတြင္း ယူနိုက္တက္နည္းျပ ျဖစ္ခဲ့စဥ္က မန္ယူနိုက္တက္အတြက္ ေခၚယူျပခဲ့ပါတယ္။

သို႔ေပမယ့္ နည္းျပႀကီး ဖာဂူဆန္ ဘယ္လိုမွ စည္း႐ုံးလို႔မရတဲ့ ကစားသမား တစ္ေယာက္လည္း သမိုင္းမွာ ရွိခဲ့ပါတယ္။ သူကေတာ့ အီတလီစူပါစတား ရိုးမား တိုက္စစ္မႉး ေတာ့တီပါပဲ။

ရိုးမား ဂႏၶဝင္ကစားသမား ေတာ့တီကို ေခၚယူဖို႔ ႀကိဳးစားလိုက္ေတာ့ တိုက္စစ္မႉးရဲ႕ ရိုးမားကလပ္နဲ႕ ေရာမၿမိဳ႕ကို ခ်စ္ခင္တဲ့သံေယာဇဥ္ေတြပဲ ၾကားခဲ့ရၿပီး နည္းျပ ဖာဂူဆန္ကို ယတိျပတ္ ျငင္းပယ္ခဲ့ပါတယ္။

“ေတာ့တီက သူ႕ရဲ႕ကလပ္အသင္းနဲ႕ ေရာမၿမိဳ႕ကို အရမ္းသံေယာဇဥ္ ႀကီးပါတယ္။ သူ႕ရဲ႕ ကစားသမားဘဝ သက္တမ္းတစ္ေလွ်ာက္ ရိုးမားအသင္းရဲ႕ ဂ်ာစီတစ္ထည္သာ ဝတ္ဆင္ခဲ့ပါတယ္”လို႔ ဆရာႀကီး ဖာဂူဆန္က အီတလီမီဒီယာတစ္ခုနဲ႕ ေတြ႕ဆုံခန္းမွာ ေျဖၾကားခဲ့ပါတယ္။

ေတာ့တီဟာ သူ႕ရဲ႕ကစားသမားဘဝ သက္တမ္းတစ္ေလွ်ာက္လုံး ရိုးမားမွာပဲ ကစားခဲ့ၿပီး အသက္ ၃၉ ႏွစ္အ႐ြယ္ ၂၀၁၇ မွာ ေဘာလုံးကစားျခင္းက အနားယူခဲ့ပါတယ္။ စီးရီးေအကလပ္အတြက္ လိဂ္ပြဲ ၆၁၉ ပြဲကစားၿပီး ဂိုး ၂၅၀ သြင္းယူခဲ့ပါတယ္။