Spots news

မြွေဖမ်းတဲ့အေးဂျင့် ရွိုင်အိုလာကို မသုံးပဲ ဟာလန်းကို ဆိုလ်းရှားကိုယ်တိုင် ခေါ်မည်

Unicode Version

နော်ဝေ အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ လက်ရှိ အချိန်မှာ ကမ္ဘာ့ အကောင်းဆုံး လူငယ် တိုက်စစ်မှူး တစ်ဦး အဖြစ် သတ်မှတ် ခံထား ရသူ ဖြစ်ပြီး သူဟာ အသက် ၂၀ အရွယ်သာ ရှိသေး ပေမယ့် ဒေါ့မွန်အသင်းရဲ့ အဓိက ကစား သမား အဖြစ် သတ်မှတ်ခံ ထားရသူပါ။ ဟာလန်း ဟာ လက်ရှိ ဘောလုံး ရာသီ ပြိုင်ပွဲ စုံမှာ ၁၄ ပွဲ ပါဝင် ကစား ထားပြီး သွင်းဂိုး ၁၇ ဂိုး သွင်းယူ ထားကာ ဂိုး ဖန်တီးမှု ၃ကြိမ် အထိ ပြုလုပ် ထားနိုင်တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုလ်းရှာနဲ့ ဟာလန်း တို့ဟာ နော်ဝေ ကလပ် မိုဒီတွင် လက်တွဲခဲ့ဘူးပြီး ဒေါ့မွန်နဲ့ ဟာလန်း အပြောင်းအရွေ့ မဖြစ်ပေါ်ခင်ကတည်းက မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဟာလန်းရဲ့ အေးဂျင့်ဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာရဲ့ အေးဂျင့် ရွိုင်အိုလာ ဖြစ်ပြီး ဟာလန်း ကို ယူနိုက်တက် ခေါ်ယူစဉ်က စာချုပ်ပါ အချက်အလက် တချို့ နဲ့  ရွိင်အိုလာကို ပေးချေရမည့် ငွေကြေးဆိုင်ရာ ကိစ္စများ အဆင်မပြေသဖြင့် အပြောင်းအရွေ့ မဖြစ်ခဲ့ရခြင်း ဖြစ်ပါတယ်။

ပေါ့ဘာ နှင့်ပတ်သက်၍ ရွိုင်အိုလာနဲ့ ယူနိုက်တက်တို့ ဆက်ဆံရေး ပြေပြစ်မှု မရှိပေမယ့် ဟာလန်းကို ထပ်မံ ခေါ်ယူရန် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ယခုအခါမှာ ရိုင်အိုလာနှင့် ပတ်သက်၍ ကစားသမားအပြောင်းအရွှေ့ကို အထိခိုက်ခံတော့မည် မဟုတ်ဘဲ ဆိုးရှာ နဲ့ ဟာလန်းရဲ့ ဆက်ဆံရေးကို အသုံးချပြီး ဟာလန်းကို ခေါ်ယူဖို့ ကြိူးပမ်းတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယခု အပြောင်းအရွေ့မှာ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေတဲ့ ဆန်ချိုအစား ဟာလန်းကို ကြိုးပမ်းလာတာ ဖြစ်ပြီး နွေရာသီမှာ အကြုံးဝင်မည့် ဟာလန်း နဲ့ ဒေါ့မွန် တို့ရဲ့ ပေါင်သန်း ၇၀ တန်ကြေးရှိ စာချုပ် ဖျက်သိမ်းနိုင်သည့်  အချက်အလက်ကြောင့် ဒေါ့မွန်အသင်းမှ ဟာလန်းကို ခေါ်ယူရေးတွင် လွယ်ကူနိုင်ကြောင်း မန်ချက်စတာ ယူနိုက်တက်က မျှော်လင့်လျက် ရှိနေပါတယ်။

