Spots news

မက်ဆီ ပီအက်စ်ဂျီ ပြောင်းလာရင် ကျောနံပါတ် ၁၀ ကို ပေးဝတ်မယ့် သူငယ်ချင်း နေမာ

Unicode Version

လက်ရှိ ပီအက်စ်ဂျီအသင်းရဲ့ ကျောနံပါတ် ၁၀ကို ဝတ်ဆင်ထားတဲ့ ဘရာဇီးလ် တိုက်စစ်မှူး နေမာဟာ သူ့ရဲ့ အသင်းဖော်ဟောင်း မက်ဆီသာ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့လာပါက သူ့ရဲ့ ကျောနံပါတ် ၁၀ကို မက်ဆီထံ လိုလိုလားလား ပေးဝတ်စေမှာ ဖြစ်ပြီး သူက ကျောနံပါတ် ၁၁ ကိုဝတ်ဆင်မှာဖြစ်ကြောင်း သိရပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနားအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အသင်းခေါင်းဆောင် မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်ခဲ့ပြီးမှ အမှတ်မထင် စာချုပ်သစ် ဆွေးနွေးမှု

ပျက်ပြယ်ခဲ့တာကြောင့် အသင်းကနေ ထွက်ခွာခဲ့ရသူပါ။ ယနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မက်ဆီဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေကြောင်း သိရပါတယ်။

နေမာနဲ့ နီးစပ်တဲ့သူတွေကလည်း မက်ဆီဟာ နိုင်ငံလက်ရွေးစင် အသင်းဖော်တွေ ဖြစ်တဲ့ အိုင်ကာဒီ ၊ ဒီမာရီယာတို့ ရှိနေသလို စပိန်စကား ပြောနိုင်သူတွေ များတဲ့ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ကြောင်းနဲ့

လက်ရှိမှာ မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့စ်မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းရဲ့ တာဝန်ရှိသူတွေဟာ တရားဝင် ဆွေးနွေးမှုတွေ စတင်နေကြောင်း အတည်ပြုထားတာကြောင့်

မက်ဆီဟာ လာမယ့်ရက်ပိုင်း အတွင်း ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားသစ် ဖြစ်လာဖွယ် ရှိနေပါတယ်။နေမာ၊ မက်ဆီ အတွဲ ကိုပြန်မြင်ရရင် ပရိသတ်တွေ ကျေနပ်ကြအုံးမှာပါ။

Zawgyi Version

လက္ရွိ ပီအက္စ္ဂ်ီအသင္းရဲ႕ ေက်ာနံပါတ္ ၁၀ကို ဝတ္ဆင္ထားတဲ့ ဘရာဇီးလ္ တိုက္စစ္မႉး ေနမာဟာ သူ႕ရဲ႕ အသင္းေဖာ္ေဟာင္း မက္ဆီသာ ပီအက္စ္ဂ်ီအသင္းဆီ ေျပာင္းေ႐ႊ႕လာပါက သူ႕ရဲ႕ ေက်ာနံပါတ္ ၁၀ကို မက္ဆီထံ လိုလိုလားလား ေပးဝတ္ေစမွာ ျဖစ္ၿပီး သူက ေက်ာနံပါတ္ ၁၁ ကိုဝတ္ဆင္မွာျဖစ္ေၾကာင္း သိရပါတယ္။

အသက္ ၃၄ႏွစ္ အ႐ြယ္ အာဂ်င္တီးနားအသင္းနဲ႕ ဘာစီလိုနာအသင္းတို႔ရဲ႕ အသင္းေခါင္းေဆာင္ မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႕ ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ နီးစပ္ခဲ့ၿပီးမွ အမွတ္မထင္ စာခ်ဳပ္သစ္ ေဆြးေႏြးမႈ

ပ်က္ျပယ္ခဲ့တာေၾကာင့္ အသင္းကေန ထြက္ခြာခဲ့ရသူပါ။ ယေန႕မနက္ပိုင္းမွာ ထြက္ေပၚလာတဲ့ သတင္းေတြအရ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ ေသခ်ာသေလာက္ ရွိေနေၾကာင္း သိရပါတယ္။

ေနမာနဲ႕ နီးစပ္တဲ့သူေတြကလည္း မက္ဆီဟာ နိုင္ငံလက္ေ႐ြးစင္ အသင္းေဖာ္ေတြ ျဖစ္တဲ့ အိုင္ကာဒီ ၊ ဒီမာရီယာတို႔ ရွိေနသလို စပိန္စကား ေျပာနိုင္သူေတြ မ်ားတဲ့ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့ေၾကာင္းနဲ႕

လက္ရွိမွာ မက္ဆီရဲ႕ ဖခင္ျဖစ္သူ ေဂ်ာ့စ္မက္ဆီနဲ႕ ပီအက္စ္ဂ်ီအသင္းရဲ႕ တာဝန္ရွိသူေတြဟာ တရားဝင္ ေဆြးေႏြးမႈေတြ စတင္ေနေၾကာင္း အတည္ျပဳထားတာေၾကာင့္

မက္ဆီဟာ လာမယ့္ရက္ပိုင္း အတြင္း ပီအက္စ္ဂ်ီအသင္းရဲ႕ ကစားသမားသစ္ ျဖစ္လာဖြယ္ ရွိေနပါတယ္။ေနမာ၊ မက္ဆီ အတြဲ ကိုျပန္ျမင္ရရင္ ပရိသတ္ေတြ ေက်နပ္ၾကအုံးမွာပါ။