Zawgyi Version

ေနာ္ေဝ အသင္းရဲ႕ လူငယ္ တိုက္စစ္မႉး ဟာလန္းဟာ လက္ရွိ အခ်ိန္မွာ ကမာၻ႔ အေကာင္းဆုံး လူငယ္ တိုက္စစ္မႉး တစ္ဦး အျဖစ္ သတ္မွတ္ ခံထား ရသူ ျဖစ္ၿပီး သူဟာ အသက္ ၂၀ အ႐ြယ္သာ ရွိေသး ေပမယ့္ ေဒါ့မြန္အသင္းရဲ႕ အဓိက ကစား သမား အျဖစ္ သတ္မွတ္ခံ ထားရသူပါ။ ဟာလန္း ဟာ လက္ရွိ ေဘာလုံး ရာသီ ၿပိဳင္ပြဲ စုံမွာ ၁၄ ပြဲ ပါဝင္ ကစား ထားၿပီး သြင္းဂိုး ၁၇ ဂိုး သြင္းယူ ထားကာ ဂိုး ဖန္တီးမႈ ၃ႀကိမ္ အထိ ျပဳလုပ္ ထားနိုင္တဲ့ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုလ္းရွာနဲ႕ ဟာလန္းတို႔ဟာ ေနာ္ေဝ ကလပ္ မိုဒီတြင္ လက္တြဲခဲ့ဘူးၿပီး ေဒါ့မြန္နဲ႕ ဟာလန္း အေျပာင္းအေ႐ြ႕ မျဖစ္ေပၚခင္ကတည္းက မန္ခ်က္စတာယူနိုက္တက္က ေခၚယူဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဟာလန္းရဲ႕ ေအးဂ်င့္ဟာ လက္ရွိ မန္ခ်က္စတာ ယူနိုက္တက္ကြင္းလယ္လူ ေပါ့ဘာရဲ႕ ေအးဂ်င့္ ႐ြိုင္အိုလာျဖစ္ၿပီး ဟာလန္း ကိုယူနိုက္တက္ ေခၚယူစဥ္က စာခ်ဳပ္ပါအခ်က္အလက္ တခ်ိဳ႕နဲ႕ ႐ြိင္အိုလာကို ေပးေခ်ရမည့္ ေငြေၾကးဆိုင္ရာ ကိစၥမ်ား အဆင္မေျပသျဖင့္ အေျပာင္းအေ႐ြ႕ မျဖစ္ခဲ့ရျခင္း ျဖစ္ပါတယ္။

ေပါ့ဘာ ႏွင့္ပတ္သက္၍ ႐ြိုင္အိုလာနဲ႕ ယူနိုက္တက္တို႔ ဆက္ဆံေရး ေျပျပစ္မႈ မရွိေပမယ့္ ဟာလန္းကို ထပ္မံ ေခၚယူရန္ ႀကိဳးပမ္းလာတာ ျဖစ္ပါတယ္။ ယူနိုက္တက္ဟာ ယခုအခါမွာ ရိုင္အိုလာႏွင့္ ပတ္သက္၍ ကစားသမားအေျပာင္းအေ႐ႊ႕ကို အထိခိုက္ခံေတာ့မည္မဟုတ္ဘဲ ဆိုးရွာ နဲ႕ ဟာလန္းရဲ႕ ဆက္ဆံေရးကို အသုံးခ်ၿပီး ဟာလန္းကို ေခၚယူဖို႔ ႀကိဴးပမ္းေတာ့မွာ ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ ယခုအေျပာင္းအေ႐ြ႕မွာ ပုံမွန္ေျခစြမ္းေပ်ာက္ဆုံးေနတဲ့ ဆန္ခ်ိဳအစား ဟာလန္းကို ႀကိဳးပမ္းလာတာျဖစ္ၿပီး ေႏြရာသီမွာ အႀကဳံးဝင္မည့္ ဟာလန္း နဲ႕ ေဒါ့မြန္ တို႔ရဲ႕ ေပါင္သန္း ၇၀ တန္ေၾကးရွိ စာခ်ဳပ္ဖ်က္သိမ္းနိုင္သည့္ အခ်က္အလက္ေၾကာင့္ ေဒါ့မြန္အသင္းမွ ဟာလန္းကို ေခၚယူေရးတြင္ လြယ္ကူနိုင္ေၾကာင္း မန္ခ်က္စတာ ယူနိုက္တက္က ေမွ်ာ္လင့္လ်က္ ရွိေနပါတယ္။